Arc-3.17

2.7K 415 7
                                    

Zawgyi

ကျိုးအမေဟာ သူ့သားဟန်ဆောင်နေသည်ကို သိသည်၊ဒါကြောင့် ကိုယ်ဝန်ကိစ္စကလည်း အစစ်အမှန်မဟုတ်ကြောင်း သဘောပေါက်သွားတော့သည်၊တကယ်လို ကိုယ်ဝန်ကိုစစ်ဆေးခဲ့လို့ မရှိရင် သူမတို့ သွားပြီပဲ၊ဒါကြောင့် သူမဟာ ကျန်းထန်းဟွမ်စကားကို ငြင်းပယ်လိုက်တော့သည်၊

"သခင်လေးကျန်းရဲ့စေတနာကို နားလည်ပေမယ့် ကျွန်မရဲ့ကလေးကို ကျိုးအိမ်တော်ပဲ ပြန်ခေါ်သွားပြီး ဟိုရောက်မှပဲ ကျိုးမိသားဆရာဝန်နဲ့ ပြသပေးပါတော့မယ်...သားလေးရဲ့ကျန်းမာရေးအခြေအနေကိုလည်း ကျန်းအိမ်တော်ကို ပြန်အကြောင်းကြားပေးပါမယ်"

ကျိုးအမေစကားကြောင့် ကျန်းထန်းဟွမ်ဟာ ခပ်သွမ်းသွမ်းရယ်လိုက်ပြီးတော့ ကျိုးအမေကိုကြည့်လိုက်သည်၊

"ကျိုးသခင်မက ကျွန်တော်ပြောတာကို နားမလည်ဘူးထင်တယ်...ကျွန်တော်က သူရဲ့ကျန်းမာရေးကို ပြောနေတာ မဟုတ်ဘူး...သူရဲ့ကိုယ်ဝန်ကို ပြောနေတာ" ကျိုးမင်လန်ဟာ သူ့ကိုအလွတ်ပေးမည့်ပုံမပေါ်တဲ့ကျန်းထန်းဟွမ်ကြောင့် အကြံအိုက်နေတော့သည်၊မေ့လဲချင်ယောင်ဆောင်နေရင်လည်း ကျန်းအိမ်တော်က စစ်ဆေးမေးမြန်တာကို ခံနေရအုံးမယ်၊

ကျိုးမင်လန်ဟာ သူအမေရင်ခွင်ထဲကနေ ထလိုက်ပြီး မျက်ရည်များစီးကျလာတော့သည်၊ထိုနောက်မှာ သူဟာ ကျန်းအိမ်တော်ကလူတွေကို တောင်းပန်စကားဆိုပြီး ဝန်ခံလိုက်တော့သည်၊

"ကိုယ်ဝန်ဆိုတာ...လိမ်လည်ထားတာပါ...အဟင့် ဘာလို့လဲဆိုတော့ ကျန်းအိမ်တော်ရဲ့ဒုတိယသခင်လေးကို သိပ်ချစ်မိသွားတာကြောင့်ပါ...ဒါကြောင့် ကျွန်တော် ကြံမိကြံရာ ကြံစည်မိလိုက်တာပါ...အဟင့်...ကိုကို...ကိုကိုကိုလည်း ကျွန်တော်တောင်းပန်ပါတယ်..." ကျိုးမင်လန်ဟာ လက်ခုပ်ချီပြီး အကြိမ်ကြိမ်တောင်းပန်နေတော့သည်၊ကျိုးမင်လန်ရဲ့လုပ်ရပ်ကြောင့် အခြားသူတွေဟာ ကျိုးမင်လန်ဟာ အချစ်ကြောင့် မိုက်မဲမိသွားတဲ့လူငယ်လေးလို့သာ ထင်မြင်လာတော့သည်၊

ကျိုးမူပိုင်က အလွတ်ပေးရမှာလား၊သူရဲ့ဟန်ဆောင်တောင်းပန်မှုတွေကြားမှာ သူက ကျေအေးပေးရမှာလား၊စိတ်ကူးမယဉ်နဲ့!

 Arc-3 (The Sorrow)(Completed) Where stories live. Discover now