Part-5🏆

2.9K 328 15
                                    

Unicode;

ဒီနေ့ဟာကျောင်းဖွင့်ရက်ဖြစ်တာကြောင့် ဆော့ဂျင်တစ်ယောက် Kooကိုတွေ့ရတော့မယ်ဆိုတဲ့စိတ်နဲ့အိပ်ရာအစောကြီးနိုးနေခဲ့သည်~

တွေ့တဲ့စာအုပ်‌တွေကိုလွယ်အိတ်ထဲထည့်၍ ကားသော့လေးကိုညာဘက်လက်ညိုးမှာ ဝေ့ရမ်းရင်းအောက်ထပ်ကိုဆင်းလာခဲ့သည်~

အောက်ထပ်အရောက် Dinning Roomထဲမှ ထွက်လာဟန်ရှိတဲ့ ငယ်ငယ်ထဲက ကျွန်တော့်မျက်နှာကိုတစ်ချက်အညှိုးမခံတဲ့ Mommy~

Seokjin's Omma;‌“သားလေးအ‌စောကြီးဘယ်သွားမလို့လဲ?”

Seokjin;“ကျောင်းသွားတော့မလို့Mommy”

Seokjin's Omma;“တစ်ခုခုစားသွားအုံးလေ သား..”

Seokjin;“တော်ပြီ Mommy ကျွန်တော် ကျောင်းCanteenမှာပဲစားလိုက်တော့မယ်”

“မုန့်ဖိုးရှိသေးလား?”

Seokjin;“ရှိသေးတယ် နက်ဖြန်မှပဲယူတော့မယ်‌ သွားတော့မယ်နော် တာ့တာMommy”

Seokjin တစ်ယောက် Mrs Kim ရဲ့ပါး‌ပြင်လေးကိုတစ်ချက်နမ်းပြီး သူ့ရဲ့ပြိုင်ကားလှလှလေးဆီကိုထွက်ခွာသွားခဲ့သည်~

~~~~

ကျောင်းဝန်းထဲအရောက် ခြေလှမ်းတို့က Canteen ဆီဦးတည်လာခဲ့တယ်~

Canteen ရောက်တော့ Kooကိုတွေ့တာနဲ့အားရဝမ်းသာဖြင့် Kooထိုင်နေတဲ့ဝိုင်းကိုဝင်ထိုင်လိုက်သည်~

Seokjin;“Koo ဒီနေ့စောတယ်နော် လက်ညိုးလေးကနာနာလေးရောပျောက်သွားပြီလား?”

“.......”

သူရောက်နေတာကိုမသိဟန်ဆောင်ပြီး သူပြောနေတဲ့စကားများကိုလည်းလျစ်လျူရှုထားတဲ့ Koo ကြောင့် သူ Koo အပေါ်ဘာများအမှားလုပ်မိလို့လဲဆိုပြီး ကိုယ့်ကိုယ်ကိုပြန်သုံးသပ်နေမိသည်~

Seokjin;“Koo ကိုယ့်ကိုစိတ်ဆိုးနေတာလားဟင်...”

“....”

Jungkookပုံမှန်အတိုင်းဆို သူ့ဖုန်းကိုမကိုင်တဲ့ သူ့ကမ္ဘာငယ်လေးကို နောက်ဒီလိုမဖြစ်အောင်မှတ်လောက်သားလောက်အောင် အပြစ်ပေးပစ်မှာ~အခုကတော့ကိုယ်ကသူ့ကိုပြန်ပြီး မကြွေကြွေရအောင်ဖန်းတီးနေရတာမို့ မူယာမာယာတွေသုံးပြီး စိတ်ဆိုးနေတာကနေစိတ်ကောက်နေတဲ့ မောင်အဖြစ်ဟန်ဆောင်ရပြန်သည်~

𝚆𝚒𝚗𝚗𝚎𝚛 𝙾𝚏 𝙻𝚘𝚟𝚎♡︎(Complete)Where stories live. Discover now