part (2)

3K 295 6
                                    

Unicode

စာသင်နှစ်သုံးလလောက်နောက်ကျပြီးမှရောက်လာတဲ့ရိပေါ်ကိုရှောင်းကျန့်က အရှေ့ကစာတွေကိုဖြေးဖြေးချင်းပြန်ရှင်းပြသည်။ ရှောင်းကျန့်က ကျောင်းဆင်းတာနဲ့တန်းပြန်ရတာမို့ ရိပေါ်ကိုနောက်ကျတဲ့ထိကျောင်းမှာနေပြီးစာရှင်းပြလို့လဲမရ၊ အစောကြီးကျောင်းလာပြီးလဲရှင်းပြလို့မရ၊ အိမ်ခေါ်ပြီးလဲမရှင်းပြနိုင်သလို သူ့(ရိပေါ်)အိမ်လိုက်သွားပြီလဲမရှင်းနိုင်တာမို့ ကျောင်းမှာနားချိန်ပေးတဲ့အချိန်တွေမှာသာ ရိပေါ်ကိုရှင်းပြရသည်။ ရိပေါ်ကရှောင်းကျန့်လိုမဟုတ်၊ အကြာကြီးမှတ်စရာမလိုဘူး၊ တစ်ခါရှင်းပြတာနဲ့တန်းမှတ်မိသည်။ ရှောင်းကျန့်မှာအခေါက်ခေါက်အခါခါလေ့လာပြီးမှ မှတ်မိတာတွေကိုရိပေါ်ကတော့တစ်ခေါက်ရှင်းပြတာနဲ့မှတ်မိနေပြီ။ လောကကြီးကမတရားဘူး။

ရှောင်းကျန့်တို့နားချိန်ရိပေါ်ကိုစာရှင်းပြရင်း သူလဲစာလုပ်နေတုန်း ရိပေါ်ကရှောင်းကျန့်ကိုခေါ်လာသည်။

"ကိုယ့်ရှောင်း"

"ဟင်"

‌ရိပေါ်ရဲ့ရှောင်းကျန့်ကိုခေါ်ပုံကို အစ‌ကတော့စိတ်ထဲတစ်မျိုးကြီးခံစားရပေမယ့် နောက်ပိုင်းတော့လဲအဆင်ပြေသွားသည်။

"ခံတွင်းချဥ်လာလို့ ကိုယ်ခန.."

"သွားလေ လိုက်ခဲ့ရမလား"

"မလိုက်နဲ့တော့"

"ပြန်လာရင်ပီကယ်စားခဲ့ဖို့မမေ့နဲ့ဦး"

"မမေ့ပါဘူး ကိုယ့်အိတ်ထဲမှာအပြည့် မြန်မြန်ပြန်လာခဲ့မယ်"

ရှောင်းကျန့်ကိုပြောပြီးတာနဲ့ရိပေါ်ကထွက်သွားသည်။ ရှောင်းကျန့်ပြုံးလိုက်မိသည်။ ရိပေါ်ကဆေးလိပ်သောက်ပြီးတိုင်း သူ့အင်္ကျီအနံ့မဆွဲအောင် ရေမွှေးပြန်စွတ်ခဲ့ပြီး ပါးစပ်မှာလဲဆေးလိပ်နံ့မဆွဲနေအောင် စတော်ဘယ်ရီပီကယ်ဖြစ်ဖြစ် သကြားလုံးဖြစ်ဖြစ် စားလာတတ်သည်။ အကြောင်းကရှောင်းကျန့်လို အလိမ္မာလေးကဆေးလိပ်နံ့ကိုမခံနိုင်မှာဆိုးလို့တဲ့လေ။ ဆရာတွေကိုကြောက်လို့‌မဟုတ်။

ဝမ်ရိပေါ်ကအမြန်ပြန်လာမယ်ပြောပေမယ့် ဘာလို့ကြာနေလဲမသိ။ ကျောင်းပြန်တက်ဖို့အချိန်နည်းနည်းသာလိုတော့သည်။ ရှောင်းကျန့်မ‌ှာသွားပဲရှာရမလို ထိုင်ပဲစောင့်နေရမလိုနဲ့။ ခနနေတော့ ရိပေါ်ကဝင်လာသည်။ ရှောင်းကျန့်ကရိပေါ်ဘေးနားရောက်တာနဲ့

𝑆𝑡𝑟𝑎𝑤𝑏𝑒𝑟𝑟𝑖𝑒𝑠 𝐴𝑛𝑑 𝐶𝑖𝑔𝑎𝑟𝑒𝑡𝑡𝑒𝑠Where stories live. Discover now