part (3)

2.6K 271 4
                                    

Unicode

"ဘယ်လိုလုပ်ရမှာလဲ ဒီတိုင်းပြေးသွားကြတာပေါ့"

ရိပေါ်က‌ပြောပြီးတာနဲ့ ရှောင်းကျန့်လက်ကိုဆွဲပြီးပြေးတော့တာပဲ။ ပြေးနေတာမို့ ရိပေါ်ရဲ့ဂျက်ကပ်နဲ့ဆံပင်တို့ကလေပေါ်တလွင့်လွင့်၊ ရှောင်းကျန့်ရဲ့အနွေးထည်‌အပါးလေးကလဲ လေမှာလွင့်လို့။ သူတို့ပြေးနေပေမယ့် အဝေးကြီးတော့မရောက်လိုက်ကြဘူး။ ပြေးတာလဲကြာပြီမို့သူတို့တော်တော်မောနေပြီ၊ ရှောင်းကျန့်ဆိုအသက်ကိုလုရှူနေရသည်။ ရိပေါ်လဲရှောင်းကျန့်လက်ကိုဆွဲပြီးပြေးနေတာမို့ ပျော်နေတာနဲ့ ဘယ်နားရောက်လို့ရောက်နေမှန်းမသိတော့ဘူး။ ပတ်ဝန်းကျင်အခြေအနေကိုကြည့်လိုက်တော့ ရှောင်းကျန့်တို့နေတဲ့အိမ်ရာဝန်းထဲနဲ့နည်းနည်းလေးလှမ်းနေပြီး အဲနေရာရဲ့အနီးနားမှာ ပန်းခြံတစ်ခုရှိသည်။ ပန်းခြံဆိုပေမယ့် အမြဲဖွင့်ထားကြောင့် ရိပေါ်တို့အတွက်အဆင်ပြေသွားသည်။ အဲထဲမှာပဲ သွားနားကြတာပေါ့။

"ကိုယ့်ရှောင်း"

"ဟင်"

‌ရိပေါ်ကမောဟိုက်နေတဲ့အသံနဲ့ခေါ်တော့ ရှောင်းကျန့်ကအသက်မနည်းရှူပြီး လေသံအေးအေးလေးနဲ့ထူးသည်။

"ဒီရှေ့မှာ ပန်းခြံတစ်ခုရှိတယ် အမြဲဖွင့်ထားတာ အဲထဲပဲသွားနေရအောင် အေးနေလား"

နှာခေါင်းရှုံ့နေတဲ့ရှောင်းကျန့်ကြောင့်ရိပေါ်ကမေးတော့ခေါင်းငြိမ့်ပြလာသည်။ ရှောင်းကျန့်ကဘယ်လောက်တောင်လဲဆို ရိပေါ်ပြောတဲ့ ဒီနားမှာပန်းခြံ‌ရှိမှန်းတောင်သူမသိ၊ သူ့အိမ်နဲ့အရမ်းကြီးဝေးနေတာမဟုတ်တာတောင် သူတကယ်မသိဘူး။

‌ရိပေါ်ကရှောင်းကျန့်လက်ကိုဆွဲထားရင်းပဲ ပန်းခြံထဲခေါ်သွားသည်။ ည1:00ဆိုတဲ့အချိန်ကာလ လူအများအနားယူအိပ်မောတော်တော်လေးကြနေတဲ့အချိန်မို့ ဒီလိုပန်းခြံထဲဘယ်သူမှမရ‌ှိနေ။ တစ်ယောက်နှစ်ယောက်လောက်တော့ရှိနေသည်။ သူတို့ကတော့ညဘက်မှသာလျောက်သွားဂီတာတီးပြီး မနက်မှအိမ်ပြန်ကာ အိပ်ကြတဲ့သူတွေပင်။ ရိပေါ်လဲ ထို‌လူတွေနဲ့မနီးမဝေး သစ်ပင်ကြီးနားကိုသွားပြီး သစ်ပင်ခြေရင်းမ‌ှာထိုင်ချလိုက်တော့ ရှောင်းကျန့်ကလဲဒူးလေးပိုက်ကာထိုင်လာသည်။ ရိပေါ်ကလဲရှောင်းကျန့်ကိုကြည့်ပြီးရယ်ကာ သူ့ရဲ့ဂျက်ကပ်ကိုချွတ်လိုက်ပြီး ရှောင်းကျန့်ကိုယ်ပေါ်လွှားပေးလိုက်တော့ ရှောင်းကျန့်ကသူ့ကိုကြည့်လာသည်။

𝑆𝑡𝑟𝑎𝑤𝑏𝑒𝑟𝑟𝑖𝑒𝑠 𝐴𝑛𝑑 𝐶𝑖𝑔𝑎𝑟𝑒𝑡𝑡𝑒𝑠Where stories live. Discover now