အပိုင်း၃//အပိုင္း၃

811 131 25
                                    

Unicode & Zawgyi

Unicode

မြူခိုးဝေနေသောဂျိုဆွန်း၏နံနက်ခင်း။အစိမ်းရောင်တောင်စဉ်တောင်တန်းများအားဖုံးအုပ်ထားသောအဖြူရောင်မြူခိုးမြူငွေ့များ။ထိုမြူခိုးများအောက်တွင်ငြိမ်သက်စွာဖြင့်လောကကြီးအလယ်ကြံ့ကြံ့ခိုင်နေသောကြာပန်းရိပ်မြုံ။

အညိုရောင်ဖြင့်တောက်ပနေသောအဆောင်တော်ကြီး၏ခန့်ညားမှုအားမြူခိုးဝေ၍ချမ်းအေးနေသောဆောင်းနံနက်ခင်းတွင်လည်းတွေ့နိုင်သည်။ထိုရိပ်မြုံကြီး၏အနောက်ဘက်မြက်ခင်းပြင်စိမ်းစိမ်းပေါ်တွင်တင်ကျန်နေသောမြူခိုးငွေ့များနှင့်အတူဖုံးအုပ်ခံထားရသောတောတန်းကြီး။

မြူခိုးငွေ့များဖြင့်ဖုံးအပ်ထားသောလေထုထဲသို့ဖောက်ထွက်သွားသောမြှားတစ်စင်း။သစ်မာသားဖြင့်ပြုလုပ်ထားပြီးသေသပ်လှပစွာသွန်းလောင်းထားသောမြားထိပ်ချွန်သည်လေထုကိုဖောက်ထွင်း၍ကွင်းပြင်အလယ်တွင်ထီးထီးကြီးတည်ရှိနေသောသစ်ပြားဝိုင်းအလယ်တိတိသို့စိုက်ဝင်သွားလေသည်။

ထိုမြှားတံ၏ပိုင်ရှင်သည်ကားပြုံး၍ကြည့်နေလေသည်။အေးချမ်းသာယာလှသောသဘာဝပတ်ဝန်းကျင်ကြောင့်ပေလား၊သို့မဟုတ်ဘယ်သောအခါမှကျဆင်းသွားခြင်းမရှိတဲ့သူ့ရဲ့မြှားပစ်စွမ်းရည်ကြောင့်ပေလား။သို့မဟုတ်နှစ်ခုစလုံးကြောင့်ပေလား။

ကျောတွင်စလွယ်သိုင်းထားသောပလိုင်းထဲမှမြှားတံနောက်တစ်ချောင်းကိုဆွဲထုတ်လိုက်ပြီးလေးပေါ်တင်လိုက်သည်။သာယာသောဗျပ်စောင်းသံများကိုထုတ်လုပ်ပေးနိုင်သည့်ဖြူသွယ်သွယ်လက်ချောင်းတွေဖြင့်လေးကြိုးကိုညှိလိုက်သည်။လိုအပ်သောအလျော့အတင်းကိုရသည်နှင့်တစ်ပြိုင်နက်လက်ချောင်းများကိုလွှတ်ချလိုက်တော့မြှားတံလေးသည်ဇောင်းထဲမှလွှတ်လိုက်သောပြိုင်မြင်းတစ်ကောင်ကဲ့သို့တစ်ရှိန်းထိုးထွက်သွားသည်။

ချိန်လိုက်တိုင်းမလွဲတတ်သောအာရုံခံစားမှုနဲ့အာရုံစူးစိုက်မှုတို့ကြောင့်ဒုတိယတစ်ချောင်းမှာလည်းပထမတစ်ချောင်း၏ဘေးတွင်ယှဉ်လျက်သားစိုက်ဝင်သွားလေသည်။

ကြာပန်းရိပ်မြုံ(ကြာပန်းရိပ်မြုံ) [Completed]Where stories live. Discover now