part (7)

2.4K 260 11
                                    

Unicode

ရှောင်းကျန့် ကျောင်း‌ေရာက်တော့ ရိပေါ်မရောက်သေး၊ ရိပေါ်ကအိပ်ရာထနောက်ကျတာကြောင့် ကျောင်းခနခနနောက်ကျတယ်။ ရှောင်းကျန့် အတန်းခေါင်းဆောင်ဆီသွားပြီး

"အတန်းခေါင်းဆောင်"

သူ့သူငယ်ချင်းနဲ့စကားပြောနေတဲ့ အတန်းခေါင်းဆောင်က ရှောင်းကျန့်ခေါ်သံကြောင့်‌လှည့်ကြည့်လာသည်။

"အာ ရှောင်းကျန့် ဘာဖြစ်လို့လဲ"

"ငါတို့နေရာလဲလို့ရမလားဟင်"

ရှောင်းကျန့်အပြောကြောင့် အတန်းခေါင်းဆောင်ကမျက်လုံးပြူးသွားသည်။ ပြီးတာနဲ့

"မင်းကဘာလို့လဲချင်တာလဲ ရိပေါ်ကငါ့ကုိစိတ်ဆိုးမယ်ထင်တယ်"

"မဆိုးပါဘူး တကယ်လို့မင်းကိုမေးရင်လဲ ရှောင်းကျန့်ကပြောင်းချင်လို့ပြောင်းပေးလိုက်တာလို့ပြောလိုက်ပါ ကူညီပါနော်"

"Okလေ"

အတန်းခေါင်းဆောင်က ‌သူထိုင်နေတဲ့နေရာကထသွားပြီး ရှောင်းကျန့်အရင်ထိုင်တဲ့နေရာမှာသွားထိုင်သည်။ ရှောင်းကျန့်ကို အတန်းခေါင်းဆောင်ရဲ့သူငယ်ချင်းက ထိုင်ဖို့ပြသည်။ သူလဲဝင်ထိုင်ပြီး စာသာထိုင်လုပ်နေလိုက်သည်။ ရိပေါ်အသဲအသန်အတန်းနောက်ကျပြီး‌ေရှာင်းကျန့်စိတ်ဆိုးမှာဆိုးလို့ ပြေးလာပြီးအတန်းထဲ‌ေရာက်တဲ့အချိန် အမောကိုစို့တာပဲ။ ရှောင်းကျန့်ထိုင်နေကြနေရာမှာ အတန်းခေါင်းဆောင်ကဝင်ထိုင်နေတယ်။ သူလဲလွယ်အိတ်ကိုချလိုက်ပြီး

"အတန်းခေါင်းဆောင် မင်းက ဒီမှာဘာထိုင်လုပ်နေတာလဲ ငါ့ရှောင်းရော"

အတန်းခေါင်းဆောင်ကရှောင်းကျန့်ထိုင်နေတဲ့နေရာကိုလက်ညှိုးထိုးပြပြီး

"မင်းရှောင်းက ငါ့ကိုဒီမှာလာထိုင်ခိုင်းတာ နေရာလဲပေးဆိုလို့"

"ဘာလို့လဲ"

"ငါကဘယ်သိမလဲ သူ့သွားမေးပေါ့"

အတန်းခေါင်းဆောင်က ပြန်ပြောတော့ ရိပေါ်လဲမမေးချင်တော့တာနဲ့ ဆရာလဲဝင်တော့မှာမို့ သူ‌ေနရာသူဝင်ထိုင်လိုက်ပြီး အရှေ့တန်းမှာထိုင်နေတဲ့ရှောင်းကျန့်ကိုလှမ်းကြည့်‌နေသည်။ ရိပေါ်ကအခန်းရဲ့အတွင်းပိုင်း‌ေနာက်ဆုံးတန်းပြတင်းပေါက်နားမှာထိုင်ပြီး ရှောင်းကျန့်က‌ရှေ့ဆုံးတန်းပထမဝင်ပေါက်နားမှာထိုင်နေသည်။ ရိပေါ်မျက်မှောင်ကြုတ်ပြီးကြည့်နေတယ်၊ သူ့ရှောင်းကဘာကိုစိတ်ကောက်ပြီး အဲမှာသွားထိုင်နေတာလဲ။ အတန်းပြီးသွားလို့ နေ့လည်စာစားချိန်မှာ ရိပေါ်ကစာအုပ်တွေအမြန်သိမ်းပြီး ရှောင်းကျန့်ကိုလှမ်းကြည့်တော့‌ေနရာမှာမရ‌ှိတော့ မြန်လိုက်တာ။ ရိပေါ်လွယ်အိတ်ကိုလွယ်တောင်မလွယ်ပဲ လက်ကကိုင်ပြီး ထပြေးသွားသည်။ ရိပေါ်ဘေးကအတန်းခေါင်းဆောင်ကလဲ ရိပေါ်ကို‌မျက်မှောင်ကြီးကြုတ်ပြီးကြည့်နေတယ်။

𝑆𝑡𝑟𝑎𝑤𝑏𝑒𝑟𝑟𝑖𝑒𝑠 𝐴𝑛𝑑 𝐶𝑖𝑔𝑎𝑟𝑒𝑡𝑡𝑒𝑠Where stories live. Discover now