Part-25🏆

2.8K 300 12
                                    

Unicode;

Seokjin;"ဒါဆိုမင်းအတိတ်မေ့ချင်ယောင်ဆောင်နေခဲ့တာလား Jeon Jungkook!!"

ဆော့ဂျင်အသံသည်ခပ်မာမာဖြစ်လာတာကြောင့် ဂျောင်ကုအလျင်အမြန်ရှင်းပြရတော့သည်~

"အဲ့လိုမျိုးမဟုတ်ပါဘူး မောင့်ကမ္ဘာငယ်ရယ်...
တကယ်တော့မောင်က မောင့်ကမ္ဘာငယ်နှုတ်ခမ်းလေးကိုခဏခဏနမ်း‌နေရင်းကနေ တစ်ခါနမ်းတိုင်းခပ်ရေးရေးပေါ်ပေါ်လာတတ်တဲ့ စကားသံတွေနဲ့ နမ်းရင်ထိုးခံတာတွေကနေ မှတ်မိသွားတာမျိုးပါ.. ဒါကလည်းသိပ်ကြာသေးဘူး..ပြောသေးတာကလည်း ဒီတိုင်း မောင့်ကမ္ဘာငယ်လေးဂရုစိုက်တာလိုချင်လို့"

Seokjin;"မပြောတာကမပြောတာပဲမလား မသိဘူးစိတ်ဆိုးတယ်မင်းကို!"

Jungkook;"ကိုယ်မချော့တတ်ဘူးနော် မောင့်ကမ္ဘာငယ် !"

Seokjin;"မင်းကလည်းမှားသေးတယ် ပြောတဲ့ပုံစံကလည်းရိုက်ပေါက်နော် ဂျွန်ဂျောင်ကု"

Jungkook;"‌ဝေ့လည်ကြောင်ပတ်တွေလျှောက်လုပ်မနေနဲ့ ချစ်တယ်သာပြော!"

Seokjin;"ဟ! ငါကအဖြေပြန်ပေးမယ်ပဲပြောတာလေ ချစ်တယ် လို့ပြောမှာမဟုတ်တာ ဂျွန်ဂျောင်ကုရ...အင်းးးးချစ်ဘူးလို့ပြောမှာလည်း ဖြစ်နိုင်တာပဲလေ"

Seokjin ညစ်ကျယ်ကျယ်ပြောလိုက်တော့ ဂျောင်ကုက ကုတင်ကိုမှီနေရာမှထိုင်လိုက်ပြီး ဆော့ဂျင်မေးဖျား‌လေးကိုလာကိုင်သည်~

Jungkook;"ပြော ချစ်တယ်လို့!"

ခေါင်းကိုဘယ်ပြန်ညာပြန်ရုန်းတော့ ပခုံးကနေသူ့ရင်ခွင်ထဲကို ဆွဲသွင်းခြင်းခံလိုက်ရသည်~

𝚆𝚒𝚗𝚗𝚎𝚛 𝙾𝚏 𝙻𝚘𝚟𝚎♡︎(Complete)Where stories live. Discover now