Who are you-3 (final)

419 46 3
                                    

<unicode>

အေးအေးလူလူသာ နေတတ်တဲ့ Kyungsooက အင်တာနက်ဆိုင်မှာ ဂိမ်းသွားဆော့ဖို့ မဆိုထားဘိ ဖုန်းထဲကဂိမ်းပင် ဆော့သူမဟုတ်သည်က ကျောင်းသားဘဝကတည်းကပင်။

ပျင်းလာရင် နေရာကောင်းကောင်းရှာပြီး စာအုပ်ဖတ်မယ် ဒါမှမဟုတ်ရင် အိပ်ယာပေါ်မှာလဲှဲပြီး သီချင်းနားထောင် နေတတ်မယ်။

အခုတော့ ကျောင်းသားဘဝကပင် ခြေချခဲ့ဖူးခြင်းမရှိတဲ့ အင်တာနက်ဆိုင်ထဲသို့ ခြေချခဲ့ရပြီ။

" ဆရာသဘောမကျတဲ့ ဆူဆူညံ့ညံ​့ နေရာမျိုး မဟုတ်ပါဘူးဗျ။ ကြည့်လေ .. နေရာလေးက အေးအေးဆေးဆေးပဲဟုတ်? "

ဘယ်အချိန်ကတည်းက အလစ်ချောင်းပြီး ဆုပ်ကိုင်ခံလိုက်ရမှန်းမသိတဲ့ Kyungsooလက်ဖဝါးက ဆေးကျောင်းသားJongin၏ လက်ဖဝါးတွေထဲ အံဝင်ခွင်ကျ ချိတ်တွယ်လေလို့။

အကြည့်စူးစူး တစ်ချက်ပေးပြီး ဆောင့်ရုန်းပစ်လိုက်တော​့ ကောင်လေးက ရယ်ကြဲကြဲဖြင့် ဆုပ်ကိုင်ထားတဲ့လက်ကို ဖယ်ပေးလာသည်။

" သွား .. အရှေ့က။ ငါနေရာမသိဘူး ''

" ဟုတ် ''

ကျောင်းကလူတွေပြောတဲ့ Jonginနဲ့ ဟေးမီ ချိန်းတွေ့နေတာ တွေ့တွေ့ရတယ်ဆိုတာ ဒါလား?

ဘေးဘက်ကပ်ရပ် ကွန်ပြူတာခုံမှာ နေရာယူထားကြတဲ့ နှစ်ယောက်သားက အကြိတ်အနှယ် ယှဉ်ပြိုင်နေပါတဲ့ ဂိမ်းပွဲတစ်ခု။

ဂိမ်းကစားတာကို စိတ်မဝင်စားသည့်လူပီပီ အနှီနှစ်ယောက်၏ ဓားခုတ်ခုတ်၊ လှံထိုးထိုး screenပေါ်မှာ တောင်စဉ်ရေမရ ပြေးနေတဲ့ အရုပ်ပိစိလေးတွေကို ဖြတ်ကနဲ လှမ်းကြည့်တာတောင် Kyungsooမှာ အတော် မူးဝေနေပြီ။ မျက်စိအားနည်း၍လည်း ပါပေမပေါ့။

အမည်ခံ ရည်းစားနှစ်ယောက်၏ ပိုက်ဆံကြေး လောင်းကြေးထပ်ပြီး ဆော့နေကြတဲ့ ဂိမ်းပွဲကို Kyungsooက အနောက်က စားပွဲပုလေးမှာ ထိုင်ရင်း စောင့်နေရသည်။

ကျောင်းကလူတွေ ပြောပြောနေတဲ့ အင်တာနက်ဆိုင်နားမှာ ချိန်းတွေ့နေတာ တွေ့ခဲ့တယ်ဆိုတဲ့ စကားရဲ့ နောက်ဆက်တွဲက အင်တာနက်ဆိုင်လာပြီး ပိုက်ဆံကြေး ဂိမ်းလာဆော့တာဟု Kyungsooက ထပ်ဆက်ပေးလိုက်ချင်ရဲ့။

You've reached the end of published parts.

⏰ Last updated: Jan 18, 2022 ⏰

Add this story to your Library to get notified about new parts!

D_reamLan_D &lt;KS short stories&gt;Where stories live. Discover now