Chapter 24

8.3K 884 9
                                    

ကျောင်းကန်တင်းမှာရှိတဲ့ ကြက်ကင်က ငါ့ရဲ့အကြိုက်ဆုံးဟင်းလျာ ဖြစ်တယ်။ အဲ့တာကို တစ်လလောက်အထိ ငြီးငွေ့အောင် စားပြီးတာတောင်မှ ငါကြိုက်နေတုန်းပဲ။

အဲ့တာက ငါ့မှာ အစားအစာနဲ့ ပတ်သတ်ပြီး မြင့်မားတဲ့ ကန့်သတ်ချက်တွေ မရှိတာကြောင့်လည်း ဖြစ်နိုင်တယ်။ ပြီးတော့ ငါက အစားအစာတစ်ခုကို အချိန်တိုင်းစားနေလို့လည်း အလွယ်တကူ နေမကောင်း မဖြစ်တတ်ဘူးလေ....

ကုယန်က 'S တက္ကသိုလ်'မှာ စာသင်ကြားနေတာတောင်မှ သူက ကန်တင်းမှာ သိပ်စားလေ့မရှိဘူး

ငါ့ဘေးနားကနေ သူ့အကြောင်းကို ပြောနေကြတဲ့ အသံတွေ ကြားလိုက်ရတယ်။ သူတို့တွေထဲက အများစုကတော့ နူးညံ့ပြီး သိမ်မွေ့တဲ့ မိန်းကလေးတွေပင်.....

ငါ..... ကြက်သားအပိုင်းတစ်ခုကို ကိုက်နေတဲ့အချိန်မှာပဲ ငါ့ဘေးမှာထိုင်ပြီး စားနေတဲ့ ကုယန်ကို ကြည့်လိုက်ပြီး တိုးတိုးလေး ပြောခဲ့တယ်။ "သူတို့တွေအကုန်လုံး မင်းကို ကြည့်နေကြတယ်!"

ကုယန်ကလည်း သူ့မှာ ဆွဲဆောင်မှုတစ်ခု ရှိနေတာကို သိပြီးသားဖြစ်သည်။ ကုယန်က သူ့ရှေ့ပန်းကန်မှာ ရှိနေတဲ့ အသားကို အဆင့်အတန်းရှိစွာ သေသေသပ်သပ်နဲ့ စားသောက်နေခဲ့တာဖြစ်သည်။

သူတို့နှစ်ယောက်လုံး အစားကို ဖြည်းညင်းစွာ စားခဲ့ကြတယ်။ သူကတော့ သူဌေးတွေရဲ့ ကျင့်ဝတ်ကြောင့် ဖြစ်ပြီးတော့ ငါကတော့ စားနေကျ ဖြစ်တာကြောင့် ဖြေးဖြေးချင်းနဲ့ အရသာခံပြီး စားခဲ့လေသည်။

ငါ.... ခေါင်းမော့ကြည့်လိုက်တော့ ကုမင်ကျန်းက ကန်တင်းထဲကို ဝင်ထိုင်လာခဲ့ပြီး ချန်လင်းကလည်း ဘေးကနေ လိုက်ပါလာတာကို မြင်ခဲ့ရတယ်။

ငါက ပျော်ရွင်စွာနဲ့ပဲ သူတို့ကို လာဖို့ဖိတ်ခေါ်လိုက်ပြီး ကုယန်ကို ငါ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ဖို့ မစောင့်နိုင်တော့ပေ။

ဒါပေမယ့် မမျှော်လင့်စွာနဲ့ပဲ အရင်နှုတ်ခွန်းဆက်လာတာက ကုမင်ကျန်း ဖြစ်နေခဲ့တယ်။ "ယန်ကောလည်း ဒီမှာရှိနေတာလား?!"

ငါ့မျက်လုံးတွေက ကျယ်သွားပြီး ငါ့အကြည့်တွေကို ကုယန်ကနေ ကုမင်ကျန်းဆီ ပြောင်းကြည့်လိုက်တော့သည်။

ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။Where stories live. Discover now