IDOL-6

1.5K 245 24
                                    

<zawgyi>

" Kyungsoo .. ဒါက ငါ့ညီတစ်​ဝမ်းကွဲလေ ။ Kim Jonginတဲ့ ။ ငါတို့ထက်​တစ်​နှစ်​ငယ်​တယ်​ "

အလယ်​တန်းမှာ Jongdaeမိတ်​ဆက်​ပေးရာကနေ ကောင်​လေးနဲ့ စတင်​သိခွင့်​ရခဲ့တယ်​ ။

Jonginဆိုတဲ့ကောင်​လေးက သူ့အစ်​ကို မိတ်​ဆက်​ပေးပြီးတဲ့ နောက်​နေ့ကစပြီး နေ့တိုင်းဆိုသလို Kyungsooတို့ အတန်းကို လာစောင့်​တတ်​ပြီး နေ့လည်​စာ အတူစားလေ့ရှိသည်​ ။

သူစားတဲ့ အစားအစားတွေကို အသေးစိတ်​ကအစ ဂရုတစိုက်​ ကြည့်​နေတတ်​သည်​ ။ နေ့လည်​စာ အတူစားတိုင်း ကောင်​လေးရဲ့ လက်​ထဲမှာ စာအုပ်​လေးတစ်​အုပ်​ဟာ အမြဲတမ်း ပါတတ်​သည်​ ။

နေ့လည်​စာ စားကြရင်​တော့ Kyungsooရဲ့ ပန်းကန်​ကိုကြည့်​ကာ စာအုပ်​ထဲ ချရေးတတ်​သည်​ ။ ဘာလုပ်​တာလဲလို့မေးတော့ Hyungကြိုက်​တာ ၊ မကြိုက်​တာတွေ သိချင်​လို့ စာအုပ်​နဲ့ မှတ်​ထားတာတဲ့လေ ။

ခင်​မင်​မှုရဲ့ ၃လကျော်​ ၄လပိုင်းမှာတော့ Kyungsooအပေါ် သိသိသာကို ဂရုစိုက်​ပေးလာသည်​ ။

အတန်းဆင်း နောက်​ကျတဲ့ နေ့တွေဆိုရင်​ ကန်​တင်းမှာ Kyungsoo ကြိုက်​တတ်​တာတွေ ကြိုတင်​မှာပေးထားတာမျိုးပေါ့ ။

စာကြည့်​တိုက်​သွားရင်​လည်း အနောက်​ကနေ တကောက်​ကောက်​ လိုက်​တတ်​သေးတာ ။

စာကြည့်​တိုက်​မှာ ပညာရှာတာတော့မဟုတ်​ စာဖတ်​နေတဲ့ Kyungsoo မျက်​လုံးတွေကို တမေ့တမော ငေးကြည့်​နေတတ်​တာ ။

တစ်​ခါတလေ မိန်းကလေးတွေက ကောင်​လေးကို စကားပြောသလို ၊ လက်​ကိုထိသလို ပြုလုပ်​သည့်​ အမူအရာတွေကို သဝန်​တိုတတ်​လွန်းသည့်​ Kyungsoo အနေနဲ့ နည်းနည်းလေးမှ ကြည့်​လို့မရ ။

အဲ့လိုအခါမျိုးဆို မျက်​နှာပျက်​နေတတ်​သည့်​ Kyungsooရဲ့ အကြည့်​တွေကို ဖတ်​တတ်​လွန်းသည့်​ ကောင်​လေးက နောက်​နေ့ကစပြီး မိန်းကလေးတွေနဲ့ ကင်းကင်းရှင်းရှင်း နေလာတာမျိုးပေါ့ ။

စားမေးပွဲကြီး ဖြေခါနီးမှာ ကောင်​လေးဘက်​က ချစ်​နေပါသည်​ ဆိုသည့်​အကြောင်း ဖွင့်​ပြောခဲ့သည်​ ။

D_reamLan_D &lt;KS short stories&gt;Where stories live. Discover now