part (5)

2.3K 246 9
                                    

Unicode

ရှောင်းကျန့်နဲ့ရိပေါ်က အရှေ့ကစာသင်နေတဲ့ဆရာရေးထားတဲ့သင်ပုန်းကစာတွေဆီမျက်စိရောက်နေပြီး ပြုံးစိစိနဲ့။ အကြောင်းကသင်ပုန်းကစာတွေကြောင့်မဟုတ်ပါဘူး။ ရှောင်းကျန့်ရဲ့လက်ကိုရိပေါ်ကကိုင်ထားတာကြောင့် နှစ်ယောက်သားစပ်ဖြဲဖြဲဖြစ်နေကြတာ။ ခုံအောက်ကရှောင်းကျန့်ရဲ့လက်ကိုအမျိုးမျိုးကိုင်နေတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်မှာရှက်လဲရှက် ရယ်လဲရယ်ချင်နဲ့မို့ ပြုံးစိစိဖြစ်နေတာ။ ရိပေါ်ကတော့မ‌ှုိရသလိုမျက်န‌ှာဘေးနဲ့ပေါ့။

အတန်းဆင်းခေါင်းလောင်းသံကြားတော့ နှစ်ယောက်သား အပြင်ထွက်လာကြသည်။ နေ့လည်စာသွားမစားခင် ရှောင်းကျန့်ကရိပေါ်ဆေးလိပ်‌ေသာက်တာကိုအဖော်လိုက်ပေးတယ်။ မဟုတ်ရင်ရိပေါ်ကအကြာကြီး၊ နေ့လည်စာမစားရပဲအတန်းတက်လိုက်ရတာမို့ ရှောင်းကျန့်ကလိုက်စောင့်ကြည့်ရတယ်။ ရိပေါ်ဆေးလိပ်သောက်ပြီးတော့ ရှောင်းကျန့်နဲ့တူတူနေ့လည်စာလိုက်စားသည်။ အရင်လို12အတိတော့မဟုတ်တော့၊ အချိန်အနည်းငယ်စွန်းနေပြီ။ နှစ်ယောက်သားထိုင်စားနေရင်း ဟင်းထဲကရိပေါ်မစားတဲ့ အသီးအရွက်တွေကိုရှောင်းကျန့်ကဖယ်ပေးသည်။ ရှောင်းကျန့်ကငယ်ငယ်ထဲကမိဘကျွေးတာစားတာမို့ အစားဂျီးမများ အကုန်စားသည်။ ရိပေါ်ကတော့ ဟိုအသီးအရွက်မစားတာနဲ့ငါးမကြိုက်တာနဲ့ အရမ်းဂျီးများသည်။

ရှောင်းကျန့်နဲ့ရိပေါ် အတန်းဆင်းတော့ တစ်ယောက်နဲ့တစ်ယောက်တိုက်ပြီး စနောက်ကာထွက်လာကြတယ်။ ရှောင်းကျန့်ရဲ့အိမ်ကားရှေ့မရောက်ခင် အနည်းငယ်လှမ်းတဲ့နေရာထိ‌ရိပေါ်ကလိုက်ပို့သည်။

"အဲဒါဆို သွားတော့မယ်လောင်ဝမ်"

"အင်း ညကျရင်ဖုန်းဆက်လိုက်မယ်"

ရှောင်းကျန့်က ခေါင်းငြိမ့်ပြပြီး တာ့တာပြကာထွက်သွားသည်။

🍓🚬🍓🚬🍓🚬🍓🚬🍓🚬🍓🚬🍓🚬

ရှောင်းကျန့်အိမ်ပြန်ရောက်တော့ သူ့အဖေကထူးထူးဆန်းဆန်းအိမ်မှာရှိနေသည်။ ပုံမှန်ဆို ညဂျူတီကြောင့် အိမ်ပြန်လာဖို့တောင်ခက်တာ ခုတော့သူ့အမေနဲ့တူတူဧည့်ခန်းထဲမှာထိုင်နေကြသည်။ ရှောင်းကျန့်လဲသူ့အဖေနဲ့အမေကိုလှမ်းနှုတ်ဆက်လိုက်တယ်။

𝑆𝑡𝑟𝑎𝑤𝑏𝑒𝑟𝑟𝑖𝑒𝑠 𝐴𝑛𝑑 𝐶𝑖𝑔𝑎𝑟𝑒𝑡𝑡𝑒𝑠Where stories live. Discover now