Part (1)

21.6K 779 6
                                    

"သမီးရေ သမီး"

"ရှင် မေမေ"

"ဆင်းလာတော့လေ နောက်ကျနေပီကွဲ့"
မေမေပြောမှ နှင်းကိုယ့်လတ်ပတ်နေရာကိုယ်ငုံကြည့်မိသည်။
"ဟုတ်တာပေါ့ တော်တော့်ကိုနောက်ကျနေပီပဲ"စိတ်တွင်းမှသာပြော၍ အလှပြင်းခြင်းကို အဆုံးသတ်လိုက်လေသည်။
ဒီနေ့က မေမေ့သူငယ်ချင်းတစ်ယောက်ရဲ့birthday partyတက်ဖို့ ပြင်ဆင်နေခြင်းပင်။

"လာပြီ မေမေရေ လာပီ"ဟုဆိုကာ အိမ်အောက်သို့ပြေးဆင်းလာလေသည်။

"သမီးရယ် ဖြေးဖြေးလုပ်ပါ ချော်လဲကုန်ပါအုံးမယ်"ရှပ်ပြာရှပ်ပြာဖြစ်နေသောသမီးဖြစ်သူအား ဒေါ်သန္တာစိတ်ပူနေမိသည်။
နှင်းပန်းချီသည် အသက်ပင်25ပြည့်တော့မည်။ကလေးစိတ်ကမပျောက်သေးပေ။

"ဒီမှာ ရော့ ဟိုရောက်ရင်မေမေ့သူငယ်ချင်းကိုbirthday presentဆိုပြီး ပေးလိုက်နော်"

"မေမေကလည်း မေမေကိုယ်တိုင်ပေးလေ"

"သမီးလေးနဲ့ရင်းနှီးစေချင်လို့ပါကွယ်"

"ဟုတ်"ခဏအကြာ သူမအဖေရောက်ပြီး နှင်းတို့ကားလေးမှာ သူမဆီသို့စတင်ထွက်ခွာလေသည်။

"ပွမ် ပွမ် ပွမ်"(ကားဟွန်းတီိးသံ)

"အော် ရောက်လာကြပီထင်တယ်"ဟုပြောနေသော ဒေါ်ရတနာမြင့်။
တံခါးဖွင့်ပေးလိုက်ရာ သူမ၏သူငယ်ချင်းဖြစ်သူ သန္တာအားတွေ့လိုက်ရသည်။
"ကဲ ရောက်လာပီပေါ့"

"အေးလေ ငါကနင့်မွေးနေ့ဆိုဘယ်တုန်းကလွတ်ဖူးလို့လဲ"

"အေးပါ"

"ဒါငါ့သမီးလေ နှင်းပန်းချီတဲ့"
နှင်းခဗျာ ဒေါ်ရတနာမြင့်ရဲ့အလှမှာ နစ်မြောနေဟန်ရှိသည်။ ဘေးကသူမအမေမိတ်ဆက်ပေးနေသည်ကိုတောင် ကြားဟန်မတူ။

"ဟဲ့ သမီး သမီးခေါ်နေတယ်လေ"

"အာ...sorryပါအန်တီ"

"အွန်း ရပါတယ် အန်တီ့နာမည်က ဒေါ်ရတနာမြင့်တဲ့"အိုး...လူတင်မကနာမည်ပါလှတာပါလားလို့ နှင်းထင်မိသည်။သူမပြုံးလိုက်ရင် ပါးချိုင့်ကလေးနဲ့ သွားတက်ကလေးကထင်းလို့။
ဒီလူရဲ့ အသဲနှလုံးကိုပြုစားထားသလား အန်တီရယ်။လှရက်လိုက်လေခြင်း။
"အဟမ်း အဟမ်း"သူမ သမီးငမ်းနေသည်ကိုသိသော ဒေါ်သန္တာက ချောင်းဟန့်လိုက်လေသည်။
အဲ့တော့မှ ရှက်ပြုံးကလေးဖြင့် သွားဖြီးပြလေသည်။ဒေါ်ရတနာမြင့်ကတော့ မလွယ်ကြောလေးပါလားဟုတွေးနေသည်။

"ဟို...ဒီမာ အန်တီအတွက်bithday presentပါ happy birthday ပါအန်တီ"

"ကျေးဇူးပါရှင့် လာ ဒီမာထိုင်ကြ"အန်တီကျွေးသောမုန့်များကို တဝကြီးစားပစ်လိုက်သည်။အန်တီမျက်နှာကြည့်လိုက် မုန့်စားလိုက် ပြုံးလိုက်ဖြင့် အလုပ်ရှုပ်နေလေရဲ့။စားပီးသော် အန်တီ့အားနှုတ်ဆက်၍ အိမ်ပြန်လာခဲ့လေသည်။
ညရောက်သော်လဲ နှင်းတစ်ယောက် မနက်ကတွေ့ခဲ့သော အန်တီ့အကြောင်း စဉ်းစားနေမိပြန်သည်။ မနက်ကျမှ အန်တီ့အကြောင်းမေမေ့ထံမှ စပ်စုမည်ဟုတွေးပီး အိပ်လိုက်လေသည်။

"Morningမေမေ morningဖေဖေ"

"Morningပါသမီး"
 
"လာထိုင်လေ ဒီကို"

"ဟုတ်"မျက်နှာကပြုံးစိစိနှင့်ဖြေလေသည်။

"ဘာလို့ ပြုံးစိစိဖြစ်နေတာတုန်း"

"ဟီး မေမေ့ကို မေးစရာလေးရှိလို့ပါ"

"အင်း မေးလေ"

"မနေ့က အန်တီ့အ​ေကြာင်းလေး သမီးကိုပြောပြပါလား"

"ရတနာ့အကြောင်းလား"အထူးအဆန်းဖြစ်နေသောသမီးအားကြည့်ကာမေးနေလေသည်။

"ဟုတ်"

"ရတနာကbussiness womanသမီးရဲ့"

"အော်...."

"အဲ့ဒါကြောင့် ခုထိယွကျားမရသေးတာ"

"မေမေကလဲ ဘာမှမဆိုင်ဘူးရော"

"ဆိုင်တယ် သမီးရေ ဆိုင်တယ် သူကဒီိအလုပ်ကိုပဲ လုပ်နေတော့ စိတ်ဝင်စားတဲ့ယွကျားလေးတွေကလာပြောပါတယ် ဒါမဲ့သူကငြင်းလွတ်တယ်လေ"

"ဟုတ်ပ့ သမီးရေ နင့်အမေသူငယ်ချင်းကိုစွံအောင်ဆိုပြီးဖေ့ဖေ့သူငယ်ချင်းနဲ့မိတ်ဆက်ပေးလိုက်တာ ဟိုကငြင်းလွတ်လို့ ငူငူငိုင်ငိုင်နဲ့ပြန်လာခဲ့ရတယ်"အ​ဖေဖြစ်သူမှရယ်လျက်ဝင်ပြောလေသည်။

*ဆက်ရန်*

အန်တီ့အား သိပ်ချစ်ပါသည် (Complete)Where stories live. Discover now