Part (25)

6.5K 463 43
                                    

"သမီးငယ်"

"ရှင်"အ၀တ်‌တွေထုတ်ရင်း သူမအားမော့ကြည့်ကာ ဖြေလိုက်သည်။

"အန်တီရေချိုးလိုက်အုံးမယ်"

"ဟုတ်"နှင်းလည်း အန်တီနေရာချပေးခဲ့တဲ့အခန်းထဲ အ၀တ်တွေထုတ်နေလိုက်သည်။

မကြာမီ နှင်းဖုန်းလေးမြည်လာ၍ ကြည့်လိုက်သည်။ နှင်း၏သူငယ်ချင်း နွေဦးပင်။

"ဟယ်လို"

"ဟယ်လို ဖေ-ိုးမရယ်"

"ကမရယ် အသာလုပ်ပါဟ"

"နင်ခုဘယ်မတုန်း"

"အန်တီ့အိမ်မှာ"

"အော် ကမ သူသာယာနေတာ"

"ဟဲဟဲ ဒါနဲ့ ငါစုံစမ်းခိုင်းထားတဲ့ကိစ္စအဆင်ပြေလား"

"အေး ဆက်စုံစမ်းတုန်း"

"အေးပါ ရရင် ငါ့ကိုချက်ချင်းအသိပေးနော်"

"အေးအေး"ထိုသို့ဆိုကာ ဖုန်းချလိုက်သည်။
အန်တီရေချိုးနေသည်မှာ ကြာနေသည်မို့ နှင်းတစ်ယောက် အန်တီ့အားစိတ်မချဖြစ်ကာ  သူမအခန်းထဲသို့၀င်သွားလိုက်သည်။

သူမအခန်းထဲသို့၀င်သွားသည်နှင့် ရေချိုးခန်းထဲမှ ရေသံကြားလိုက်မိသောကြောင့် အန်တီရေချိုးတာမပြီးသေးလို့ပဲဟုတွေးလိုက်မိသည်။ဒါကြောင့်မို့

"အန်တီရေ ရေချိုးနေတာကြာနေပြီနော် မြန်မြန်လုပ်"

"အွန်းပါ"ဟုဆိုလာသည်။ နှင်းလည်း သူမကုတင်နားထိုင်ကာ စောင့်နေလိုက်သည်။

ခနအကြာ

"ဂျောက်"(တံခါးဖွင့်သံညော်🥲)

"အန်တီ"ဟုတိုးတိုးလေးညည်းလိုက်မိသည်။ အန်တီရေချိုးခန်းထဲမှ တဘက်ကလေးတစ်ထည်သာ၀တ်ပြီး ရင်လျားကာ ထွက်လာသည်။ နှင်းမှာတော့ တွေတွေကြီး စိုက်ကြည့်နေမိသည်။

"ဟိတ် အဲ့လောက်ကြီးကြည့်မနေနဲ့လေကွယ်" ဟု မျက်နှာကလေးနီကာ ပြောလာသည်။ ကျွန်မရဲ့ချစ်ရသူက ရှက်သွေးဖြာနေသည်တဲ့လေ။ ထို့ကြောင့် နှင်းလည်း အန်တီ့အနားလေးကပ်ကာ နှုမ်းခမ်းလေးအား အနမ်းပေးလိုက်သည်။

"အောက်မှာစောင့်နေမယ်နော်"ဟု ပြောကာ အခန်းပြင်သို့ပြေးထွက်သွားသည်။

အန်တီ့အား သိပ်ချစ်ပါသည် (Complete)Where stories live. Discover now