Part-1🏆

7K 405 33
                                    

Unicode;

Korea နိုင်ငံရဲ့နာမည်ကြီးကျောင်းတစ်ခုဖြစ်တဲ့
DNA Private University~

ဆွေကြီးမျိုးကြီး လူဂုဏ်တိုင်အသိုင်းအဝိုင်းကသူတွေမှန်သမျှ ဒီကျောင်းထွက်တွေချည်းပင်~

ထိုကျောင်းမှာKim Seokjin ဆိုတဲ့ ခပ်ချောချောကောင်လေးတစ်ယောက်ကလည်း Second Year ရဲ့ပထမဆုံးကျောင်းဖွင့်ရဲ့ဖြစ်တဲ့အတွက် အနည်းငယ်စိတ်လှုပ်ရှားနေလျက်~

သူစိတ်လှုပ်ရှားတာကတခြားမဟုတ် အရင်ရက်က မှရည်းစားစကားပြောထားတဲ့ Third Year က Queen မမကဒီနေ့အဖြေပေးမယ်ဆိုပြီးချိန်းထားတာကြောင့်ပင်~

"ချစ်တယ်"ဆိုတဲ့အဖြေရမှာသေချာတာကြောင့် အိမ်ကဘိုး‌တော် မနေ့ကဝယ်‌ပေးထားတဲ့ အသစ်စက်စက်ပြိုင်ကားလေးကို မောင်း၍
လေလေးတစ်ချွန်ချွန်ဖြင့် ကျောင်းဝန်းဆီကိုလိမ့်လာခဲ့သည်~

ကားရှေ့ကိုပြေးဝင်လာတဲ့လူ တစ်နည်းအားဖြင့်
အရင်နှီးဆုံးပြိုင်ဘက်~

Seokjinကားပေါ်မှ အလျင်အမြန်ဆင်းလိုက်ပြီး~

Seokjin;"Park Jimin မင်းသေချင်နေတာလား?"

Jimin;"အီးယားး ရုတ်တရက်ကြီးခြေချော်ပြီး မင်းကားဆီရောက်သွားမိတာပဲ~
ငါကဘယ်သူ့ကားပါလိမ့်ဆိုပြီး တောင်းပန်မလို့ကို အခုတော့နိုးပါ..."

Seokjin လက်မှာပတ်ထားသည့် Mommy Parisကနေဝယ်ပေးထားတဲ့နာရီကို တစ်ချက်ကြည့်လိုက်ပြီး~

Seokjin;"ငါနောက်ကျနေလို့ ပြီးမှ မင်းနဲ့ငါ အခုကိစ္စ ဘောင်ချာရှင်းမယ်~"

Jimin မျက်နှာတစ်ချက်မဲ့ပြလိုက်ပြီး

Jimin;"Oh.. Welcome Babe"

Seokjin အငြင်းအခုန်မဖြစ်ချင်တာနဲ့ ထိုနေရာမှအမြန်ထွက်လာခဲ့လိုက်သည်~

Kim Seokjin နဲ့ Park Jimin ဆိုတာတစ်ချိန်ကအရမ်းချစ်ခဲ့ကြတဲ့သူငယ်ချင်းကောင်းတွေ ဘယ်ကနေဘယ်လိုစပြီးမှားသွားကြမှန်းမသိ တစ်ယောက်ကိုတစ်ယောက် ဘယ်လို စိတ်အ‌နှောင့်အယှက် ဖြစ်အောင် လုပ်ရမလည်းဆိုပြီး အမြဲတွေးနေတဲ့နှစ်ယောက်ပင်~

Kim Seokjin ချိန်နေတဲ့ ကောင်မလေးမှန်သမျှကို Park Jimin ကဖြတ်ခုတ်တတ်သလို Seokjinရည်းစားရှုပ်တဲ့အကြောင်းကိုလည်းဖောက်သည်ချတတ်သေးသည်~

𝚆𝚒𝚗𝚗𝚎𝚛 𝙾𝚏 𝙻𝚘𝚟𝚎♡︎(Complete)Where stories live. Discover now