Chapter 23

8.8K 850 7
                                    

"ကိုယ်က သေချာပေါက်... မင်းနဲ့အတူတူ နေပေးမှာပေါ့!" ကုယန်က ငါ့ရဲ့ဆံပင်ကို ညင်ညင်သာသာ ပွတ်သပ်ပေးလိုက်ပြီး ငါနဲ့အတူတူ အိပ်ရာပေါ်မှာ ပြန်လှဲလျောင်းပေးလိုက်တယ်!

ငါ..... သူ့လက်မောင်းက ဒဏ်ရာကို မွငျလိုကျရတဲ့အခြိနျမှာဝောာ့ မနေနိုင်ပဲ သွေးထွက်နေတဲ့ သွားရာပုံစံအကွင်းကို ညင်သာစွာလျှက်ဖို့ ငါ့ရဲ့လျှာကို ထုတ်ခဲ့တယ်။

ငါ..... အရာအားလုံးအတွက် စိတ်မကောင်းဖြစ်တယ်လို့တော့ မခံစားရဘူး : ဒီနာကျင်မှုက ကုယန်... ငါ့ဆီမှာ အကြွေးတင်နေလို့ ဖြစ်လာတဲ့အရာပဲလေ! သူက အရမ်းဆိုးခဲ့တာမို့လို့ အကိုက််ခံရဖို့ ထိုက်တန်တယ်!

ဒါပေမယ့်လည်း ငါ.....သူ့ကို စိုးရိမ်နေတုန်းပဲ!

စဉ်းစားကြည့်လိုက်မယ်ဆိုရင် သူက အရမ်းဆိုးတဲ့လူတစ်ယောက်တော့ မဟုတ်ခဲ့ဘူး!

အခုအချိန်မှာတော့ ငါ.... သူ့အပေါ် ဘယ်လိုခံစားနေရလဲ ဆိုတာကို ငါပြောပြလို့ မရနိုင်ဘူး! ဒါပေမယ့် တစ်ကယ်လို့ တစ်နေ့နေ့မှာ ငါက အိမ်ခြေရာမဲ့တစ်ယောက် ဖြစ်သွားရင်တောင်မှ ကုယန်ကတော့ ငါ့အနားမှာ အမြဲရှိနေမှာကို ငါသေချာသိနေတယ်။

ငါက သန်မာပြီး အမှီအခိုကင်းတဲ့ လူတစ်ယောက် မဟုတ်ပေမယ့် အဲ့ဒါက ကိစ္စမရှိဘူး! ဘာလို့လဲဆိုတော့ ငါကအမြဲတမ်း အဲ့လိုလူတစ်ယောက်ပုံစံမျိုး ဟန်ဆောင်နေတတ်လို့ပဲ!

ငါ့အပေါ် ဘာမဆို ကောင်းပေးတဲ့ လူတစ်ယောက်ကို မမေ့တတ်တာက ငါ့ရဲ့အကျင့်တစ်ခု ဖြစ်လောက်တယ်!

ငါ့ရဲ့ခံစားချက်တွေက ကုယန်ရဲ့ ကိုယ့်ဘာသာကို အာသာဖြေနေတဲ့ပုံစံကို ကြည့်ပြီးသွားတဲ့နောက်မှ ပြောင်းလဲသွားတယ် ဆိုပေမယ့်လည်းပေါ့.......

ငါကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို သေချာနားမလည်တော့ဘူး။ လူအများက အဲ့ဒီ့လိုပုံစံတွေကြီးပဲမို့လို့ ငါလည်း.... ငါ့ရဲ့အလိုဆန္ဒနဲ့ ပင်ကိုဗီဇ စကားကိုပဲ နားထောင်ဖို့ တတ်နိုင်ခဲ့တယ်!

အဲ့တာက အသက်ရှင်ဖို့ အလွယ်ကူဆုံး နည်းလမ်းပဲ!

ကုယန်ကနေပြီးတော့ ငါ့ကိုချစ်လာစေချင်တယ်! ပြီးတော့ ငါကလည်း ကုယန်ကို ချစ်ချင်မိတယ်!

ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။Where stories live. Discover now