Part-24🏆

2.7K 322 35
                                    

Unicode;

"ကျုပ်ခင်ဗျားလေးကိုချစ်တယ်...
ခင်ဗျားလေးရဲ့နာမည်တောင်မသိပေမယ့် ခင်ဗျားလေးကိုကျုပ်သဘောကျတယ်
ခင်ဗျားလေးနဲ့ဆုံတာ အခုကျုပ်သိနေတဲ့ မှတ်ဥာဏ်နဲ့ဆို နှစ်ကြိမ်ပဲဆုံဖူးတာဆိုပေမယ့် ကျုပ်ခင်ဗျားကိုတကယ်ချစ်တာပါ ကျွန်တော်ခင်ဗျားလေးကိုချစ်ခွင့်ပြုပါ”

Seokjin နားထဲအထပ်ထပ်ကြားနေရတဲ့ စကားသံတွေ…

လူကမသိရင်အခုမှပဲရည်စားစကားအပြောခံရတဲ့ပုံစံလိုလိုရင်ခုန်သံတွေဟာဝုန်းဒိုင်းကြဲ..
ရေပတ်တိုက်ပြီးသည်အထိမူမမှန်တဲ့သူ ကိုယ်ကိုယ်ကို ထိန်းနေရတဲ့အဖြစ်...

Jeon Jungkook တို့က အပြောတွေနဲ့ချုပ်တတ်လွန်းလို့ လူကမူးမေ့လဲသွားနိုင်တယ်...ဒါတောင်ကိုယ်ကသူငယ်နှပ်စားမနူးမနပ်မဟုတ်လို့သာဘဲ ဒီလူသားကသိပ်ကိုစိုးမိုးလွန်းတယ်...

"ခင်ဗျားလေးငုပ်တုတ်ကြီးမေ့သွားတာလား"

Jungkookဆီကထွက်ပေါ်လာတဲ့ အသံချိုချိုကြောင့် လူကအခုမှရူးတော့လားပဲ...ခင်ဗျားလေး ခင်ဗျားလေးနဲ့ မသိရင် လူကိုချွဲနေတာများလား...

Seokjin;“ငါအိပ်ပျော်သွားလို့”

Jungkook;“မျက်လုံးဖွင့်ထားပြီးလည်းအိပ်တတ်တာလား!”

ပါးစပ်ကတွေ့ကရာ ပြီးပြီးရောဆိုပြီး ပြောပလိုက်တာ ထွက်သွားတဲ့စကားက ယုတ္တမဆန်ချက်~ဒါပေမယ့်လည်း Kim Seokjinသည် အချဉ်မဟုတ် ချောလဲရောထိုင်ပဲ~

Seokjin;“ဟုတ်တယ် ငါကမျက်လုံးဖွင့်ပြီးလည်းအိပ်တတ်တယ်...”

Jungkook;“ဒါဆိုခင်ဗျားလေး ကျုပ်ပြောတာမကြားလိုက်ဘူးပေါ့...”

Seokjin;“အင်း မကြားလိုက်ဘူး..”

Jungkook;“ကျုပ်ကမနည်းအားတင်းပြီးပြောထားရတာကို...”

Seokjin သတိထားမိသည် ဒီကောင်လေးစကားပြောရင်ကျုပ်ကျုပ်နဲ့ လူကိုနောက်တစ်မျိုးခြွေနေပြန်တာလား ဒါJungkook ရဲ့ဗျူဟာကြီးများလား..

𝚆𝚒𝚗𝚗𝚎𝚛 𝙾𝚏 𝙻𝚘𝚟𝚎♡︎(Complete)Where stories live. Discover now