Part (20)

7K 514 41
                                    

ကျွန်မလည်း အိမ်ကိုပြန်ရောက်သည်နှင့် အခန်းထဲဝင်ကာ ရေချိုးနေလိုက်သည်။ သိပ်မကြာ အောက်ထဲမှ မေမေ့၏အော်ပြောသံအားကြားလိုက်သည်။

"သမီးရေ ရေချိုးပြီးဆင်းလာခဲ့အုံးနော်"ဟုဆိုလေသည်။ ကျွန်မရေချိုးခန်းထဲမှ'ဟုတ်'ဟုလှမ်းအော်သော်လည်း မေမေကြားမည်မဟုတ်ပေ။

ကျွန်မလည်း ရေအမြန်ချိုးလိုက်ကာ မေမေရှိရာ အောက်ထပ်သို့ဆင်းလာခဲ့သည်။

ဒေါ်ရတနာမြင့် သူမအမေထိုင်နေတဲ့ ဆိုဖာခုံမျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်နှင့်

"သမီး"

"ရှင်"

"သမီးကိုမေမေ မေးစရာရှိတယ် အမှန်တိုင်းဖြေနော်" ဒေါ်ရတနာမြင့်တစ်ယောက်ရင်ထိတ်သွားသည်။

"ဟုတ်မေမေ မေးပါ"

"သမီး နှင်းလေးနဲ့တွဲနေကြတယ်ဆို ဟုတ်လား"

"အို...."

"ဟုတ်တယ်မလား"အန်တီတစ်ယောက် အလွန်ရှက်လွန်းသဖြင့် မျက်နှာရှိ ပါးမို့မို့ကလေးများမှာ နီရဲနေလေသည်။ထို့အပြင် ခေါင်းကိုပါငုံထားလေသည်။

"ဟုတ်.."ထိုအသံသည် အင်မတန်မှတိုးလှသည်။

"ကျယ်ကျယ်ပြောလေ"သူမ၏သမီးရှက်နေပုံကိုကြည့်၍ စချင်လာသဖြင့် ထိုသို့ပြောလိုက်သည်။

"ဟုတ် အဟင့် ဟင့်"ငိုသံကလေးဖြင့်ပြောလာသောသူမ။

"အမလေး ဒေါ်ရတနာမြင့်ရယ် လူတစ်ယောက်အပေါ် တစ်ယောက်ချစ်မိတာကို ငိုစရာပါလား"ပြုံးစစဖြင့်ပြောလာသော ဒေါ်ခင်ရတနာ။ ခေါင်းလေးဆက်ခနဲမော့ကြည့်လာသော အန်တီ။

"ဟင် မေမေဘာပြောလိုက်တာလဲ"

"သမီးရယ် လူတစ်ယောက်ကတစ်ယောက်အပေါ်ချစ်မိတာ အပြစ်မဟုတ်ပါဘူး ဒါပေမဲ့အဲ့ဒီလူကိုတော့ မှန်ကန်စွာနဲ့ရွေးချယ်တတ်ဖို့တော့လိုလိမ့်မယ်"

"အာ့ဆို မေမေသမီးတို့ကိုသဘောတူလားဟင်" အဖြေအားမျှော်လင့်ချက်ကြီးသောမျက်ဝန်းဖြင့် ကြည့်နေသော အန်တီ။

"အင်း တူပါတယ်"

"ဟီး ပျော်လိုက်တာ မေမေရယ်"ဟုဆိုကာ ထိုင်နေရာမှထလိုက်ပြီး သူမအမေအားသွားဖက်လိုက်သည်။
အပျော်လွန်၍ မျက်လုံးလှလှပေါ်မှ မျက်ရည်များစီးဆင်းနေလေသည်။

အန်တီ့အား သိပ်ချစ်ပါသည် (Complete)Donde viven las historias. Descúbrelo ahora