အပိုင်း၄//အပိုင္း၄

640 121 24
                                    

Unicode & Zawgyi

Unicode

သာမန်နှင့်မတူစွာလှုပ်ရှားနေသောကြာပန်းရိပ်မြုံကြီး။အေးချမ်းလှပပါသည်ဆိုသောဤနေရာ၍ပူဆွေးသောကရောက်နေသောလူတစ်ယောက်လည်းရှိနေသေးသည်။

နိုးထရသောကြာပန်းရိပ်မြုံ၏မနက်ခင်းတိုင်း၍ယနေ့မနက်ခင်းသည်အကျဉ်းတန်ဆုံးဖြစ်သည်။အိမ်ရှေ့စံ၏ပူဆွေးသောကများသည်မနက်ခင်းအလွှတ်တော်နဲ့ရောက်လာသောအမိန့်စာတစ်စောင်မှအစပြုသည်။

မအေးငြိမ်းသောနယ်စပ်အရေးကိုဖြေရှင်းရန်တာဝန်သည်အိမ်ရှေ့စံနဲ့မကင်းဝေးနိုင်ပေမယ့်ကြာဖြူလေးနဲ့ခွဲခွာဖို့ကိုကားနှလုံးသားသည်ခွင့်မပြု။အနားမှတစ်ဖဝါးမှမခွာလိုသောစိတ်နှလုံးသည်သေလောက်သောဒဏ်ရာကိုပေး၏။ကြာပန်းရနံ့များသည်ပင်လျှင်မသင်းနိုင်တော့။ပူလောင်လာသောစိတ်နှလုံးသည်အဝေးမှပျံ့လွင့်လာသောဗျပ်စောင်းသံလေးအောက်တွင်ပြားပြားဝပ်သွားသည်။

"ကင်မ်ရယ်......"

ကြာကန်ကြီးဘေးကျောက်ဖျာပေါ်တွင်ထိုင်၍သီကုံးနေသောဗျပ်စောင်းသံချိုချိုသည်အေးချမ်းလွန်းလှပါဘိ။မချိတင်ကဲရွတ်ဆိုမိသောသူ့နာမည်အောက်တွင်သောကများပင်ပါသွားလေမလား။မခွဲနိုင်တော့ဘူးကင်မ်ရယ်။ကြာနံ့တွေနဲ့ကင်းတဲ့နေရာမှာကိုယ်နေနိုင်ပါ့မလားတွေးပူမိတယ်။

သက်ပြင်းချဖို့တောင်အားမရှိတော့။အထုတ်ပိုးတွေပြင်ပြီးသောအထိန်းတော်နဲ့ကိုယ်ရံတော်တပ်မှူးကအနားလာရပ်သည်။မျက်ဝန်းတွေထဲစိုက်ကြည့်ကာထွက်ခွာလာခဲ့သည်။နှုတ်ဆက်ချင်သေးတယ်ကြာဖြူလေးရယ်။

"ကင်မ်.....ကိုယ်သွားရတော့မယ်"

လှည့်ကြည့်လာသောကင်မ့်မျက်နှာသည်ခံစားချက်များစွန်းထင်းမနေ။ဖြူဖွေးနူးညံ့သောကြာဖြူလေးသည်ခံစားချက်များအားလျို့ဝှက်စွာဖုံးကွယ်လွန်းပါသည်။

မသေချာသောလမ်းကိုလျောက်ရမယ့်ကိုယ့်အဖို့အသိအမှတ်ပြုကြောင်းလေးကိုပဲလိုချင်ခဲ့မိတာပါ။လောဘတရားနဲ့ကင်းဝေးတဲ့ကြာဖြူလေးကိုအချစ်ဆိုတဲ့တလွဲခေါင်းစဉ်တပ်ပြီးလောဘတရားနဲ့မပိတ်နှောင်လိုဘူး။

ကြာပန်းရိပ်မြုံ(ကြာပန်းရိပ်မြုံ) [Completed]Where stories live. Discover now