part (1)

7.1K 375 6
                                    

Unicode

ရှောင်းကျန့်ကျောင်းစာသင်ခန်းထဲအတော်ပျင်းနေပြီ။ အရှေ့ကဆရာကလဲဘာတွေသင်လို့သင်နေမှန်းကိုမသိတော့ဘူး။ မနေ့ညက သူ့အမေသူ့ကိုအိပ်မအိပ်စစ်ပြီးထွက်သွားထဲက ဖုန်းသုံးနေတာ မနက်မိုးလင်းခါနီးမှအိပ်‌ဖြစ်တယ်။ ကျောင်းကိုလဲအစောကြီးလာရတာမို့ အခုတော့ရှောင်းကျန့်မှာခေါင်းမကြည်ပဲ အိပ်ချင်နေပြီ။

တကယ်တော့ရှောင်းကျန့်ကလူလိမ္မာလေးတစ်ယောက်တော့မဟုတ်ဘူး၊ မိဘတွေကိုမလွန်ဆန်တာနိုင်တာမို့ လိမ္မာ‌ေအာင်အတင်းကြိုးစားနေရတဲ့သူလေး။ သူ့မိဘတွေက သူ့ကိုအရမ်းချုပ်ချယ်လွန်းတယ်။ ငယ်စဉ်ထဲက သူတို့အရိပ်အောက်ကမလွတ်အောင် အမြဲဆုံးမပြီးစကားလုံးတွေနဲ့ချုပ်ထားတယ်။

ရှောင်းကျန့်အဖေကနာမည်ကြီးXဆေးရုံရဲ့ဆေးရုံအုပ်ဖြစ်ပြီး အမေကမြုိ့နယ်နံပါတ်1အချမ်းသာဆုံးစာရင်းဝင်တဲ့ မိသားစုရဲ့တစ်ဦးတည်းသောသမီး။ ဒီလိုနာမည်ကြီးအသိုင်းအဝိုင်းကမို့ ရှောင်းကျန့်ရဲ့မိဘတွေဟာ သူတို့ဂုဏ်သိက္ခာမကျဆင်း‌ရအောင်ဆိုတဲ့ စကားစုနဲ့ရှောင်းကျန့်ကိုသေချာထိန်းသိမ်းထားခဲ့တယ်။

ရှောင်းကျန့်ကမိဘတွေရဲ့စကားကိုငယ်စဉ်ထဲကမလွန်ဆန်သလို လွန်ဆန်နိုင်တဲ့အစွမ်းလဲမရှိတာမို့ ရှောင်းကျန့်ကအမြဲလိမ္မာတဲ့ကလေးတစ်ယောက်ပုံစံသာရှိနေခဲ့သည်။ ရှောင်းကျန့်ကိုဖုန်းပေးကိုင်ပေမယ့် ဖုန်းအသုံးပြုတာကြာတာနဲ့ ရှောင်းကျန့်အမေဟာဆူတော့တာပဲ။ အစားကိုအချိန်မှန်စားရပြီး အိပ်ချိန်ကိုအချိန်မှန်အိပ်ရသည်။ မနက်စာရောညစာရော မိဘတွေနဲ့အချိန်ကွက်တိသာစားရသည်။ နေ့လည်စာကတော့သူကကျောင်းမှာမို့ ကျောင်းမှာသာစားရသည်။ ညအိပ်ချိန်ဆိုလဲ ရှောင်းကျန့်အမေက သူ‌အိပ်ပြီလားဆိုတာ လာစစ်တတ်ပြီး အိပ်ပြီလို့သတ်မှတ်ပြီးမှသာ ပြန်ထွက်သွားတတ်သည်။ ကျောင်းတွင်လဲအမြဲအမှတ်ကောင်းအောင် စာကို‌ေသချာလုပ်ရသည်။ ‌

ရှောင်းကျန့်က‌တခြားကျောင်းသားတွေလို ရန်ဖြစ်ဖို့ဝေးစွ၊ စကားတောင်အကျယ်ကြီးမပြောခဲ့ဖူး။ ဆေးလိပ်တွေခိုးသောက်၊ ကျောင်းတွေပြေး၊ အဲလိုစည်းကမ်းမရှိတဲ့အလုပ်မျိုးတွေဆို ပိုလို‌့တောင်မလုပ်ဖူးသေးတယ်။ သူသာဒါမျိုးတွေလုပ်မိလို့ သူ့မိဘတွေသိရင်လဲ သူ့အတွက်လွယ်မှာမဟုတ်ဘူးလေ။ ရှောင်းကျန့်ကမိဘတွေရဲ့အပြစ်ပေးတာကိုတစ်ခါမှမခံခဲ့ရဖူးပါဘူး။ ဘာလို့ဆို သူကအမြဲမိဘစကားကိုတစ်လုံးမကျန်နားထောင်တတ်ပြီး သူ့မိဘကိုလဲမလိမ်တတ်တာမို့ပဲ။ ကျောင်းမှာလဲရှောင်းကျန့်ကအလိမ္မာဆုံးကျောင်းသားပဲ၊ ရှောင်းဟွမ်နဲ့ ဖန်စီရာတို့ရဲ့ သားရှောင်းကျန့်ကအရမ်းကိုလိမ္မာပြီး တော်တယ် ဆိုတဲ့ဂုဏ်သတင်းက တစ်မြို့လုံးနည်းပါးပြောကြသည်။ သူ့မိဘတွေလိုချင်တာလဲ ဒီလိုဂုဏ်သတင်းမျိုးပဲလေ။

𝑆𝑡𝑟𝑎𝑤𝑏𝑒𝑟𝑟𝑖𝑒𝑠 𝐴𝑛𝑑 𝐶𝑖𝑔𝑎𝑟𝑒𝑡𝑡𝑒𝑠Where stories live. Discover now