Arc-3.9

3K 468 8
                                    

Zawgyi

တစ်ဖက်မှာတော့ ကျိုးမူပိုင်ဟာ မျက်မှောင်ကြုတ်ကာ ကားထဲမှာထိုင်နေတော့သည်၊ကျန်းထန်းဟွမ်ဟာ ဘာကြောင့် သူ့ကိုကူညီပေးနေလဲ နားမလည်ပေ၊

"ယောက်ဖလေး ဒီအချိန်လောက်ဆိုရင် ကိုယ့်ညီ ဒေါသထွက်နေလောက်ပြီ"

ကျိုးမူပိုင်ဟာ ကျန်းဝူဟွမ်အကြောင်းကို စိတ်မဝင်စားပေ၊ဒါပေမယ့် မနေ့ညက အဖြစ်အပျက်ကြောင့် သူဟာ ဒေါသထွက်နေတာကြောင့် ကျန်းဝူဟွမ်ကတော့ တစ်ချိန်လုံး သူ့စိတ်ကိုစိုးမိုးနေတော့သည်၊

အဲ့မကောင်းတဲ့ကောင် ဒေါသထွက်ပြီး သေသွားရမှာ၊

"ရှအိမ်တော်ကို ပြန်မှာ သေချာရဲ့လား ယောက်ဖလေး" ကျန်းထန်းဟွမ်ဟာ ကားစတီယာကိုကိုင်ရင်း ဘေးလှည့်ကြည့်ကာမေးလိုကိသည်၊သူ့ဘေးက အမျိုးသားလေးဟာ တည်ငြိမ်နေကာ ခေါင်းညိတ်လာတော့သည်၊

"ရှအိမ်တော်မှာ ကျွန်တော့်ကို စောင့်နေတဲ့သူတွေရှိတယ်"

ရှအိမ်တော်က ကျိုးမင်လန်လက်ထဲရောက်ချိန်မှာ သူ့အဘိုးနဲ့တစ်ခြားရှမိသားစုတွေဟာ အရှင်းခံလိုက်ရပြီး ရှအိမ်တော်မျိုးဆက်ဟာလည်း ဖျက်စီးခံလိုက်ရသည်၊ကျိုးမူပိုင်ဟာ ရှအိမ်တော်ကို တစ်ခါမှအပြစ်မတင်ခဲ့ဖူးပေ၊ပြီးတော့ သူအမေရဲ့ပိုင်ဆိုင်မှုကို တစ်ခြားလူလက်ထဲ မအပ်နိုင်ပေ၊

ဒီတစ်ခေါက်မှာတော့ ကျိုးအိမ်တော်နဲ့ကျိုးမင်လန်ကို နာလန်မထူနိုင်အောင် သူဖျက်စီးပစ်မည်၊

ထိုနောက်မှာတော့ ကျန်းထန်းဟွမ်ရဲ့ကားဟာ ရှခြံတော်ဝန်းထဲကို မောင်းနှင်လာတော့သည်၊ဧည့်သည်လာမည်ဟုသာ သိထားတာကြောင့် ရှအိမ်တော်ရဲ့အကြီးအကဲတစ်ယောက်သာ ထွက်ကြိုသည်ကိုတွေ့လိုက်ရတော့သည်၊

ကျန်းထန်းဟွမ်ဟာ ကားပေါ်ကနေ ဆင်းလိုက်ပြီးနောက်မှာ ကျိုးမူပိုင်ဆင်းရအောင် ကားတံခါးကိုဖွင့်ပေးလိုက်တော့သည်၊ထိုနောက်မှာ ကောင်လေးတစ်ယောက်ဟာ ထွက်လာတော့သည်၊

အကြီးအကဲနဲ့အိမ်တော်ထိန်းဟာ ဧည့်သည်​တော်ကို ကျန်းအိမ်တော်က ပထမသခင်လေးမှန်း သိလိုက်ရတော့ အနည်းငယ်တော့ အံ့အားသင့်သွားတာ အမှန်ပေ၊

 Arc-3 (The Sorrow)(Completed) Where stories live. Discover now