Emphasis...

476 68 11
                                    

နှလုံးသားက သံစဥ်တွေကို နှုတ်ခမ်းဖျားက ဖွဲ့သီပါ့မယ်။
ဒါဆိုရင်တော့ ချစ်တဲ့အကြောင်းတွေ တဖွဖွပြောနေမိတော့မှာပဲ။

🅚︎🅘︎🅜︎'🅢︎

"မင်္ဂလာပါ.....အာ.....အဖေ....."

အဖေဆိုတဲ့ အသံနှုန်းကြောင့် Joonလက်တွေကိုကိုင်ထားရင်းမှ မော့ကြည့်၍ ပြုံးလိုက်သည်။

"မင်္ဂလာပါ ဖေဖေ....ဒါက ကျွန်တော် ဖေဖေနဲ့မိတ်ဆက်ပေးချင်တဲ့သူပါ....Joon....Kim Namjoon....ကျွန်တော်အရမ်းချစ်ရတဲ့သူ...."

ဘယ်သူ့ကိုမှ အရေးတယူလုပ်ပြီး မပြောခဲ့ဖူးတဲ့ သူတို့နှစ်ယောက် ပက်သက်မှုတွေ။ အထူးသဖြင့် Joonက သူ့ချစ်သူပါ လို့ ဘယ်သူ့ကိုမှ မသိစေခဲ့ပဲ သူရှုပ်ခဲ့တဲ့ဇာတ်လမ်းတွေ။ အခုအချိန်မှာတော့ Joonက သူ့အပိုင် ဆိုတာ တစ်လောကလုံး သိခွင့်ရနိုင်ပါပြီ။ သူအရမ်းချစ်ရတဲ့ ဖေဖေကိုယ်တိုင်။

"ဖေဖေ သဘောတူမယ်ဆိုတာ သိပါတယ်...Joonနဲ့ ကျွန်တော်နဲ့ကို...."

"ကျွန်တော်က Kimကို ဘယ်တော့မှ ထားမသွားမဲ့သူပါ အဖေ.....အဲ့တာကြောင့် စိတ်မပူပါနဲ့....ကျွန်တော် ချစ်ရတဲ့တစ်ယောက်တည်းသောသူက Kimပါ...."

ကြည်နူးစရာစကားသံတွေက အုတ်ဂူအဖြူလေးရှေ့က လူသားနှစ်ယောက်ကို ရစ်နှောင်ဖွဲ့သည်။ တင်းကျပ်စွာ ဆုပ်ကိုင်ထားကြသော လက်တွေသည် နှလုံးသားက လာတဲ့ စကားလုံးတွေကို ဖွဲ့သီတဲ့ကဗျာတွေ။

ဘုရားကျောင်းအဆောက်အဦးလေးကို မြင်နေရတဲ့ ခပ်လှမ်းလှမ်းနေရာက သစ်ပင်အောက်မှာထိုင်ကာ Joonပုခုံးပေါ် ခေါင်းမှီထားလိုက်သည်။ ခပ်အေးအေးရာသီဥတုကြောင့် လက်ဖဝါးပြင်နှစ်ဖက်ရဲ့ လိုအပ်တဲ့အနွေးဓာတ်ပေးနေတာက အုပ်ကိုင်ထားသော Joonလက်ဖဝါးတွေ။ လည်ပင်းစီမှာ နေရာယူထားတဲ့ မာဖလာလေးစီက lemonနံ့သင်းသင်းကို ရှူရှိုက်လိုက်သည်။

"အဲ့ မာဖလာလေးက မားထိုးသွားလတ်စလေး....အပြီးထိ ငါဆက်ထိုးလိုက်တာ....."

"ချစ်စရာလေး....."

"မင်းအတွက်....မင်းအတွက်ပါ...."

"Joonက မာဖလာထိုးတတ်မယ်လို့ မထင်ထားဘူး....."

"Haha....ရှက်ဖို့ကောင်းလိုက်တာ....ဒါကမိန်းကလေးတွေအလုပ်ဆိုတော့...."

K I M's✔︎Where stories live. Discover now