CHAPTER-3

554 115 3
                                    

UNICODE

အပိုင်း ()

လီတုန့်က ဖုန်းကို ကိုင်ထားဆဲ။ မျက်နှာထက်တွင်တော့ ပုံဖော်မပြနိုင်သည့် တုံးအမှုအမူအရာက အတိုင်းသား။ မက်ဆေ့ချ်က အခုချိန်တွင် မပို့သင့်တော့။ သို့သော် မက်ဆေ့ချ်မပို့ပြန်လျှင်လည်း မဖြစ်သေး။ အဆုံးသတ်တွင်တော့ တဟားဟား လုပ်ရယ်ရယ်လိုက်၏။

"သခင်ကြီး.. ဘာများ ကျန်ခဲ့လို့လဲခင်ဗျ?"

ပုံမှန်အားဖြင့်ဆိုလျှင် ရှဲ့ပိုင်အတွက် ထိုကဲ့သို့ ဂွတီးဂွကျအခြေအနေမျိုးနှင့် ကြုံရလျှင် တစ်ဖက်လူက တခြားတစ်ယောက်ဖြစ်နေလျှင်တော့ မျက်ကွယ်ပြုလိုက်မည်သာ။ ကိုယ့်အလုပ်ကို လက်စသတ်ပြီးသည်နှင့် နေရာမှ ထွက်လာလိုက်တော့မည်။ သို့သော်ငြား တစ်ဖက်လူက ထိုက်ရွှမ်ဂိုဏ်းသားတစ်ဦးဖြစ်နေလျှင်တော့ မထောက်မထားဘဲ ပက်ပက်စက်စက် ပြောကိုပြောပစ်ရလိမ့်မည်။

သို့တစေ ဤတစ်ကြိမ်တွင်တော့ ရှဲ့ပိုင်တစ်ယောက် တစ်မူထူးလျက် ရှိနေတော့သည်။ လှောင်ပြောင်ခြင်းမပြုသည့်အပြင် လီတုန့်အား ခွန်းတုံ့ပြန်ခြင်းပင် မပြု။

"ငါ ကိစ္စတစ်ခုကို သတိထားမိသွားလို့.. ဒါပေမယ့် ယင်ဝူရှုလာမယ်ဆိုရင်လည်း ငါ အထူးအထွေ လုပ်စရာဘာမှမရှိတော့ပါဘူး"

စကားဆုံးသည်နှင့် လှည့်ပြန်လာတော့သည်။

ဤဥတု၏မိုးသားဟာ ဝန်းကျင်ကို အင်မတန် မည်းမှောင်စိုစွတ်စေ၏။ လေအေးတစ်ဝှေ့က ကျီစယ်ဟန်ဖြင့် ရက်ရက်စက်စက် တိုက်ခတ်လာသော် ရှဲ့ပိုင်မှာ ချောင်းစဆိုးတော့သည်။

"သခင်ကြီး--"

လီတုန့်မှာ စိုးရိမ်ပူပန်မှုများကို မအောင့်အည်းထားနိုင်တော့။

သို့သော်ငြား ရှဲ့ပိုင်က ဘာမှပြန်လည်ပြောဆိုခြင်းမပြု။ သွင်ပြင်လက္ခဏာက ပုံမှန်အတိုင်း အေးစက်ကာ စိမ်းကားဆဲ။ သို့သော် ခြေလှမ်းများက တစ်နည်းနည်းဖြင့် မြန်ဆန်လာရ၏။ အမှောင်ထုထဲ ရောက်သွားမည့်အချိန်ကိုပင် မစောင့်ဆိုင်းနိုင်တော့ဘဲ လက်မြှောက်ကာ အနက်ရောင်အခိုးအငွေ့များကို ဆင့်ခေါ်လိုက်သည်။ မြန်ဆန်သော ခြေလှမ်းများဖြင့် အနက်ရောင်အခိုးအငွေ့ထဲ ဝင်ရောက်ရင်း တစ်ဖက်၌လည်း အဆက်မပြတ် ချောင်းဆိုးနေခြင်းကို ဖုံးဖိရန် လည်စီးပဝါကို အထက်သို့ ဆွဲတင်လိုက်၏။

မဖိတ်ခေါ်ဘဲ ရောက်လာလေသူ || The Yin GuestWhere stories live. Discover now