part - 11

240 19 2
                                    

မိ လေ အခုဖြစ်နေသောအဖြစ် အပျက်တို့ သည် အိမ်မက်များလားဟုပင် ထင်နေမိတာပါပဲရှင်။

အကိုနှင့် သမီးလေးဆီက ခွင့်လွှတ်မှု ရဖို့ မမျှော်လင့် ခဲ့ဖူး။ မိကလေ သမီးကို ကိုယ်ဝန်ရှိတုန်းကလဲ သူများ အမေတွေလို ဘာမှ ထူးမပျော်ခဲ့မိ။

အဲ့တုန်းက မိ စိတ်မှာ အကို့ကို မကျေနပ်စိတ်တွေသာ ပြည့်နေခဲ့ပြီး အကို့ကို ဘယ်လို အရွဲ့တိုက်ရမလဲပဲ တနေ့တနေ့ ခေါင်းထဲ ရှိနေခဲ့တာ။

မိ ဘဝကို မတရား သိမ်းပိုက်သော၊ မိနဲ့ ကိုဦးကို ကွဲစေခဲ့သော ဒီလူကြီးကို မိ ခါးခါးသီးသီး မုန်း‌တဲ့ စိတ်ပဲရှိခဲ့တာ။

ဒီကြားထဲ အကို့အိမ်လိုက်နေချိန် စည်းစနစ်ကြီးပြီး မိန်းမပီသကြသော ယောက္ခမနှင့် ယောင်းမ နှစ်ယောက်ရဲ့ တင်းကြပ်သော စည်းကမ်း ချက်တွေကြား မိ မပျော်ရွှင်ခဲ့ရဖူး။

သူတို့မောင် သူတို့သားကျ ချစ်လိုက်တာ တုန်နေပြီး မိကိုကျ မတူမတန်သလို အထင်သေး ဆက်ဆံကြသူတွေမို့ မိရဲ့မဟုတ်မခံ စိတ်နဲ့ ခဏ ခဏ ပြသနာတက်ကြရတယ်။

တစ်အိမ်လုံးရဲ့ အသဲကျော်ဘုရင် အကိုက မိ နဲ့ တွေ့မှ မိကို ခိုင်းသမျှ တွေ ဝင်လုပ်ပေး မိအတွက်ဆို သနပ်ခါးပါသွေးပေး ဆိုတော့ မိကို ယောင်္ကျားနိုင်သူဟု သတ်မှတ်ကာ ပိုမကြည်လင်ကြ။

မိကလဲ ပိုအရွဲ့တိုက်ချင်စိတ်ဖြင့် အကို့ကို ကိုယ်ဝန်အကြောင်းပြကာ အကုန် ဂျီကျ ခိုင်းခဲ့တယ်။

သမီးလေးကို မမွေးခင် 4လ မှာ မိ ယောက္ခထီး‌ ဖေဖေ ဦး‌ နှောက် သွေးကြော ပေါက်ပြီး ဆုံးခဲ့တယ်။ ယောက္ခမ ကြီးလဲ အဲ့မှာစိတ်ဓာတ်ကျသွားတယ် ထင်ပါရဲ့ ရှင်။

နောက် နှစ်လ နေတော့ သူ့ရဲ့ ‌ဆီးချို ကြောင့် ခြေ ထောက်အနာမကျက်တာကနေ အိပ်ရာထဲ လဲ သွားတယ်။ စိတ်ထောင်း ကိုယ်‌ ကြေ ကြောင့် ဖြစ်မလား မသိ ယောက္ခမလဲ သိပ်မကြာခင် ဆုံးသွားတယ်။

မိဟာ သူတို့ ဆုံးသွားတော့ မိ အသိတရားဝင်လာပြီး မိ အရင်လို မဟုတ်ပဲ အေးအေး ဆေးဆေး နေဖြစ်ခဲ့တယ်။

 လောင် (Completed)Where stories live. Discover now