အပိုင်း၆//အပိုင္း၆

631 115 26
                                    

Unicode & Zawgyi

Unicode

အငွေ့တထောင်းထောင်းထနေသောကန်ရေပြင်သည်ငြိမ်သက်မနေပါသော်လည်းပန်းပွင့်ကြွေလေးတွေကတော့လှုပ်ခတ်နေသည်။ရေတွင်ဝဲပါနေသောချယ်ရီပန်းပွင့်ဖတ်များသည်စိတ်ကိုကြည်လင်စေသည်။ဘေးဘက်တွင်ကာရံထားသောကျောက်စရစ်နံရံနှင့်ဝါးပင်အချို့အလယ်ကသစ်သားရေကန်ကြီးအတွင်းရပ်နေသောလူနှစ်ယောက်။

အပေါ်ပိုင်းဗလာကျင်းနေသောအရှင်၏ခန္ဓာကိုယ်သည်ပုရိသတို့ရင်အစုံကိုဖောက်ခွဲပစ်မည့်အတိုင်းပင်။ဖဲကြိုးနီနီဖြင့်ထုံးဖွဲ့ထားသောဆံနွယ်များသည်မသပ်ရပ်သည့်တိုင်ဟိုတစ်စဒီတစ်စလွှင့်ကျနေသည်။မျက်နှာပေါ်ခိုဆွဲနေသောရေမှုန်ရေမွှားလေးများနှင့်အရှင်သည်နတ်ဘုရားအလား။

တစ်ဖက်တွင်လည်းကြာဖြူလေးကင်မ်သည်ပါးလွှာသောအဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည်။သို့သော်လစ်ဟာနေသောရင်အစုံသည်ရွေဝါရောင်ဝင်းနေ၏။ထို့အပြင်ပုခုံးကျော်ကျော်သာရှိသောဆံနွယ်အနက်ရောင်များသည်လစ်ဟာနေသောရင်ဘတ်ပေါ်တွင်ကပ်ရပ်နေသည်။

ရေကန်နံရံတွင်မှီကာတစ်ယောက်နဲ့တစ်ယောက်ဖက်တွယ်ထားသောလူနှစ်ယောက်သည်ကံကြမ္မာကိုပြောင်းလဲခဲ့သူများသာ။ရင်ခွင်ထဲရောက်နေသောကင်မ်လေးသည်မျက်လုံးအစုံကိုမှိတ်ချထားပြီးချယ်ရီရဲ့သင်းပျံ့မှုနှင့်အတူမျှောပါလာသောရေမှုန်ရေမွှားများကိုခံစားနေမိသည်။

"ကိုယ်ပြန်ရတော့မယ်ကင်မ်"

တိတ်ဆိတ်သောနံနက်ခင်းကိုဖြိုခွင်းလိုက်သူအရှင့်အသံသည်မြှားတစ်စင်းကဲ့သို့ထက်လွန်းလှပါဘိ။လှုပ်ခတ်သွားသောရေအလျဉ်သည်အရှင့်လက်ဖြင့်ဖန်တီးခြင်းသာ။အနီးနားတွင်ဝေ့ဝဲနေသောချယ်ရီပန်းလေးကိုအကြောင်းရင်းမယ်မယ်ရရမရှိပါဘဲချေမွလိုက်မိသည်။

"တိုင်းပြည်ကိုအုပ်ချုပ်မင်းတစ်ပါးလုပ်တော့မယ်ဆိုဉီးစားပေးရမယ့်အရာကပြည်သူပြည်သားတွေဖြစ်သွားပြီ......တိုင်းပြည်နဲ့ယှဉ်လာရင်အရာအားလုံးကဒုတိယဖြစ်သွားပြီ"

ကြာပန်းရိပ်မြုံ(ကြာပန်းရိပ်မြုံ) [Completed]Where stories live. Discover now