<zawgyi>
မနက်စောစော၏ နာရီသတိပေး နှိုးစက်သံကြောင့် အိပ်ယာက လူးလွန့်မိတော့ လက်မောင်းတစ်ဖက်ပေါ်က အလေးချိန်သည် နေရာယူထားလေသည် ။
လက်မောင်းပေါ် ခေါင်းအုံးကာ အိပ်နေသည့် Hyungရဲ့ ဆံပင်တွေအား အသည်းယားစွာ ထိုးဖွမိသည် ။ လက်မောင်းကိုဖိထားလို့ ဆူထွက်နေတဲ့ နှခမ်းလေးက အသည်းယားစရာ ။
၆နာရီကို အနည်းငယ်ကျော်စပြုနေပြီ ဖြစ်တာကြောင့် လက်မောင်းပေါ်က Hyungရဲ့ မျက်နှာလေးကို ကြည့်မဝသေးပေမယ့် ၊ ဒီထက်ပိုပြီး အနားမှာ ရှိနေပေးချင်ပေမယ့်
ကိုယ့်ဘဝကိုယ် ဆုံးဖြတ်ပိုင်ခွင့် မရှိသည့် ကုမ္ပဏီ၏နယ်ရုပ် idolတစ်ယောက် ဖြစ်သည့်အတွက် Hyungကို နှုတ်ဆက်အနမ်းလေးပေးကာ လက်မောင်းပေါ်က ခေါင်းကို ခေါင်းအုံးပေါ် အသာချကာ သူကိုယ်တိုင်ကတော့ အိပ်ယာကနေ ထရတော့သည် ။
ခရစ္စမတ်နေ့လေးမှာ Hyungနဲ့တွေ့ဖို့ရာကို မန်နေဂျာအစ်ကိုဆီ ဒူးထောက်မတတ် တောင်းဆိုခဲ့ရသည် ။
အခြေအနေကို သိနေတဲ့ မန်နေဂျာ အစ်ကိုကလည်း အထက်ကလူတွေ မသိအောင် တစ်ညတာတော့ ခွင့်မပြုချင်ပဲ နားလည်မှုနဲ့ ခွင့်ပြုပေးခဲ့သည် ။
ကြမ်းပြင်ပေါ် ပြန့်ကျဲနေတဲ့ အဝတ်အစားတွေကို ကမန်းကတမ်းကောက်သိမ်းကာ all blackကိုလဲ ၊ maskတပ် ၊ အုပ်ထုတ်ဆောင်း ။
အဝတ်အစား အကုန်လဲပြီးတော့ အခုထိ အိပ်ပျော်နေဆဲ Hyungကို စောင်နဲ့ထုတ်ပေးကာ အခန်းအပူချိန် မြှင့်ပေးခဲ့ပြီး နောက်တစ်ကြိမ် ပါးလေးကို ဖွဖွနမ်းခဲ့သည် ။
" ချစ်တယ် Hyung "
နိုးတဲ့အထိ အတူမရှိပေးနိုင်တဲ့ တောင်းပန်စကားကို စာရွက်မှာရေးကာ အောက်ဆုံး စာကြောင်းမှာတော့ ချစ်တယ်ဆိုတဲ့ စကားလေးကို မမေ့မလျော့ ရေးထားခဲ့သည် ။
အသက်ကြီးလာလို့ အနုပညာအလုပ်တွေ မလုပ်နိုင်တော့တဲ့အချိန်ကြရင်တော့ Hyungအနားမှာ အမြဲတစေ မခွဲမခွာတမ်း နေသွားမှာပါ ။
YOU ARE READING
D_reamLan_D <KS short stories>
Fanfictionဒီစာအုပ်လေးက Kaisoo ဇာတ်လမ်းတိုလေးတွေ စိတ်ကူးပေါက်သလို တင်ပေးသွားမှာပါ 💞 ဒီစာအုပ်လေးက Kaisoo ဇာတ်လမ်းတိုလေးတွေ စိတ်ကူးပေါက်သလို တင်ပေးသွားမှာပါ