Chapter 30 ( Final )

16.8K 1.2K 70
                                    

ဘွဲ့ရပြီးတဲ့နောက်မှာတော့ ကုယန်က ပြည်တွင်းရှိ နာမည်ကြီး ဆေးဝါးကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်နိုင်ခဲ့လေသည်။ ထိုကုမ္ပဏီဘက်က ကမ်းလှမ်းလာသည့် လစာမှာ အံ့အားသင့်စရာ ကောင်းလောက်အောင် တခြားဘွဲ့ရကျောင်းသားတွေထက် များပြားနေခဲ့လေသည်။ ဒါပေမယ့်လည်း ကုယန်ရဲ့ ကုအိမ်တော်ကို ပြန်မသွားပဲ မိသားစုစီးပွားရေးကို လက်လွှဲမယူဘူးဆိုသော အချက်ကိုတော့ ငါ.... တစ်ကယ့်ကို အံ့ဩခဲ့ရသည်။

ငါ... သူ့ကို အကြောင်းအရင်းက ဘာလဲလို့ မေးကြည့်လိုက်တဲ့အခါမှာ သူက 'အဲ့ဒါတွေက သူ့အဖေရဲ့ စီးပွားရေးတွေသာ ဖြစ်ပြီး သူပိုင်ဆိုင်တဲ့အရာတွေ မဟုတ်ဘူး!'လို့ ပြောလာခဲ့တယ်။

နှစ်အများကြီး ကြာပြီးတဲ့နောက်မှာတော့ ငါ.... ကုမိသားစုနဲ့ ပတ်သက်ပြီး အတွင်း၊ အပြင် ကိစ္စတွေ တော်တော်များများကို နားလည်လာခဲ့တယ်။

သူ့ရဲ့ကုမ္ပဏီ အခုအချိန်လို အခြေအနေမျိုး ဖြစ်လာဖို့အတွက် သူကိုယ်တိုင်သာ ကြိုးစားခဲ့တာဖြစ်ပြီး ငါ့ပထွေးရဲ့ အကူအညီကို မယူခဲ့ပေ။ သူရဲ့ကြိုးစားမှုတွေထဲမှာမှ စီးပွားရေးအကွက်တွေနဲ့ စာချုပ်တွေက စီးပွားရေးသမားတွေနဲ့ ပတ်သက်နေတာမျိုး မဟုတ်ပဲ နိုင်ငံရေး အဆက်အသွယ် ဆိုသည်မှာလည်း လိုအပ်လေသည်။

ဒါပေမယ့် ကုယန်က ငါ့အနေနဲ့ အဲ့ဒီ့ကိစ္စတွေကို သင်ယူစရာမလိုပဲ စာကိုသာ ကြိုးကြိုးစားစား သင်ယူဖို့ လိုအပ်သည်ဟု ပြောလာခဲ့တယ်။

အဲ့ဒါကြောင့် ငါကလည်း သူ့ရဲ့စကားကို နားထောင်ခဲ့တယ်!

နှစ်နှစ်ကြာပြီးတဲ့နောက်မှာ ငါလည်း ဘွဲ့ရခဲ့ပြီး ဘွဲ့လွန်သင်တန်းကိုလည်း ထပ်တက်ခွင့်ရခဲ့တယ်!

ကုယန်က ငါ့ရဲ့ဘွဲ့ယူအခမ်းအနားကို လာခဲ့ပြီး တခြားဘွဲ့ယူကျောင်းသားတွေရဲ့ မိဘတွေနဲ့အတူ ထိုင်ခဲ့တယ်။

တစ်ကယ်တမ်းတော့ ငါ့ရဲ့အဆင့်တွေမှာ မျှချေအဆင့်လောက်သာ ရှိတာဖြစ်ပြီးတော့ ငါ့ရဲ့စာသင်နှစ်ရှိ အရည်အချင်း ပြည့်ဝတဲ့ ကျောင်းသားတွေထဲမှာ အလယ်အလတ်အဆင့်လောက်သာ ရှိတာမျိုးဖြစ်သည်။ ငါက ဘွဲ့ရပြီးတာနဲ့ ပုံမှန်အလုပ်တစ်ခုမှာ ဝင်လုပ်ပြီးတော့ ငါ့ကိုယ်ငါ ပြန်ထောက်ပံ့ဖို့ စဉ်းစားထားခဲ့တာ ဖြစ်ပေမယ့် ကုယန်မှာ ငါက ပညာရေးနဲ့ ပိုပြီးသင့်တော်တယ်လို့ ပြောခဲ့တယ်။

🎉 You've finished reading ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။ 🎉
ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။Where stories live. Discover now