Part (3)

8.1K 564 4
                                    

နောက်နေ့မနက်တွင်-

"ဟယ် သမီး အစောရီးနိုးလို့ပါလား"အမေဖြစ်သူမှ လှမ်းမေးလိုက်လေသည်။

"ဟုတ်တယ် မေမေ သမီးဒီနေ့ marketလေးသွားချင်လို့ ပီးတော့ ဟိုသုံးယောက်လဲ အလုပ်နားတော့နဲ့ သူတို့ပါခေါ်​သွားမလို့"

"အော် အင်းပါ အာ့ဆိုလဲ ဂရုစိုက်သွားနော်"

"ဟုတ်"နှင်းလည်း ကားမောင်းကာ ထွက်လာလေသည်။လမ်း၌လည်း ဘာဝယ်မည် ညာဝယ်မည်ဟူ၍လည်း တွေးလာလိုက်သေးသည်။

"တီ တီ တီ"(ကားဟွန်းသံ)

"အော် ငါတို့ထွက်ခဲ့မယ်"ဟုအော်ပြောလိုက်သော ရတီ။ နှင်းလည်း ထိုနေရာမှ ရပ်စောင့်နေလေသည်။ ခဏအကြာ သုံးယောက်စလုံး ကားပေါ်တက်လာသည်။ နှင်းလည်း ဘာမျှမပြောပဲ marketကိုသာမောင်းလာခဲ့သည်။

"ဟာ ကားလမ်းတွေကလည်း ကြပ်လိုက်တာ"ကား​ပိတ်နေ၍ စိတ်တိုနေသော ဒေါ်ရတနာမြင့်။

"အလျင်လိုနေရင် အမြဲတမ်းကားပိတ်တယ် စိတ်ပျက်လိုက်တာ"

"ဟုတ်တယ် သမီးရေ ဦးလေးတို့လည်း စောစောထွက်လာတာပဲ ဒီချိန်ကဒီလိုပဲ ကားကြပ်တယ် သမီးရဲ့" driverဦးလေးကြီးမှဝင်ပြောလေသည်။
ဒီနေ့ ရတနာရဲ့ သူငယ်ချင်းဖြစ်သူ စိန်ရွေရတနာဆိုင်ဖွင့်ပွဲကို သွား ရမည်ဖြစ်သည်။ ထိုနေ့မှပဲ ကားကပိတ်နေလေတော့သည်။

"ဟဲ့ ဒီနေ့ လူစည်လှချည်လားဟ"နှင်းမှ တအံ့တသြဖြင့်ပြောလေသည်။

"အေး ပိတ်ရက်မို့လို့လား မသိဖူး"(သူရ)

"လာပါ ဝင်ကြစို့"(နွေဦး)

"ဘုတ်"

"အား နာလိုက်တာ ရှင်လူတစ်ယောက်လုံးကိုတောင်မမြင်ဖူးလား" နှင်းမှခေါင်းကိုပွတ်ကာပြောနေလေသည်။
ခဏအကြာ ရတီတို့ဆီမှအသံထွက်လာလေသည်။

"Boss!!!"

နှင်းလည်း ကပြာကယာ ခေါင်းကိုမော့လိုက်သည်။

"အန်တီ"

"ဘာဖြစ်သွားသေးလဲ ခုနက အန်တီဝင်လာတာ မမြင်လိုက်လို့"

"ရပါတယ် ဘာမှမဖြစ်ပါဘူး"

"တကယ် အဆင်ပြေရဲ့လား"

"အင်း အ့ဆို အန်တီ့ကိုခွင့်ပြုအုံး"

"ဟုတ်"နှင်းမှမျက်နှာငယ်လေးဖြင့်ဖြေလေသည်။သူမသည်လည်း အမျိုးသားတစ်ယောက်နှင့် စကားများပြောကာထွက်သွားလေသည်။

ထိုအချိန်မှ သူမသူငယ်ချင်းတွေပြောတာကို ယုံတော့သည်။ ဒေါ်ရတနာမြင့်က အေးတိအေးစက် မိန်းမဆိုတာကို။
နွေဦးတို့ခဗျာ ဘေးနားကနေ ဘာပြောလို့ပြောရမှန်းမသိဖြစ်နေပုံပေါ်သည်။
နှင်းလည်း စျေးမဝယ်ချင်တော့၍ သူငယ်ချင်းတွေအား ထားခဲ့ကာ အိမ်သို့အရင်ပြန်လေသည်။

အိမ်သို့ရောက်သောအခါ သူမ မိခင်မှခေါ်နေတာတောင် မကြားတော့ပဲ အခန်းထဲသို့ဝင်သွားလေသည်။နှင်းသည် အလွန် အသဲနုသောမိန်းကလေးပင်။ နောက်ဆို သူ့အန်တီသူ့အပေါ် ရက်စက်ရင် သူဘယ်လိုလုပ်မည်နည်း။

သူမအဲ့တာတွေမစဥ်းစားတော့ပါ။ယခုခေါင်းကြည်စေရန်အတွက် ကော်ဖီဖျော်ကာ သောက်နေလိုက်သည်။

"ငါတော့ ရူးတော့မာပဲ အန်တီနဲ့တွေ့တာ နှစ်ကြိမ်ပဲရှိသေးတယ် အဲ့တာကိုတောင် ငါက ဒီလောက် အန်တီ့ကို စွဲလမ်းနေပြီလား" စိတ်တွင်းမှသာပြောနေမိသည်။

အန်တီရယ် အန်တီ့ကြောင့် ဒီ​ကောင်မလေး ရူးတော့မယ် အန်တီရဲ့။

*ဆက်ရန်*

အန်တီ့အား သိပ်ချစ်ပါသည် (Complete)Where stories live. Discover now