Don't dare to believe

508 79 16
                                    

ဟန်မဆောင်ချင်ပါ။ သို့သော် မယုံကြည်ရဲ။

🅚︎🅘︎🅜︎'🅢︎

အရောင်နုနုကော်ဇောပေါ်ကို သွေးပျစ်ပျစ်တွေက ပုံဖျက်လျက်။ နှာခေါင်းထဲက ဒလဟောစီးကျလာတဲ့ လက်တွေကို လက်နဲ့ပွတ်ပစ်ကာ ဒေါသထွက်နေတဲ့ Kimလင်မယားကို ပြုံး၍သာကြည့်လိုက်သည်။ ချစ်မိလေတာက အပြစ်တစ်ခုဖြစ်သွားတဲ့အခါ မစွန့်လွှတ်နိုင်အောင် ငြိတွယ်မှုနဲ့ အပြစ်တွေ ပေးဆပ်ဖို့အဆင်သင့်။

"Joon!!!!"

ထွက်ပေါ်လာတဲ့ အသံနက်ကြောင့် ဘေးဘက်ကိုလှည့်ကြည့်လိုက်တော့ အသည်းနာအောင်ချစ်ရသူက တစ်တောက်တောက်စီးကျနေတဲ့ လက်ကသွေးစက်တွေနဲ့ သူ့စီကို အပြေးလာနေလေသည်။ သူ့ပေါက်ကွဲမှုကြောင့် ဆေးသွင်းလိုက်ရတဲ့အထိ သတိလစ်ပြီး အားနည်းသွားသူက ဆေးပိုက်တွေကို ဂရုမစိုက်ဘဲ ပြဿနာစီ အပြေးရောက်လာပြန်ပြီ။ ဘာကြောင့်လဲ။ သူ့ကိုကာကွယ်ဖို့။ သူ့ကိုကာကွယ်ဖို့။

ဆွဲဖက်လိုက်သော ခန္ဓာကိုယ်ကို မရုန်းမိသလို ​နှာခေါင်းကသွေးတွေကို ဂရုတစိုက်သုတ်ပေးနေသူစီကို ဘာမမပြောမိ။ ဒေါသထွက်နေသော မျက်လုံးတွေစီမှ မျက်ရည်စတွေကျလျက် သူ့ကိုစိုက်ကြည့်နေသော Mrs.Kim Eunbyolရဲ့ အကြည့်တွေကိုပင် ရှောင်လွဲပစ်လိုက်သည်။ အရာအားလုံးဟာ မနေ့တနေ့ကနဲ့ မတူအောင် ပြောင်းလဲသွားရ၏။ အဆင်ပြေနေသော ဆက်ဆံရေးတွေသည် နာရီပိုင်းအတွင်း ရန်သူတွေအလား ဆိုးဝါးနေကြသည်။

"Joonရယ်.....အရမ်းနာနေမှာ...."

ပါးပြင်ပေါ်က Mr.Kim Leemin ကြောင့်ရတဲ့ဒဏ်ရာကို ဖွဖွလေးထိတွေ့ကာ အသံတိုးတိုးနှင့် ရေရွတ်သူ၏ လက်တွင်လည်း သွေးတွေမနည်းမနောပင်။ ဒါကို သူမသိတော့ဘူးလား။ ဒဏ်ရာရသူက နှစ်ယောက်စလုံးပါ။ ဒါပေမဲ့ Kimကတော့ ကိုယ့်ကိုကိုယ်ထက် Joonကို ပိုဂရုစိုက်နေခဲ့တာ။

"Kim....မင်းလက်မှာလည်း သွေးတွေထွက်နေတယ်လေ...."

"ဟင်....."

ချစ်ရသူဟာ စိတ်နဲ့လူနဲ့တောင်မကပ်ခဲ့ပုံပေါ်ပါသည်။ သူ့စကားကြားမှ လက်ကသွေးတွေစီ အံ့သြစွာကြည့်ကာ ကယောင်ကတမ်း ပွတ်သုတ်နေပြန်၏။ Kimဟာ တကယ်အရူးတစ်ပိုင်းဖြစ်နေခဲ့ပြီ။

K I M's✔︎Where stories live. Discover now