Chapter 19.2 (Unicode)

51 5 4
                                    

"ကျွန်မ မောင်းပေးရမလား"

"ကောင်းပြီလေ"

ကယ်ရောက ပင်ပန်းနွမ်းလျစွာဖြင့် အလျှော့ပေးလိုက်သလို ဖြေလျှော့လိုက်၏။ ကားကို ခပ်မြန်မြန်ပင် ချရပ်လိုက်သည်။

ကားထဲမှာပင် တရက်ဇ်နှင့် ကယ်ရော နေရာချင်း လဲလိုက်သည်။

"အခု မနက်စာစားဖို့ ဒီမှာပဲ ရပ်လိုက်ကြရင်ရော"

"တို့ မစားနိုင်သေးဘူး"

"တစ်ခုခုသောက်ဖို့ရော"

"အိုမားဟားရောက်တော့မှပဲ"

တရက်ဇ်က ကားကို ၆၅မိုင်နှုန်းထိ အရှိန်တင် မောင်းလာကာ ၇၀မိုင်နှုန်းမကျော်အောင်တော့ ထိန်းမောင်းခဲ့သည်။ အမှတ် ၃၀ အဝေးပြေးလမ်းမပေါ်မှာ ဖြစ်၏။ ထို့နောက် အိုမားဟားသို့ ၂၇၅မိုင်အလိုတွင် ရောက်လာခဲ့သည်။ ကားလမ်းက အလွန်ချောမွေ့နေတာမျိုးတော့ မဟုတ်ပေ။

"နယူးယောက်ကို အသံဖမ်းမှတ်တမ်းတွေ ရောက်နေပြီဆိုတာကို ရှင် မယုံဘူးမလား"

"ပြောမနေပါနဲ့တော့။ ဒါကြီးကို အရမ်းစိတ်ပျက်နေပြီ"

တရက်ဇ်လည်း စတီယာရင်ကို အတင်းဆုပ်ကိုင်လိုက်ပြီးမှ ပြန်ဖြေလျှော့လိုက်သည်။ သူတို့ရှေ့ဆက်သွားနေသော အစွန်းတစ်ဖက်ကို ဖော်ပြနေသည့် အစတစ်ခု ဝမ်းနည်းမှုက သူတို့နှင့်တွဲ၍၊ သူတို့ရှေ့မှာနေ၍ပင် လွှမ်းမိုးနေတာကို သူ ခံစားနေရသည်။ ကြေးစား၏ မျက်နှာကို သူ ပြန်မြင်နေမိသည်။ သူ့ပုံစံက မလိုမုန်းထားစိတ်ရှိနေမှန်း သူ သဘောပေါက်လိုက်သည်။ ကြေးစားက ဘယ်သူ့ဘက်ကမှ မဟုတ်ဘူးဟု ပြောပေမယ့် ထိုလူ၏အပြုံးမှာ သူတို့ကို ဒုက္ခတွေ့စေချင်သည့် စိတ်ရှိမှန်း သူ သိမိသည်။ ​တကယ်တော့ ထိုလူဟာ သူတို့နှစ်ယောက် အတူနေနေမှန်း သိတာကြောင့် ခွဲချင်နေသည့် ဆန္ဒရှိမှန်း သူ သိသည်။ တစ်လောကလုံးက သူတို့၏ ရန်ဘက်ဖြစ်လာပြီး၊ သူနှင့် ကယ်ရောကြားမှာ ချစ်ခြင်းတရား၊ ပျော်ရွှင်စရာတွေ ရှိတော့မှာမဟုတ်မှန်း၊ သူတို့နှစ်ယောက်လုံးကို လက်ခုပ်ထဲတွင် ဖမ်းမိသွားနိုင်သည့် မကောင်းဆိုးဝါးတစ်ကောင်သာ ရှိနေမှန်း သူ ယခင်က တွေးဖူးသည့် အရာတွေကို အခုလေးတင် သဘောပေါက်မိလာ၏။

Carol (မြန်မာပြန်)Where stories live. Discover now