နိဂုံး//နိဂုံး

1K 123 47
                                    

Unicode & Zawgyi

Unicode

အိမ်ရှေ့စံဂျွန်ထွက်ပြေးသွားသည့်သတင်းကြောင့်အာဏာတပ်မက်သူလူတစ်စုဟာအခွင့်ကောင်းယူပြီးတော်လှန်ပုန်ကန်ရန်ကြံစည်ခဲ့သည်။သို့သော်အာဏာစက်ပြင်းထန်သောရှင်ဘုရင်၏အုပ်ချုပ်မှုကြောင်စစ်မက်မဖြစ်ပွားခဲ့။

လစ်လှပ်သွားသောအိမ်ရှေ့စံနေရာတွင်အနောက်ဆောင်မိဘုရားမှမွေးဖွားသော်ဒုတိယသားတော်ဂျွန်ဂျီမင်းအားခန့်အပ်ခဲ့သည်။

ကိုယ်ရံတော်တပ်မှူးကင်နှင့်အထိန်းတော်ချွဲတို့မှာလည်းအနေနီး၍ချစ်ခြင်းတို့ထပ်တူကျခဲ့သည်။

ကြာဖြူလေးကင်မ်သည်လည်းသားတော်လေးတစ်ပါးဖွားမြင်ခဲ့သည်။

သားတော်လေးမွေးသည့်အချိန်တွင်ရိပ်မြုံတစ်ခုလုံးရှိကြာဖြူ၊ကြာနီနှင့်ကြာပေါင်းစုံမှန်သမျှပွင့်လန်းကာကောင်းချီးပြုကြ၏။

သခင်လေးကင်မ်နှင့်ချွတ်ဆွတ်တူလွန်းသောသားတော်လေးအားကင်မ်မျိုးရိုးယူကာကင်မ်ထင်ယောင်းဟုအမည်တွင်စေ၏။

သခင်လေးကင်မ်သည်စကြဝဠာ၏ပြစ်ဒဏ်အရသက်တမ်းတစ်ဝက်ဖြစ်သောအသက်၃၇နှစ်၊သားတော်လေးအသက်ဆယ်နှစ်တွင်ကွယ်လွန်ခဲ့သည်။

အိမ်ရှေ့စံဂျွန်သည်လည်းသခင်လေးကင်မ်သေဆုံးပြီးတစ်ပတ်အကြာတွင်သခင်လေးအိပ်စက်ရာဖဲမွေ့ယာပေါ်၌အကြောင်းအရင်းမယ်မယ်ရရမရှိပါပဲကွယ်လွန်ခဲ့သည်။

ထိုအချိန်မှစ၍သားတော်လေးကင်မ်ထယ်ယောင်းသည်'ဒုတိယမြောက်ကင်မ်'
အမည်ဖြင့်ကြာပန်းရိပ်မြုံ၏သခင်လေးနေရာကိုဆက်ခံခဲ့သည်။

အကယ်၍သင်သာလောဘကင်းဝေးစွာဖြင့်ရှာဖွေပါကဝါးရုံတောအလယ်ရှိ
ကြာပန်းရိပ်မြုံကြီးနှင့်တစ်ကွ
သခင်လေးကင်မ်နှင့်အိမ်ရှေ့စံဂျွန်တို့ရဲ့လွမ်းမောဆွတ်ပျံ့ဖွယ်ရာချစ်တေးတစ်ပုဒ်အားနားဆင်နိုင်လိမ့်မည်ဖြစ်လေသည်။

ကြာပန်းရိပ်မြုံ(ကြာပန်းရိပ်မြုံ) [Completed]Where stories live. Discover now