Part (7)

7.9K 528 5
                                    

တစ်လအကြာအထိ  အရာရာဟာပုံမှန်အတိုင်းပင်။ တစ်ညနေခင်းတွင်

"အန်တီ ခနနေ ONG companyကဦးမျိုးအောင်နဲ့ projectကိစ္စဆွေးနွေးဖို့ သွားရပါမယ် အန်တီ"

"OK OK ဘယ်နှနာရီချိန်းထားလဲ"

"5နာရီခွဲချိန်းထားပါတယ်"

"ကျစ် အိမ်ပြန်တော့နောက်ကျတော့မာပဲကွာ"အန်တီက စိတ်ပျက်စွာပြောလေသည်။

"သမီးလည်း လိုက်ခဲ့ရမာနော်"

"ရှင် ဒါမဲ့...."

"ဘာမှဒါပေမဲ့ မနေနဲ့ လိုက်ဆိုလိုက်ခဲ့ ဒါအထက်လူကြီးအမိန့်!"

"ဟုတ်"5နာရီကနှင်းတို့ရုံဆင်းချိန်ဖြစ်သည်ကတစ်ကြောင်း သူမအိမ်ကို အိမ်ပြန်နောက်ကျလျှင်လည်း သူမမိခင်ဆူမည်ဖြစ်သည်ကတစ်ကြောင်း ကြောင့်သူမစိတ်ညစ်သွားလေသည်။

"သွားမယ် ငိုင်မနေနဲ့"

နှင်းအသာအယာခေါင်းငြိမ့်ပြလေသည်။'ဟူး အိမ်ပြန်ရောက်မှပဲ အမေတို့ကို နောက်ကျရတဲ့အကြောင်းသေချာရှင်းပြတော့မယ်'စိတ်ထဲမှပြောနေလေသည်။

နှင်းကdriverဘေးဝင်ထိုင်ပြီး အန်တီကနောက်ခန်းတွင်ဝင်ထိုင်လေသည်။

"ဦးလေး diamond hotelကိုမောင်းပေးနော်"နှင်းမှဝင်ပြောလေသည်။ နှင်းတို့ကားလေးသည် တရွေ့ရွေ့နှင့်ထွက်ခွာသွားတော့သည်။
Hotelသို့ရောက်သော် နှင်းမှကားပေါ်က အလျင်အမြန်ဆင်းကာ သူ့အန်တီအတွက် တံခါးဖွင့်ပေးလေသည်။သူမတို့ရောက်သော်လည်း ဦးမျိုးအောင်မှာ ခုထိမရောက်သေးပေ။ခနအကြာမှရောက်လာလေသည်။

"ဆောရီးဗျာ ကျွန်တော်လမ်းမှာ ကားပိတ်နေလို့"ပြုံးပြုံးလေးပြောနေသော ဦးမျိုးအောင်။

"ရပါတယ် ကိစ္စမရှိပါဘူး"အန်တီမှ မျက်နှာခပ်တည်တည်ဖြင့် ပြန်ဖြေသည်။

"ဒါနဲ့ သူက..?"

"သူက ကျွန်မရဲ့secretaryပါ ဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ပါဘူး ကျွန်တော်က ရတနာတစ်ယောက်ထဲ လာမယ်ထင်လို့ပါ"

"ဘာလဲ ခေါ်လာလို့မရဘူးလား"

"မဟုတ်ပါဘူးဗျာ ရပါတယ်"မျက်နှာ မအီမသာဖြင့်ဖြေနေသော ဦးမျိုးအောင်။

နှင်းခဗျာ သူမတို့နှစ်ယောက်ပြောနေသည်ကိုနားမလည်၍ အန်တီကိုတစ်လှည့် ဦးမျိုးအောင်ကိုတစ်လှည့်ကြည့်နေသည်။

"အဲ့တာဆို အလုပ်ကိစ္စပဲပြောကြရအောင်"

"ဟုတ်ပါပီ"နှင်းလည်း သူတို့အလုပ်ကိစ္စပြောနေသည်ကိုနားမထောင်တော့ပဲ ဗိုက်ဆာ၍ ရှေ့ကမုန့်တွေကိုပဲ တစ်ခုပြီးတစ်ခုထိုင်စားနေလေသည်။

"အ့ဆို ဒီလိုပဲလုပ်ကြတာပေါ့"

"ဟုတ်ကဲ့ ဒါဆိုအောင်မြင်တဲ့အထိမ်းအမှတ်အနေနဲ့ ကျွန်တော် ညစာကျွေးပါရစေ"

"တော်ပီ ကျွန်မလည်း နောက်ကျနေပြီမို့ ပြန်တော့မယ်"ထပြန်တော့မည်ဖြစ်သည့်အန်တီ့အား ထိုလူသည် လက်ကိုပိုင်စိုးပိုင်နက်လှမ်းဆွဲ၍ ဖက်လိုက်သည်။

"ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ့်ဆီနောက်တစ်ခေါက်လောက် ပြန်လာပေးလို့မရဘူးလားဟင်"
အန်တီသည် သူ့ဆီမှ အတင်းရုန်းထွက်၍ပါးရိုက်လိုက်လေသည်။

"ဖြန်း"

"ကျွန်မရှင့်ကို အလုပ်ကိစ္စပဲပြောလို့​ ပြောထားတယ်နော် နောက်ပီး ထပ်ပြောလိုက်မယ် ရှင်နဲ့ကျွန်မဘာမှမဆိုင်တော့ဘူး အခုprojectကိုလည်း ကျွန်မဘက်ကစပြီး ဖျက်သိမ်းတယ်" နှင်းလည်း မုန့်စားနေရင်း ဖြစ်သွားသောအဖြစ်အပျက်များကို ကျောက်ရုပ်သဖွယ်စိုက်ကြည့်နေလေသည်။

"လာ သမီး သွားမယ်"ဟုဆိုကာ ရှေ့မှ ခြေလမ်းကျဲကျဲဖြင့်သွားလေသည်။နှင်းလည်း ကြောက်ကြောက်ဖြင့်နောက်မှလိုက်သွားသည်။သို့သော် ဦးမျိုးအောင်၏ တောက်ခေါက်သံ ပြင်းပြင်းတစ်ချက်ကိုတော့ ကြားဖြစ်အောင်ကြားခဲ့သေးသည်။
ကားထဲတွင်လည်း အံကိုတင်းတင်းကြိတ်ထားသော အန်တီ့အား ကားနောက်ကြည့်မှန်မှကြည့်နေမိသည်။

'အတိတ်က ဟိုဦးလေးနဲ့ ဘယ်လိုများပတ်သက်ခဲ့လို့လဲ အန်တီရယ်'ဟုစိတ်ထဲမှသာ မေးမိပါသည်။

*ဆက်ရန်*

အန်တီ့အား သိပ်ချစ်ပါသည် (Complete)Where stories live. Discover now