ဝင်္ကပါ ( မှတ်တမ်း - ၂)

7.7K 1.2K 1K
                                    

Unicode ‼️

တွေးထင်​ထားတာ​တွေ
ဖြစ်​ပျက်​နိုင်​သလို
မထင်​ထားသည့်​အရာ​တွေလဲ
ကြုံ​တွေ့နိုင်​တာမို့
မျက်​လုံးကိုဖွင့်​
နားကိုသာစွင့်​လို့ထားပါ
အသင်​....။

________•••GHOST HOUSE•••_______

ဟိုဆော့ ကို မဲဆွယ်​ဖြောင်းဖျ ၊​ခြောက်​လှန့်​၊ အနုနည်း အကြမ်းနည်း အစုံသုံးပြီး​နောက်​မှာ​တော့ Ghost House Page Admin အိမ်​ရှိရာသို့ လိုက်​ခဲ့ဖို့ သ​ဘောတူညီမှု ရခဲ့ပြီဆိုတာကို စာဖတ်သူ​အားလုံးသိရှိပြီးခဲ့ပြီ ထင်​ပါသည်​။

ထို့အတွက်​ကြောင့်​ No Money အဖွဲ့ဝင်​ကောင်​လေး ၇​ယောက်​ဟာ အခုဆိုရင်​တော့ Page Admin အိမ်​သို့​ Bus ကားကို တိုးကြိတ်​စီးလျက်​ဖြင့်​သွား​နေကြ​လေပြီ ။

Bus ကား ဆိုသည့်​စကား​ကြောင့်​ စာဖတ်​သူများ မျက်​လုံး မျက်​စံ ပြူးလို့ သွားကြ​လေ​ရော့သလား ။

အဘယ့်​ကြောင့်​ဆို​သော်​

ဟိုဆော့ အိမ်​မက်​အတွင်းတုန်းက​တော့ ဤ ၇​ယောက်​ဟာ Idol​တွေ အရှုံး​ပေးရ​လောက်​အောင်​ စတိုင်​အလန်းဇယား​တွေနဲ့​ဂျောင်​ကွတ်​ကီးရဲ့ ကားနီ​လေးကို ဝိုင်းဝန်း​ချောဆွဲကာ စီးလို့​ကျော့​ကျော့​မော့​မော့ဖြင့်​Page Admin အိမ်​သို့ သွားခဲ့ကြ​တယ်ဟု ပါဝင်လေသည် မဟုတ်ပါလား။

အခုက​တော့ ၇​ယောက်​သား Bus ကားအား
တိုးကြိတ်​စီး​နေရသည်​ဆိုတာက ဘာ့​ကြောင့်​လဲ ?

သိချင်နေကြပြီမလားလေ...။

အမှန်​တကယ်​တော့

ထိုအိမ်​မက်​အ​ကြောင်းအရာကို ဟိုဆော့က အားလုံးသိရှိ​အောင်​အ​သေးစိတ်​ပြန်​ပြောပြထားရာမှ ဘာလုပ်​လုပ်​အိမ်​မက်​ထဲကနဲ့ ကွဲလွဲ​စေဖို့ အတတ်​နိုင်​ဆုံး လုပ်​ကြမည်​ဆိုပြီး ကားနီလေးအစား Bus ကားနဲ့ပဲ သွားကြမယ်​ဟူသည့်​အကြံဥာဏ်​ကို IQ 148 ရှိသည့် နမ်ဂျွန်းက ဆုံးဖြတ်​ပေးခဲ့ခြင်းသာ ဖြစ်​ပါသည်​။

ဦးဆုံးအ​နေနဲ့က​တော့ ကားနီ​လေးနဲ့ Bus ကား ဆို​တော့ အိမ်​မက်​နဲ့ လက်​တွေ့ စတင်​လွဲ​စေခဲ့ပါပြီ ။

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Where stories live. Discover now