Be HAPPY

482 61 24
                                    

ပျော်အောင်နေပါ။ ငါတို့လုပ်ခဲ့သမျှ ကိစ္စတိုင်းရဲ့ ရလဒ်တွေကို ငါတို့ကိုယ်တိုင် လျစ်လျူရှုထားမိခဲ့ကြတာပဲ။

🅚︎🅘︎🅜︎'🅢︎

အဆုံးမသတ်တဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်း သူ Joonကို မေးခဲ့ပါသည်။ အခြေအနေဆိုးတွေ အခက်အခဲတွေ အများကြီးကြုံခဲ့ပါလျက် သူ့လက်တစ်စုံကို လွှတ်မချခဲ့တဲ့ Joonအကြောင်းပြချက်တွေကို မြတ်နိုးစွာ မြတ်နိုးရင်း နားထောင်ခဲ့ရသည်။

"မလွယ်ကူမှန်းသိတဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို လုပ်ယူဖို့ ငါလက်မလျော့ခဲ့ဘူး Kim.... ခါးခါးသီးသီးဖြစ်နေမှန်း သိရက်ကိုတောင် ငါတဇွတ်ထိုးတွေလုပ်ခဲ့တယ်.....အဲ့တာက ငါမင်းကို ချစ်တဲ့ ချစ်ခြင်းမေတ္တာတွေပဲလေ....ဘယ်တော့မှ လျော့သွားတယ်ဆိုတာ မရှိခဲ့ဘူး အချစ်.... မပေးချင်မှန်းသိရဲ့သားနဲ့ အရယူခဲ့မိတဲ့ အနမ်းတွေအတွက်တော့ တောင်းပန်ပါတယ်.....ပြီးတော့ အချိန်တစ်ခုတုန်းက သံသယတွေအတွက်ရော...."

ဘုရားကျောင်းရဲ့ ခုံတန်းလေးမှာ ထိုင်၍ သူတို့ယေရှုကို ကြည့်လျက်သာ ထိုစကားတွေကို ပြောခဲ့ကြသည်။ ဆုပ်ကိုင်ထားတဲ့ လက်တွေကတော့ ဘယ်တော့မှ လွှတ်ချလိုက်မှာမဟုတ်တဲ့ ရစ်ပတ်မှုတွေရဲ့ သင်္ကေတ။ ခေါင်းလောင်းသံတွေကို နားထောင်ရင်း တွေးမိတဲ့ အတွေးတိုင်းက လှပသည်။

"မင်းသာ ငါ့ကိုမနမ်းခဲ့ရင် ငါတို့အခုလို ရှိနိုင်မယ်ထင်လား Joon???"

"အဲ့တုန်းက မင်းငါ့ကို အရမ်းမုန်းခဲ့တယ်မဟုတ်လား???"

"ဘယ်တုန်းကမှ ငါမင်းကို မမုန်းဖြစ်ခဲ့ဘူး Joon....မင်းအနမ်းတွေကြောင့်ပဲ ငါမင်းကိုချစ်တယ်ဆိုတာ သိခဲ့ရတယ်...ပြီးတော့ ငါ့အတ္တ​တွေကြောင့် ထုတ်မပြဘဲ ဟန်ဆောင်နေခဲ့တယ်....အဲ့လိုဟန်ဆောင်နေရင်းကနေဘဲ ငါမင်းကို ချစ်တယ်လို့ ဝန်ခံခဲ့တယ်လေ......"

နောင်တမရှိဘူးလို့ ပြောခဲ့ပြီးသားပါပဲ။ တိုးဝင်မိတဲ့ သံယောစဥ်တွေ၊ ရစ်ပတ်မိတဲ့ နှောင်ကြိုးတွေ၊ အတိုင်းအဆမဲ့ ချစ်ခြင်းမေတ္တာတွေ။ အတ္တတွေကို အစားထိုးတဲ့ ဒီအပိုင်းအစငယ်တိုင်းက သူ့ကိုအေးချမ်းစေခဲ့ပြီ။ အထူးသဖြင့် Joon။

K I M's✔︎Where stories live. Discover now