3.3

3.8K 556 46
                                    

Zawgyi

ကျန်းမိသားစုအစည်းအဝေးကို ရောက်သည့်အခါမှာတော့ သူထင်ထားသလို ကျိုးမင်လန်ဟာ အပြင်အပေါက်ဝ၌သာ စိုးရိမ်သောတများနေသည့်မျက်နှာဖြင့် ရပ်နေပြီး ကျိုးမူပိုင်ကိုမြင်တော့ မုန်းတီးစွာ စိုက်ကြည့်လာတော့သည်၊

ကျိုးမူပိုင်ဟာ ကျိုးမင်လန်ကို မျက်နှာသေနဲ့သာ စိုက်ကြည့်ပြီးနောက်မှာ ဘေးကနေဖြတ်ကာ သွားလိုက်ပေမယ့် ကျိုးမင်လန်ဟာ ယိုင်နဲ့သွားကာ ကြမ်းပြင်ပေါ် လဲကျသွားတော့သည်၊တိုက်ဆိုင်စွာပင် ထိုချိန်မှာ ကျန်းဝူဟွမ်တို့ဟာလည်း ရောက်လာတော့သည်၊

"ကျိုးမူပိုင် မင်လန်ကို မင်းဘာလုပ်လိုက်ပြန်တာလဲ" ကျန်းဝူဟွမ်ဟာ အနားရောက်လာပြီး ကျိုးမူပိုင်ကို စိတ်ပျက်နေသည့်အသံနဲ့ ပြောဆိုလာချိန်မှာ ကျိုးမင်လန်ဟာလည်း သနားစရာကောင်းအောင် မျက်နှာလေးကိုညှိုးထားပြီး ကျန်းဝူဟွမ်ကို မော့ကြည့်ကာ

"ဝူဟွမ် အဲ့တာ ငါ့အမွားပါ ငါသာ သေချာသတိနဲ့နေရင်..." လို့စကားကို ဆုံးအောင်မပြောရသေးခင်မှာ ကျိုးမူပိုင်ရဲ့ရယ်သံရွင်ရွင်လေးဟာ ထွက်လာတော့သည်၊ဘာခံစားချက်မှမရှိသည့်မျက်ဝန်းနက်တစ်စုံဟာ ကျိုးမင်လန်ကို ကြည့်လိုက်ပြီး

"ငါ့ဘေးနားမှာ ရှိနေတဲ့လေကတောင် မင်းကိုလဲကျသွားစေနိုင်တဲ့အထိ အင်အားကြီးစေမယ်မထင်ခဲ့ဘူး အဟက် ငါ့ကိုယ်ငါတောင် ပိုပြီးအထင်ကြီးလာသလိုပဲ" လို့ ပြောလိုက်ပြီးနောက်မှာ ထိုမျက်ဝန်းနက်လေးများဟာ ကျန်းဝူဟွမ်ဆီ ရွေ့သွားပေမယ့် မည်သည့်စကားမှ မဆိုတော့ပဲ လစ်လျူရှုသွားတော့သည်၊

*အဟွန်း*

"ဆောရီး... ယောက်ဖလေးအပြောကို သဘောကျလို့ပါ" ကျန်းထန်းဟွမ်ဟာ တစ်ချက်ရယ်လိုက်ပေမယ့် သူ့ဆီစိုက်ကြည့်လာတဲ့မျက်လုံးနက်လေးတွေကို သေဘာက်တာ အမှန်ပေ၊ထိုနောက် သူဟာ ကျန်းအိမ်သားတွေကို မိသားစုအစည်းအဝေးအခန်းထဲဝင်ခိုင်းလိုက်သည်၊ ရစ်သီရစ်သီလုပ်နေသည့်ကျိုးမင်လန်ကို ကျန်းထန်းဟွမ်ဟာ အထင်သေးစွာစိုက်ကြည့်လိုက်ပြီး

"မင်းက မင်းကိုယ်မင်း ကျန်းအိမ်သားထင်နေတာလား " လို့ ပြောလိုက်တော့ ကျိုးမင်လန်ဟာ ကြောက်လန့်ကာမျက်နှာငယ်လေးဖြင့် ကျန်းထန်းဟွမ်ကို မော့ကြည့်လိုက်တော့တယ်၊

 Arc-3 (The Sorrow)(Completed) Donde viven las historias. Descúbrelo ahora