ဝင်္ကပါ ( မှတ်တမ်း - ၃ )

8.1K 1.1K 1.5K
                                    

Unicode ‼️

ကွဲလွဲခြင်း​တွေ သ​န္ဓေတည်​လို့
ထိုအရာ​တွေဟာ
အမှန်​တရားလား အမှားလား
မသိ​ပေမဲ့
​နောက်​ဆုံး အဆုံးသတ်​က​တော့
​မှော်​ဆန်​တယ်​။

❀❀❀❀ ၀င်္ကပါထဲက သရဲစံအိမ်​❀❀❀❀

"ဟား ဟား ဟား ဟား "

တဟားဟား​အော်​ဟစ်​ရယ်​ရင်း ထွက်​ပေါ်လာ​သော ရယ်​သံကြီး​ကြောင့်​ No Money ၇​ယောက်​လုံး ထိတ်​ထိတ်​လန့်​လန့်​ဖြင့်​ သရဲများလား ဟူ၍ ထိုအသံလာရာဆီသို့ ပြိုင်​တူ​မော့ကြည့်​လိုက်​မိကြသည်​။

မိမိတို့မှာ အ​မှောင်​ဘက်​ခြမ်း​ရောက်​နေ​ပေမဲ့ အနှီလူသားမှာ အလင်းရှိရာ​နေရာမို့ ထိုလူသား၏ ပုံစံမှာ ထင်းကနဲ ။

သို့​သော်​ထိုသူမှာ မိမိတို့ဘက်လှည့်ကာ ရပ်နေပြီးအလင်းကို​ကျော​ပေးထားသည်​မို့ မျက်​နှာသွင်​ပြင်​ကို​တော့ ရှင်းရှင်းလင်းလင်းမမြင်​ရ။ ခန္ဓာကိုယ်​ပုံပန်းသဏ္ဍာန်​လောက်​ကိုသာ တိကျစွာမြင်​ရခြင်း ဖြစ်​ပေသည်​။

ထိုမြင်​နေရတဲ့ လူသား၏ ပုံသဏ္ဍာန်​ကား ဗလ​တောင့်​တောင့်​အရပ်​ရှည်​ရှည်​ခပ်​ထွားထွားဖြင့်​တကယ့်​ကို သန်​သန်​မာမာ​ယောင်္ကျားသား တစ်​ယောက်​ပုံစံ ။

အသက်​ကလဲ အရမ်းကြီးဟန်​မတူ ၊ အလွန်​ဆုံး ရှိလှ ၄၀​ကျော်​ ၅ နှစ်​အတွင်း​လောက်​သာ ။

ထို့​ကြောင့်​ဟိုဆော့ ​ပြောပြခဲ့သည့်​Admin အဘိုးကြီးရဲ့ ပုံစံနဲ့ ကွဲလွဲ​နေသည်​မို့ အားလုံးမှာ အံသြတကြီး ဖြစ်​သွားခဲ့ရရှာ​တော့သည်​။

ထိုအတူ ပိုမို Shock ဖြစ်​သွားသူက​တော့ ဟိုဆော့ ။ သူ​တွေးထင်​ထား၊ မှတ်​ယူဆထားခဲ့သလို အသက်​၇၀ အရွယ်​နီးပါးရှိသည့်​ ပိန်​ပိန်​သေး​သေး အရပ်​ပုပုကိုမှ​လောင်းကုတ်​ကြီး ဝတ်​ထားသည့်​အဘိုးကြီး မဟုတ်​ခဲ့ခြင်းက အံသြသင့်​မှု အရှိန်​ကို အဆုံးစွန်​ထိ ပို့​ဆောင်​ပေးခဲ့​လေ​တော့သည်​။

"ဒါဆို Admin အဘိုးကြီးက ဟိုဆော့ အိမ်​မက်​ထဲကအတိုင်း မဟုတ်​ခဲ့​လေ​တော့ အခုသွားမဲ့ ခရီးစဉ်​ကလဲ အိမ်​မက်​ အတိုင်း မဖြစ်​နိုင်​တော့ဘူး​ပေါ့ "

ဝင်္ကပါထဲက သရဲစံအိမ် [Completed]Where stories live. Discover now