Chapter 4

11.5K 1.2K 11
                                    

ကုယန်က သူ့ရဲ့ကတိကို သူတည်ခဲ့တယ်။ နာကျင်မှုကို သိပ်မခံစားရတော့ပေမယ့်လည်း နာကျင်မှုကတော့ ရှိနေသေးသည်။

မျက်ရည်တွေက ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကြောင့်လည်း ကျဆင်းလာနိုင်သလို စိတ်ပျက်အားငယ်မှုကြောင့်လည်း ကျဆင်းလာနိုင်သေးသည်။

ငါကဘယ်တုန်းကမှ မကောင်းတာကို မလုပ်ခဲ့ဖူးဘူး! ဒါပေမယ့် ဘာလို့ငါ့ကျမှ ဒီလိုအရာတွေကို ရင်ဆိုင်နေရတာလဲ?

ဆောင်းရာသီပိတ်ရက် နှစ်လအတွင်းမှာပဲ ကုယန်ကငါ့ကို ဆယ့်နှစ်ကြိမ်တောင် အတင်းလိင်ဆက်ဆံသွားခဲ့တယ်! သူကအမြဲတမ်းပဲ ရုတ်တရက် ငါ့အခန်းထဲ ဝင်လာပြီးတော့ သူ့ဆန္ဒတွေ ပြည့်မြောက်သွားတာနဲ့ ထွက်သွားတော့သည်။

ငါကသူ့ရဲ့အကျင့်တွေကို ကျင့်သားရနေခဲ့ပြီးတော့ ငါ့ရဲ့အရှက်သိက္ခာကို စော်ကားတိုင်း ငါကမျက်စိတစ်ဖက် ပိတ်ပြီးတော့သာ ဘာမှမပြောပဲ လျစ်လျူသာရှုပြီးတော့ နေခဲ့ရတယ်။

လူတွေကလည်း အိမ်မွေးတိရစ္ဆာန်တွေလို ဖြစ်သွားနိုင်တယ်! အခုတစ်လော အဲ့ဒီ့လို မသင့်တော်တဲ့ကိစ္စမျိုး လုပ်နေတဲ့အချိန်မှာတောင် ငါ့ခန္ဓာကိုယ်က အလိုအလျောက် တုံ့ပြန်ပြီးတော့ သာယာမှုကိုတောင် ခံစားလာနိုင်သည်။

တစ်ချိန်လုံးမှာ ငါစိတ်ပူနေတဲ့ တစ်ခုထဲသောအချက်ကတော့ ငါကကုယန်ရဲ့ ကျွန်တစ်ယောက်လို ဖြစ်သွားမှာကိုပင် ဖြစ်သည်။

နောက်ဆုံးမှာတော့ ငရဲနဲ့ ထပ်တူကျတဲ့ ဆောင်းရာသီအားလပ်ရက်ကလည်း ပြီးဆုံးသွားခဲ့သည်။ ငါကလည်း အထက်တန်းကျောင်း ဒုတိယနှစ်ကို တက်ရောက်နေရပြီ ဖြစ်တာကြောင့် ကျောင်းစာတွေက အရမ်းများလာကာ ငါ့ကိုတောက်လျှောက် စာနဲ့သာ အလုပ်ရှုပ်နေစေခဲ့သည်။

အထက်တန်းကျောင်း ပထမနှစ်တက်တဲ့အချိန်မှာတော့ ငါ့အမေကငါ့ကို ပုဂ္ဂလိကကျောင်းကို အလွယ်တကူ ကူးပြောင်းပေးနိုင်ခဲ့သည်။ အခုငါတက်နေတဲ့ ပုဂ္ဂလိကကျောင်းမှာ နာမည်ကြီးကျောင်းတစ်ကျောင်း ဖြစ်တာကြောင့် တစ်နှစ်၊တစ်နှစ် တက်ရောက်ဖို့ စာရင်းပေးတဲ့ ကျောင်းသားအရေအတွက်က မယုံနိုင်လောက်အောင် ကြီးမားလွန်းသည်။

ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။Where stories live. Discover now