part (4)

2.5K 266 2
                                    

Unicode

ရှောင်းကျန့် စာထိုင်လုပ်နေတုန်း သူ့ဖုန်းringtoneအသံကိုကြားလိုက်ရလို့ကြည့်လိုက်တော့ 'လောင်ဝမ်'ဆိုတဲ့ contact nameလေးပေါ်နေတယ်။ ရှောင်းကျန့်ပြုံးလိုက်ပြီး အခန်းတံခါးကိုဖွင့်ကြည့်ကာ သူ့အမေရှိမရ‌ှိကြည့်ပြီး ဖုန်းကိုပြန်‌ေဖြလိုက်ကာ ရေချိုးခန်းထဲဝင်ပြီး ထိုင်နေလိုက်သည်။ အခန်းထဲမှာပြောရင်သူ့အမေကြားသွားမှာဆိုးလို့။

"ဟယ်လို လောင်ဝမ်ပြောလေ"

"ဘာလုပ်နေလဲ"

"စာလုပ်နေတာပေါ့ မင်းရော"

"ဘာမှမလုပ်ဘူး ကိုယ့်ရှောင်းကိုလွမ်းနေတာ"

"မင်းကတော့"

ရိပေါ်ရဲ့ဒီလိုflirtတဲ့စကားတွေဆို ရှောင်းကျန့်တကယ်မခံနိုင်ဘူး။ ရင်တုန်ပြီးပါးတွေပူကာရှက်လာရော။ ရှောင်းကျန့်ကရှက်မှန်းသိတော့ ရိပေါ်ကအဲလိုမျုိး‌ေတွခနခနပြောတယ်။ ရှောင်းကျန့်ရှက်နေတုန်းမှာပဲ ဖုန်းတစ်ဖက်ကရယ်သံလွင့်လွင့်လေးကိုကြားလိုက်ရသည်။

"ကိုယ့်ရှောင်း ဒီနေ့အပြင်ထွက်လို့ရလား"

"ဟိုတစ်လောကအပြင်ခိုးထွက်တာတောင် ငါ့အမေဘယ်တော့သိသွားမလဲ ရင်တထိတ်ထိတ်ဖြစ်နေတာ ထပ်မထွက်ရဲတော့ပါဘူးလောင်ဝမ်ရယ်"

ရိပေါ်ကရှောင်းကျန့်စကားကြောင့်ထပ်ရယ်တယ်။

"အင်းပါကွာ ကိုယ့်ရှောင်းပြတင်းပေါက်ကခနထွက်ကြည့်ပါလား မျက်နှာလေးမြင်ချင်လို့"

"ဟမ်!"

ရှောင်းကျန့် ရိပေါ်စကားကြောင့်လန့်ပြီး ရေချိုးခန်းထဲကအမြန်ထွက်လာကာ သူ့အခန်းပြတင်းပေါက်လိုက်ကာစကိုဘေးဆွဲလိုက်ပြီး ပြတင်းပေါက်ကိုဖွင့်ပြီးကြည့်လိုက်တော့ ရိပေါ်ကခြံရှေ့မှာမတ်တပ်‌ရပ်နေတယ်။ ရှောင်းကျန့်ကိုမြင်တော့ လက်ပြလာသည်။ ရှောင်းကျန့်ကအထိတ်တလန့်နဲ့ပြောလာသည်။

"လောင်ဝမ်! ဘာလုပ်နေတာလဲ ပြန်တော့ မေမေတို့မြင်သွားဦးမယ် မအေးဘူးလား"

"ဟာကွာ ဒီမှာအအေးခံပြီး မျက်‌နှာလေးမြင်ရဖို့ စောင့်နေတာကို နှင်ထုတ်ရက်တယ်နော်"

𝑆𝑡𝑟𝑎𝑤𝑏𝑒𝑟𝑟𝑖𝑒𝑠 𝐴𝑛𝑑 𝐶𝑖𝑔𝑎𝑟𝑒𝑡𝑡𝑒𝑠Where stories live. Discover now