IDOL-7

1.6K 249 35
                                    

<zawgyi>

" ချစ်​တယ်​ Jong "

လှည့်​ကြည့်​လာတဲ့ Jonginရဲ့ မျက်​ဝန်းအဓိပ္ပါယ်​တွေထဲမှာ မယုံနိုင်​ခြင်းတွေနောက်​ ရွံရှာခြင်းတွေပါ ကပ်​ညှိလာတော့ သူမရင်​ခွင်​သည်​ တော်​တော်​လေးကို အောင့်​သက်​သွားသည်​ ။

" အစ်​မဘာတွေလာပြောနေတာလဲဗျာ ။ ဟာသတွေလား "

" အစ်​မ ဟာသပြောနေတာ မဟုတ်​ဘူးJong ။ မင်းကိုချစ်​တဲ့အကြောင်း ဖွင့်​ပြောနေတာ "

မချိတင်​ကဲ ရေရွတ်​သံနောက်​မှာ သူမက ဘယ်​တုန်းအခါက ရိုက်​ထားမှန်း မသိတဲ့ သူတို့နှစ်​ယောက်​ အတူရိုက်​ထားတဲ့ ဓာတ်​ပုံနဲ့ အကျပ်​ကိုင်​ခဲ့သည်​ ။

တိတ်​တဆိတ်​နဲ့ သူမချစ်​သူအဖြစ်​ ရှိနေပေးဖို့ ပြောခဲ့သည်​ ။ ၁လပါပဲတဲ့ ။

သူမစိတ်​ကူးထဲမှာတော့ ၁လအတွင်း Jonginကို သူ့ကောင်​လေး လက်​ထဲကနေ လုယူမည်​ဟု ဆုံးဖြတ်​ထားသည်​ ။ ယောက်ျားလေး၂ယောက်​ ဆက်​ဆံရေးသည်​ အဆုံးစွန်​ထိ အတူရှိနိုင်​မည်​ မဟုတ်​ဟု မှတ်​ယူထားသည်​ ။

သူမတိတ်​တခိုး ချစ်​နေရတဲ့ကောင်​လေးကို ပိုင်​ဆိုင်​နိုင်​ဖို့ ဘာပဲဖြစ်​ဖြစ်​ ပေးဆပ်​ရပါစေ အဓိကက ကောင်​လေးသူမဘက်​ ပါလာဖို့ ။

သူမတောင်းဆိုချက်​နဲ့ ဂျပန်​မှာ နှစ်​ယောက်​အတူ လျှောက်​သွားကြဖို့ သဘောတူခဲ့သည်​ ။

" ဓာတ်​ပုံရိုက်​သွားတာလည်း ကျနော်​မသိလိုက်​ဘူး ။ သတင်းတွေပြန့်​နေတာလည်း မန်​နေဂျာက ဖုန်းသိမ်းထားတာနဲ့ မသိလိုက်​တာ ။ သိသိခြင်း Hyungကို ရှင်းပြမလို့ ဖုန်းလှမ်းဆက်​တာ Hyungက အထင်​လွဲနေတယ်​လေ ။ Hyungမယုံသေးရင်​ အစ်​မဟယ်​ရာဆီ ဖုန်းဆက်​ပေးမယ်​ "

သူ စိတ်​ခုသွားမှာကို အရမ်းစိုးရိမ်​နေတဲ့ ကောင်​လေးကို မြင်​ရတာ စိတ်​မသက်​သာလှပေမယ့်​ လွယ်​လွဟ်​ကူကူနဲ့ ခွင့်​လွှတ်​ပေးဖို့ စိတ်​ကူးမရှိ ။

လွယ်​လွယ်​ကူကူနဲ့ ခွင့်​လွှတ်​ပေးလိုက်​ရင်​ အချစ်​တွေဟာ ပေါ့သွားသည်​ဟု မှတ်​ယူထားပါသော်​ကြောင့်​ ။

D_reamLan_D &lt;KS short stories&gt;Where stories live. Discover now