IDOL-1

3.1K 261 8
                                    

<zawgyi>

ချိန်းထားတဲ့ ကော်ဖီဆိုင်ထဲကို ဝင်ဝင်ခြင်း ထောင့်ကျကျနေရာဆီ ဦးတည်လျှောက်သွားသည် ။

စားပွဲတစ်စုံရဲ့ အနောက်တိုင်းမှာ ပန်းချီကားလှလှတွေနဲ့ ကာရံထားတာကြောင့် တစ်ခုံနဲ့တစ်ခုံ ထိုင်နေသူခြင်း မမြင်ရတာကြောင့် ဒီဆိုင်လေးကို ရွေးခဲ့တာဖြစ်သည် ။

ကောင်လေးက သာမန်လူတစ်ယောက် မဟုတ်တာကြောင့် နှစ်ယောက်သား ချိန်းတွေ့တိုင်း ဒီဆိုင်လေးရဲ့ ထောင့်ကျကျ ကွယ်ရာမှာ ချိန်းတွေ့တတ်သည် ။

'' စောင့်ရတာ ကြာသွားပြီလား ''

သူ့ကိုမြင်တော့ ကောင်လေးက ဝမ်းသာအားရနဲ့ လက်ကလေးကို ခပ်ဖွဖွ ဆုပ်ကိုင်လာသည် ။ အနက်ရောင် အုပ်ထုတ်နဲ့ ကွယ်ထားတဲ့ မျက်နှာလေးက နွမ်းနေလိုက်တာ ။

'' အလုပ်တွေ အရမ်းပင်ပန်းတာလား ။ မျက်နှာက နွမ်းလိုက်တာ ''

ကောင်လေးရဲ့ မျက်နှာကို လက်ချောင်းတွေနဲ့ တို့ထိကာ ဆိုလေတော့ နွမ်းနေသည့်ကြားက စွဲမက်ရတဲ့ အပြုံးတွေက ပေါ်ထွက်လာသည် ။

'' comebackအတွက် ပြင်ဆင်နေလို့ပါဗျာ ။ အခု hyungရဲ့ မျက်နှာကို တွေ့ရပြီဆိုတော့ ပင်ပန်းသမျှ အကုန်ပြေသွားပြီ ''

'' လူဆိုးလေး ။ ငါစိတ်ချမ်းသာအောင် ပြောနေတာမလား ။ မင်းမျက်နှာ မြင်ကတည်းက ပင်ပန်းနေမှန်း သိတယ် ''

နှာခေါင်းလေး ရှုံ့ပွရှုံ့ပွ ဖြစ်လာတဲ့ Kyungsooကြောင့် သူ့ရင်ခွင်ထဲကို ဆွဲသွင်းလိုက်သည် ။ အပေါ်ဂျာကင်ကို ရင်ခွင်ထဲက Kyungsooလုံအောင်အထိ ဆွဲဖက်ထားသည် ။

'' ဒီရင်ခွင်ကြီးနဲ့ ဝေးနေတာ ဘယ်လောက်ကြာပြီလဲ ။ နွေးထွေးလိုက်တာ ''

Hyungရယ် ~ ဟုသာ ခပ်တိုးတိုး ရေရွတ်မိတော့တယ် ။ ရင်ခွင်ထဲ ခိုဝင်နေတဲ့ ကိုယ်လုံးလေးကို လွမ်းနေရသမျှ အတိုးချကာ မလွှတ်တမ်း ဖက်ထားတော့သည် ။

တခြားသူတွေမြင်ရင် ပိုလွန်းတယ်ဟု ထင်ချင်ထင်ကြပါလိမ်မြည် ။ အလွမ်းတွေဟာ နေ့စဉ်နေ့တိုင်း ၊ ညစဉ်ညတိုင်း တိုက်စားခံနေရတာကို ကိုယ်တိုင်သာ အသိဆုံးပါ ။

D_reamLan_D &lt;KS short stories&gt;Where stories live. Discover now