Arc-3.14

2.9K 430 6
                                    

Zawgyi

ကျိုးမူပိုင် သူရဲ့လက်ကိုဆုပ်ကိုင်ထားတဲ့ကျန်းဝူဟွမ်ကို စိတ်ရှုပ်စွာကြည့်နေမိသည်၊ပထမဘဝတုန်းက ကိုယ်ဝန်မရှိခဲ့ဖူးတာကြောင့် ယွီအာအနေနဲ့ ဘာမှတွယ်တာနေစရာမလိုဘူးလို့ထင်မိခဲ့သည်၊အခုတော့ ကျိုးမူပိုင်ပေါ် အားနာစရာတွေဖြစ်လာတော့သည်၊

ယွီအာအမှားကြောင့် ကျိုးမူပိုင်မှာ ကိုယ်ဝန်ရှိနေပြီတဲ့၊ယွီအာ ခံစားနေရသည်၊ဒီခန္ဓာကိုယ်ရဲ့ပျော်ရွှင်မှုကိုပင်၊ဒါပေမယ့် ယွီအာမှ သူတို့ကို အလွယ်တကူ မခွင့်လွှတ်ချင်တာ၊သူတို့ကြောင့် မူပိုင်က အသေအလဲခံခဲ့ရတာလေ၊မူပိုင်ကသာ ခွင့်လွှတ်လိုက်ပေမယ့် ယွီအာကတော့ ခွင့်မလွှတ်နိုင်ပေ၊

ကျိုးမူပိုင် ဗိုက်ပေါ်လက်တင်လိုက်ပြီး စိတ်များတွေဝေနေတော့သည်၊ဘာဆက်လုပ်သင့်လဲ မသိတော့ပေ၊ဒါကြောင့် ကျိုးမူပိုင်ဟာ သက်ပြင်းချလိုက်ပြီး

"ကျွန်တော် အေးဆေးအနားယူချင်တယ်" လို့ပြောလိုက်တော့ ကျန်းဝူဟွမ်ဟာ စိတ်ပူစွာကြည့်လာတော့သည်၊ကျိုးမူပိုင် ကိုယ့်ကိုယ်ကို တစ်ခုခုလုပ်လိုက်မည်ကို ကျန်းဝူဟွမ်ကြောက်လန့်နေမိသည်၊

"မင်းအနားမှာ ကိုယ်နေနေလို့မရဘူးလား..." ကျန်းဝူဟွမ်ရဲ့အသံဟာ စိုးရိမ်မှုလွန်ကဲနေပြီး ခယနေတော့သည်၊ကျန်းဝူဟွမ်ပျော်ရွှင်နေပေမယ့် အပြည့်အဝမပျော်ရွှင်ရဲသေးပေ၊တကယ်လို့ မူပိုင် ကလေးလေးကို မလိုချင်ဘူး ဖျက်ချရအောင်လို့ ပြောလာခဲ့ရင် ကျန်းဝူဟွမ် ဘာဆက်လုပ်ရမလဲ၊

"မင်းကို မကြည့်ချင်ဘူး" ကျိုးမူပိုင်က မျက်နှာလွဲလိုက်ပြီး စိမ်းကားစွာပြောလာတော့သည်၊ဒါဟာ ကျန်းဝူဟွမ်ရင်ကို မြှားပေါင်းများစွာဖြင့် စိုက်ပစ်လိုက်သလိုပင်၊

"ကိုယ်..."

"တောင်းပန်စကားပြောမယ်ဆိုရင် ထွက်သွားပေးပါ... လက်ရှိအခြေအနေကို ငါလက်ခံနိုင်အောင် အချိန်ယူရလိမ့်မယ်" ကျိုးမူပိုင်ပါ အောက်နူတ်ခမ်းကိုဖိကိုက်ပြီး ဒေါသသံမပါအောင်ပြောလိုက်သည်၊ထိုအခါမှာ အကုန်လုံးလည်း ထွက်သွားတော့သည်၊

ကျိုးမူပိုင်ဒေါသထွက်သွားတာက ကျန်းဝူဟွမ်ကြောင့်ဆိုပေမယ့် ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ခွင်လွှတ်လွယ်လွန်းတဲ့ခံစားချက်ကြောင့်ပင်၊

 Arc-3 (The Sorrow)(Completed) Where stories live. Discover now