အပိုင်း၈//အပိုင္း၈

638 111 37
                                    

Unicode & Zawgyi

Unicode

တစ်လတင်းတင်းပြည့်ခဲ့ပါပြီ။နန်းဆောင်ထဲကနေအပြင်မထွက်ရသည်မှာတစ်လ။ကြာပန်းရနံတွေမရှုရှိုက်ရသည်မှာတစ်လ။ကင်မ်လေးရဲ့မျက်နှာနုနုကိုမနမ်းရှိုက်ရသည်မှာတစ်လတင်းတင်းပြည့်လို့ရက်အနည်းငယ်တောင်ကျော်လွန်ခဲ့လေပြီ။

ဖွင့်ဖို့ခွန်အားမရှိတဲ့မျက်ခွံတွေကိုဖြည်းချင်းစွာပိတ်ချလိုက်ပြီးလေပူတွေကိုမှုတ်ထုတ်လိုက်သည်။နဖူးပေါ်ကိုလက်တင်ကာကင်မ်လေးရဲ့မျက်နှာကိုတစ်ဆင့်ချင်းပုံဖော်ကြည့်လိုက်တော့မျက်ခွံအောက်မှဖြတ်သန်းစီးဆင်းသွားတဲ့မျက်ရည်စလေး။အနီရောင်အဆင်းရှိတဲ့ပိုးဝတ်ရုံအဖျားစနဲ့မျက်ရည်စကိုသုတ်ပစ်လိုက်သည်။ပျော့ညံ့မနေချင်ပါ။ကင်မ်လေးအတွက်ပဲဖြစ်ဖြစ်။

နူးညံ့လွန်းပါတယ်ဆိုတဲ့ပိုးမွေ့ရာပေါ်တွင်လှဲလျောင်းနေရသော်လည်းမပျော်ပိုက်တော့တဲ့ဘဝပါကင်မ်လေးရယ်။မင်းတစ်ပါးဟာတိုင်းပြည်ကိုပဲဉီးစားပေးသင့်တယ်ဆိုတဲ့ကိုယ့်ရဲ့ကြာဖြူငယ်။လောဘကင်းတဲ့အရပ်ဆီမှာတင့်တယ်စွာပွင့်လန်းနေလေသလား။သို့မဟုတ်တစ်ကြိမ်တစ်ခါကပတ်သတ်ဖူးတဲ့အိမ်ရှေ့စံဆိုတဲ့ကိုယ့်ကိုများလွမ်းဆွတ်နေလေမလား။ကင်မ်လေးရယ်။မင်းအကြောင်းကိုတွေးလိုက်တိုင်းအေးချမ်းရပေမယ့်အချစ်ဆိုတဲ့အရာအကြောင်းတွေးမိသွားတော့ပူလောင်ရတယ်ကြာဖြူငယ်ရယ်။

ကျောက်သားစားပွဲပေါ်တွင်တင်ထားတဲ့အစားအသောက်များကိုဖယ်ရှောင်ကာရေတကောင်းကိုသာလက်လှမ်းလိုက်သည်။ထို့နောက်မသေရုံသာသောက်လိုက်ပြီးပြန်ပိတ်ကာဆက်၍လှဲလျှောင်းနေမိပြန်သည်။အကျဉ်းချခံအိမ်ရှေ့စံတစ်ပါးရဲ့နှလုံးသားငယ်။လွမ်းလှတယ်ကွယ်

လှဲလျောင်းနေစဉ်ကာလအတွင်းကြားလိုက်ရတဲ့ရုတ်ရုတ်သဲသဲအသံတွေကြောင့်ဂျောင်ကုထကြည့်လိုက်မိသည်။အဆောင်တော်အရှေ့တွင်တစ်ယောက်ယောက်ရောက်နေကာအစောင့်တွေနဲ့ပြသနာတက်နေပုံရသည်။ဒါကြောင့်ကျောက်စားပွဲကိုအားယူကာထလိုက်ရင်းအဆောင်ရှေ့ကိုဖြေးညင်းစွာလျှောက်သွားလိုက်သည်။အစားမစားသဖြင့်အားမရှိသောခန္ဓာကိုယ်သည်သွက်လက်မှုကိုပျောက်ဆုံးစေသည်။

ကြာပန်းရိပ်မြုံ(ကြာပန်းရိပ်မြုံ) [Completed]Where stories live. Discover now