ဝင်္ကပါ (နိဂုံး - အဆုံး)

3.9K 558 298
                                    


Unicode 📌

"လက်ထဲက လက်နက်ကို ချလိုက်စမ်း"

"မင်းတို့အားလုံးကို ငါတို့ဝိုင်းထားပြီ
ပြေးမလွတ်ပါဘူး"

ဆိုတဲ့ အောင်မြင်လှတဲ့ အသံတခုဟာ
​မြေအောက်ခန်း လှေကား ခြေရင်းလောက်ကနေ
ပေါ်ထွက်လာလေပြီး ထိုအသံပိုင်ရှင်မှာ Ghost House Page Admin ဟု အားလုံးက သိထားခဲ့တဲ့ သူ ဖြစ်နေလေသည်။

အံသြခြင်းတွေသာ
ကိန်းဝပ်ပြီးရင်း
ကိန်းဝပ်တယ်။
မာယာတွေများပြီး
ဝင်္ကပါတစ်ခု
ထွက်ပေါက်ပိတ်တာလဲ
မပြောလေနဲ့။
ဒီဇာတ်လမ်းတစ်ပုဒ်က
အစကထဲက
လျို့ဝှက်ခြင်းတွေသန္ဓေတည်လို့
လွဲမှားခြင်းတွေ အစပျိုးနေခဲ့တာတဲ့လား။

®®®® ဝင်္ကပါထဲကသရဲစံအိမ်®®®®®

Admin ဘိုးတော်ရဲ့ တားမြစ်လိုက်သံထွက်ပေါ်လာပြီး တပြိုင်နက်ပင် စံအိမ်အပြင်ဘက်မှ
အချက်ပေးသံတွေ ဆူညံလျက် ရဲကားများ စံအိမ်ရှေ့သို့ ရောက်ရှိနေလေပြီ ဖြစ်တယ်ဆိုတာကို ကြားသိလိုက်ရတယ်။

နောက်ဆုံးတော့ ဇာတ်လမ်းတစ်ပုဒ်ကို အဆုံးသတ်ပေးမဲ့ သူတွေ ရောက်ရှိလို့လာခဲ့ပြီပေါ့။

သို့ပေမဲ့ ထုံးစံအတိုင်း သူရဲကောင်း နဲ့ လူဆိုးတွေ တိုက်ပွဲဖြစ်အပြီးမှ ရဲတွေ ရောက်ချလာတတ်တာကတော့ ဘာအကျင့်မှန်းမသိ ။

ဆော့ဂျင် ထိုအတွေးကို တွေးဖြစ်အောင် တွေးလိုက်မိသေး၏ ။

ဇာတ်လမ်းတစ်ပုဒ်ရဲ့ ဇာတ်လိုက်အဖြစ် မိမိကိုယ်မိမိ ခံစားမိလိုက်ရင်း မာဖီးယားကောင် လူထွားကြီးရဲ့ သံတုတ်လက်ချက်နဲ့ သူကျောပြင် နာကျင်နေတယ်ဆိုတာကိုတော့ ကျိတ်မှိတ်သည်းခံလိုက်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် သူရဲကောင်းဆန်ဆန် နေရမယ်မလား။

သို့ပေမဲ့ ဇာတ်လမ်းဟာ ထင်ထားသလို လွယ်ကူစွာ အဆုံးမသတ်ခဲ့ ။

ကြက်ကလေး ငှက်ကလေး ဖမ်းသလို "ကွိ ကနဲ" အဖမ်းမခံနိုင်တဲ့ လူဆိုးခေါင်းဆောင်ဟာ
သူ့ရဲ့ မလှမ်းမကမ်းမှာ ရှိနေလေသော ဂျီမင်းအား လှမ်းဆွဲပြီး အနောက်ကနေ ဖမ်းချုပ်လိုက်ကာ
ဂျီမင်းရဲ့ နားထင်တည့်တည့်သို့ သေနတ်ဖြင့် တေ့ကာ ချိန်ထားပြီး ဖြစ်လေတယ်။

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Where stories live. Discover now