ဝင်္ကပါ (မှတ်တမ်း - ၁၃)

3.1K 576 261
                                    

Unicode 📌

အထိတ်အလန့် အော်ဟစ်လိုက်ပြီးကြတဲ့နောက်
နမ်ဂျွန်း ၊ ဆော့ဂျင် နှင့် ဟိုဆော့ သုံးယောက်လုံး တိုင်ပင်မညှိထားရပါဘဲနဲ့ တူညီစွာ ချက်ချင်း ပြုမူလိုက်ကြတာကတော့

လေလိုအလျင် ၊ မြှားတစင်းထက် မြန်သော
အရှိန်ဖြင့် 'ဝှီးကနဲ' ပြေးလွှားလိုက်ကြသည်မှာ
သူတို့သုံးယောက်ရဲ့ ပန်းတိုင်ဖြစ်သော
အခန်းတံခါးဝဆီသို့ ။

®®®® ဝင်္ကပါထဲက သရဲစံအိမ် ®®®®

နမ်ဂျွန်း ၊ ဟိုဆော့ နဲ့ ဆော့ဂျင် သုံးယောက်လုံး တံခါးပေါက်ကနေ ရုန်းရင်းဆန်ခတ် ပြေးထွက်လာပြီးနောက် သုံးယောက်လုံး အခန်းအပြင်ရောက်တယ်ဆိုရင်ပဲ နမ်ဂျွန်း သွက်လက်စွာဖြင့် ဆွဲပိတ်ချလိုက်တဲ့ တံခါးက 'ဂျိန်း' ကနဲ ၊ 'ဟိန်း' ကနဲ ။

မြည်ဟီး သွားတဲ့ အသံနဲ့အတူ မျက်နှာကျက် အပေါ်က သဲမှုန်စတွေပါ 'ဖျောကနဲ' လွင့်စင်ကျလာသည်အထိ နမ်ဂျွန်းရဲ့ အတွင်းအား အစွမ်းက ပြင်းထန်လွန်းလှသည်။

အိုဟောင်းနေပါပြီဆိုတဲ့အိမ် ပြိုကျဖို့ လက်တကမ်းအလိုလောက်သာဟု ဆိုရလောက်သည်။
ထိုသို့ဖြစ်စေဖို့ ပြုလုပ်ခဲ့တဲ့အရာကလဲ လက်မှာဓာတ်ဝင်နေတဲ့ နမ်ဂျွန်းရဲ့ အစွမ်းနဲ့တဲ့လေ ။ သူငယ်ချင်းတွေက ချစ်စနိုးဖြင့် သူ့အား ပေးထားတဲ့ နာမည်ပြောင်နဲ့ လိုက်ဖက်နေလွန်းပြန်တာ မဟုတ်လား။

နမ်ဂျွန်း အပြင်ကနေပဲ တံခါးကို ပိတ်ချလိုက်ပြီး မူလနေရာမှာ အသင့်ရှိနေတဲ့ သော့နဲ့ပါ ပြန်ပြီး ခတ်ပစ်လိုက်မှပဲ စိတ်ထဲမှာ အလုံးကြီး ကျသွားသလိုလို ။ အန္တရာယ်ကောင်ကြီး လိုက်မလာနိုင်တော့ဘူး ဆိုတဲ့အတွေးနဲ့ ။

အထဲကနေလဲ ဘာလှုပ်ရှားသံမှ မကြားရသည်မို့
နားစွင့်နေကြတဲ့ သူတို့ သုံးယောက်လုံး သက်ပြင်းကိုယ်စီ ချလိုက်မိတယ်။

သူတို့ပုံစံက တကယ့်ကို သည်းထိတ်ရင်ဖို။ အရမ်းကို ကြီးမားပြင်းထန်တဲ့ အန္တရာယ်ကနေ လွတ်မြောက်လာတဲ့ အက်ရှင်ဇာတ်ကြမ်းကားတွေထဲက သူရဲကောင်း ဇာတ်လိုက်မင်းသားတွေ လိုလို။

ဟိုဆော့ ဆိုရင် အခုမှ သရဲအား အကောင်လိုက်ကြီး နဖူးတွေ့ဒူးတွေ့ မြင်တွေ့လိုက်ရတော့ ကြောက်အားလန့်အားဖြစ်ကာ တုန်နေတာ မပျောက်သေးပေမဲ့ စိတ်ကိုတင်းထားကြောင်း အံကြိတ်ထားတဲ့ သူ့မျက်နှာသွင်ပြင်က သက်သေခံနေသလို

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Where stories live. Discover now