အပိုင်း ၃

317 14 0
                                    

နယ်မြို့လေးတစ်ခု၏ဆေးရုံ
တစ်ခုတွင်

"သမီး ရေ ညှစ်အား လိုနေသေးတယ်ကွဲ့ ...

ခဏ အသက်ပြင်းပြင်း ရှူမယ် ပြီးရင် သမီး ရှိသမျှ အားကုန်သုံးပြီး သေချာ ညှစ်မယ်နော်...

"..."

သမီး အားမလျော့လိုက်နဲ့နော်.... သမီး အားလျော့လိုက်ရင် ကလေးရော သမီးပါ ဒုက္ခရောက်လိမ့်မယ်...

"...."

ဟုတ်ပြီ ရှူမယ် သမီး အသက်ပြင်းပြင်းရှူ ဟုတ်ပြီ ရှူ ....ရှူ...

"......"
သမီး ကလေးကို ချစ်တယ်ဆို သမီး အားစိုက်ညှစ်ကြည့်မယ်နော်..."။

တော်ပါသေးရဲ့ ရှင်။ တုတု ကြားဖူးတုန်းက OG ဆရာဝန်အချို့နှင့် သူနာပြုဆရာမ အချို့သည် မွေးလူနာများအား စကားကြမ်းကြမ်းများပြောကာ ဆူငေါက်တတ်သည်ဟု။

"ရှင်တို့ တွေ မွေးတော့မှ အသံပြဲကြီးနဲ့ အော်မနေကြနဲ့...

ရှင်တို့ ဟိုကိစ္စတုန်းကလို ငြိမ်ခံကြ..."

"........."

တုတုမယ် မွေးရမယ်ဆိုတုန်းက လန့်နေမိသေးတာ။ အဲ့လိုများ အပြောခံရရင် ဒုက္ခပါပဲ ဆိုပြီး။ အခုကျ တုတု ကို မွေးပေးမည့် ဆရာဝန်မကြီးမှာ မျက်နှာမှာလဲ ပြုံးချိုနေကာ တုတုကိုလဲ သမီး‌ဟုပင် ကြင်ကြင်နာနာသုံးနေသည်လေ။

"သမီး ဘာတွေ အတွေးများနေလဲ... သမီး အသက်ပြင်းပြင်းရှူ နားပြီး အားအကုန်သုံးထပ်ညှစ်ကြည့်ရအောင်နော်...

သမီး အနေအထားက ရိုးရိုး‌ မွေးလို့ရလောက်တယ်..."။

တုတုမှာ ဆရာဝန်မကြီး စကားကို နားထဲ ကြားရင်း တဖက်မှလဲ မမြင်ရသေးသော တုတုရဲ့ရင်သွေး အတွက် တုတု အားတင်းထားမှ ဖြစ်မှာ ဆိုသည့် မိခင် စိတ်ဖြင့် တုတု စိတ်ကို ပြန်တင်းကာ ရတနာမြတ်သုံးပါးနှင့် မိဘဆရာတို့ကို အာရုံပြုလျက် အသက်ပြင်းပြင်းရှုလိုက်မိတယ်။

နောက်ထပ် တခါ ညှစ်ကြည့်ဖို့ တုတုရဲ့ တကိုယ်လုံးက ခွန်အားကို အသုံးပြုကာ ညှစ်ကြည့်မိရင်း တုတု စိတ်ထဲမှလဲ 'ကလေးလေးရေ ထွက်လာခဲ့တော့နော်... မေမေက‌ လေးလေးကို မြင်ချင်လှပြီ..'ဟု ပြော‌လိုက်မိတယ်။

 လောင် (Completed)Où les histoires vivent. Découvrez maintenant