Chapter 20

8.9K 955 3
                                    

"မင်း.... ကိုယ်နဲ့အတူတူ လိုက်ခဲ့ချင်လား?" ကုယန်က အရှေ့ကို အနည်းငယ် ကိုင်းလိုက်ပြီး တိုးလျတဲ့အသံနဲ့ ငါ့ကိုမေးလာခဲ့တယ်။

ငါ သူ့ကိုကြည့်လိုက်ပြီး သတိလက်လွတ်နဲ့ပဲ ခေါင်းညိတ်ပြလိုက်မိတယ်။

ကုယန်က ငါ့ရဲ့ခေါင်းနဲ့ ပခုံးပေါ်မှာရှိတဲ့ နှင်းမှုန်တွေကို ဖယ်ပေးလိုက်ပြီး ငါ့ရဲ့လက်တစ်ဖက်ကို ယူလိုက်ကာ သူ့ကုတ်အင်္ကျီရဲ့ အိတ်ကပ်ထဲမှာ ထည့်ထားလိုက်တယ်။

သူ့ရဲ့လက်ဖဝါးတွေက ပူနွေးနေပြီးတော့ သူ့ရဲ့အိတ်ကပ်တွေကလည်း ငါ့အတွက် နွေးထွေးမှုကို ပေးစွမ်းနေခဲ့တယ်။

ငါ..... သူ့ကို ငါ့ရဲ့နောက်လက်တစ်ဖက်ကလည်း အရမ်းအေးနေတယ်လို့ ပြောချင်ခဲ့တယ်။

ဒါပေမယ့် အဲ့တာက ကလူကျီစယ်သလိုမျိုး ဖြစ်နေတယ်လို့ ငါတွေးမိလိုက်သောကြောင့် မပြောဖြစ်တော့ပေ...

ကုယန်က လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့ပြီး သူရဲ့ပုံစံမှာ တစ်ခုခုကို အသည်းအသန် စဉ်းစားနေတဲ့ပုံ ပေါက်နေခဲ့တယ်။ သူ့မျက်နှာပေါ်မှာရှိတဲ့ အမူအရာမှာ.... ငါ့ရဲ့တက္ကသိုလ်ဝင်ခွင့် စာမေးပွဲနေ့တုန်းက ကားထဲမှာ ထိုင်စောင့်နေရင်း အပြင်ဘက်မှာရှိတဲ့ လမ်းသွားလမ်းလာတွေနဲ့ တစ်ခြားကားတွေကို ကြည့်နေတဲ့ မျက်နှာအမူအရာနဲ့ တူနေခဲ့တယ်။

ကုယန်က ဘာတွေကို တွေးနေလဲ ဆိုတာကို ငါမခန့်မှန်းနိုင်ပေမယ့်လည်း သူ့ရဲ့နွေးထွေးမှုကိုတော့ လောဘကြီးစွာနဲ့ တောင့်တနေမိတယ်။

လူအနည်းငယ်ကသာ ဓာတ်ခွဲခန်းအဆောက်အဦးနားမှာ ဖြတ်သန်းသွားလာနေကြတာကြောင့် နှင်းတွေပေါ်မှာ ရိက်နှိပ်ထားတဲ့ သူတို့ရဲ့ခြေရာတွေက တော်တော်နဲ့ မပျက်ပြယ်သွားခဲ့ပေ....

နှင်းမှုန်တွေကို သယ်ဆောင်လာတဲ့ လေပြင်းက မြင်ကွင်းတွေကို မှုန်ဝါးသွားအောင် လုပ်နိုင်စွမ်းရှိခဲ့ပြီး ငါတို့ဆီကို အလုအယက်လတိုက်ခတ်လာခဲ့ကြတယ်။ ငါက ကုယန်ကိုကြည့်ဖို့အတွက် ခေါင်းကိုလှည့်လိုက်တယ် : နှင်းမှုန်တွေကြောင့် သူ့ရဲ့ပုံစံက ပိုပိန်သွားသလို ခံစားရစေပြီး သူ့ရဲ့လှပတဲ့ နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားလေသည်။ သူက တစ်ခုခုကို တောင့်ခံနေတဲ့ ပုံပေါက်နေခဲ့တယ်!

ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။Where stories live. Discover now