Part-16🏆

2.7K 357 20
                                    

Unicode;

Jungkook မိဘတွေဟာ Jimin အပြောကြောင့်ထိန့်လန့်‌ကုန်ကြသည်~အဘယ့်ကြောင့်ဆိုသော်သူတို့ရဲ့သားဖြစ်သူJungkookမှ တူဖြစ်သူနဲ့ Jejuမှာ Dinnerစေ့စပ်ပွဲ ကျင်းပမယ့်ကောင်လေးကို ခိုးပြေးသွားတယ်ဆိုတဲ့စကားကြောင့် တူဖြစ်သူရဲ့စေ့စပ်ပွဲလာဖို့ ကြိုတင်စီစဉ်ထားသည့် ‌ညအချိန်ဝယ်ထားတဲ့လေယာဉ်လက်မှတ်ကို အဆုံးခံပြီး ချက်ချင်းပင်လိုက်လာခဲ့ကြသည်~

သားလေးရော အဆင်မှပြေရဲ့Omma‌ ပေးတဲ့ပိုက်ဆံတွေကရောလောက်မှလောက်ရဲ့လား စိတ်ပူလိုက်တာသားလေးရယ်...
Jimin အိမ်မှာလုပ်တဲ့ နှစ်ဖက်မိဘတွေနဲ့ မိတ်ဆွေတချို့ကိုအသိ‌ပေးတဲ့စေ့စပ်ပွဲတုန်းကလည်း သူတို့မလာဖြစ်ခဲ့တာကြောင့် အားနာနေရပါတယ်ဆို... အခုသားဖြစ်သူလုပ်လိုက်တဲ့လုပ်ရပ်‌ကြောင့် သူတို့မျက်နှာတောင်ဘယ်လိုပြရပါ့မလဲဆိုပြီး Mrs Jeon တစ်ယောက်စိုးရိမ်နေရှာသည်...

Mr Jeon တစ်ယောက်မှာလည်း သူ့သားUs မှာမွှေရုံတင်အားမရလို့ Korea အထိမှာပါ... ပြဿနာပေါင်းစုံမီးကွက်ထွန်းရှာနေ‌တာကြောင့် တောက်တစ်ခေါက်ခေါက်နဲ့ကြိမ်းမောင်းနေတော့သည်~
.
.
.
.
တစ်ပတ် တစ်ပတ်ရှိနေပြီ Seokjin ဒီအခန်းထဲမှာနေနေရ‌တာဒီနေ့နဲ့ဆိုတစ်ပတ်ပြည့်ပြီ.. အမြဲလှုပ်လှုပ်ရှားရှားနေတဲ့သူ့အတွက် ဒီလိုတစ်ပတ်လုံးလုံးကုတင်ပေါ်မှာချည်းပဲ နေနေရတာဖြစ်တာ‌ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးထုံကျဉ်လာပြီ~

တစ်ပတ်အတွင်း သူ Jungkook ကိုစိတ်အနှောင့်အယှက်မျိုးစုံပေးခဲ့ပေမယ့် Jungkook ဘက်က ခပ်ပြုံးပြုံးရယ်... စာအုပ်တစ်အုပ်ပြီးတစ်အုပ်ဖတ်ခိုင်းလိုက်..ဟင်းတွေဆိုလည်းချေးများလိုက်အစားအသောက်တွေဆိုလည်းမရနိုင်တာတွေလုပ်ခိုင်းခဲ့တယ်....ရုပ်ရှင်ကားဆိုလည်းဟိုဟာကြည့်ချင်တယ်ဒီဟာကြည့်ချင်တယ်ဆိုပြီး ပူဆာလိုက်...Jungkook စိတ်အနှောက်ယှက်ဖြစ်အောင် နည်းမျိုးစုံလုပ်ခဲ့ပေမယ့် သူကမဖြစ်ဖြစ်အောင်လုပ်ပေးတတ်သည်~ညဘက်‌တွေဆိုလည်းJungkook ဟာ ခုတင်ရှေ့က Sofa ပေါ်မှာသူ့ကိုပုံပြင်တွေပြောပြပြီး သူအိပ်ပျော်သွားမှသာအိပ်တတ်သည်~အခုဆိုတကယ်စိတ်ရှုပ်နေရသူဟာသူကိုယ်တိုင်ပင်ဖြစ်နေပြီ စိတ်ညစ်ညစ်နဲ့ ခြေချင်းဝတ်မှာ ချိတ်ထားတဲ့သံကြိုးတွေကိုသာကြည့်ရင်း ဘာဆက်လုပ်ရမလဲတွေးနေမိသည်~

𝚆𝚒𝚗𝚗𝚎𝚛 𝙾𝚏 𝙻𝚘𝚟𝚎♡︎(Complete)Where stories live. Discover now