part -18

235 17 0
                                    

ဦးငှက် channelလေး subscribeလုပ်ပေးကြပါရှင့်။

https://youtube.com/playlist?list=PL15qeqPkip1poO3d760rVyvYWTGFo3r5s

"လောင်"
အပိုင်း ၁၈
တုတုဘဝတွင် မေမေနှင့်အတူနေရသော အချိန်နှစ်ပတ်သည် ဘဝတွင် စိတ်အချမ်းသာရဆုံး အချိန်လို့ ပြောနိုင်ပါမည်။ မေမေသည် တုတုနှင့်အတူ‌ နေရချိန်ခဏလေးအတွင်း မှာပင် သူလုပ်ပေးချင်ခဲ့သော မိခင်တစ်ယောက်ရဲ့ နွေးထွေးသော မေတ္တာ ဂရုစိုက်မှုတို့ ဖြင့် အစစအရာရာ အားလုံး လုပ်ပေးသွားပါသည်။ ဖေဖေအပေါ်တွင်လဲ သူတချိန်က မပြုစုခဲ့ရသော ဇနီးမယားတစ်ယောက်ရဲ့ အကြင်နာဖြင့်ပြုစု‌ စောင့် ရှောက် လုပ်ကိုင်ပေးခဲ့သည်။

တုတုတို့သားအဖက မေမေကို နားစေချင်သော်လည်း မေမေကို ပြောမရသော ကြောင့် မေမေစိတ်ချမ်းသာအောင် လွှတ်ပေးထားရသည်။ တုတုရော ဖေဖေပါ ရုံးအလုပ်များကို ယုံကြည်စိတ်ချ ရသူများနဲ့ အပ်ထားကာ အိမ်ကနေပဲ အကုန် စီစဉ်ညွှန်ကြား ဖြစ်ကြသည်။

မေမေ နှစ်ပတ်ပြည့်သည့်နေ့တွင် ဆေးရုံသို့ ပြန်ပြပြီး ကင်ဆာဆေးသွင်းခြင်းနှင့် ဓာတ်ရောင် ခြည်ကုထုံးကို ကုသမှူခံခဲ့ပါသည်။ မေမေသည် ထိုကုသမှုများခံယူပြီးတိုင်း ပျို့အန်ပြီး  အစား လုံးဝ မဝင်လူလဲ ပျော့ကျသွားကာ လုံးဝ ငြိမ်ငြိမ်‌ လေးသာ နေနိုင်ပါသည်။ဘာလို့ဆို နဲနဲလေးလှုပ်တာနဲ့ အရမ်းမောနေကာ
အရေပြားတွင်လဲ အနီစက်များ ဖြစ်လာပြီး လူသည်လဲ အရိုးပေါ် အရေတင် လေးသာ ရှိတော့ပါသည်။ တုတုတို့သားအဖ သည် မေမေ့ ရှေ့တွင် သာ ဟန်မပျက် ပြုံးပြနေရပေမယ့် ကွယ်ရာတွင် ကြိတ်ငို နေရသည်မှာ အကြိမ်ကြိမ်။ သို့သော် မေမေသည် ကင်ဆာဆိုတဲ့ရောဂါ ဆိုးကို  ပြုံးပြုံးလေးဖြင့် သီးခံနေခဲ့ကာ အချိန်ရတိုင်း တရားနာလိုက် ဝေဒနာရဲ့ ဖောက်ပြန်မှုကို ကြိုးစားရှုမှတ်လိုက်ဖြင့် ၅လသာ ကျော်ဖြတ်နိုင်ပါသည်။ ငါးလ ကြာပြီးတဲ့နောက်မှာ မေမေ့ အခြေအနေ သည် သိသိသာသာ ခံနိုင်ရည်အားပိုကျလာကာ အခြေအနေမှာ  နောက်ဆုံး အခြေအနေသို့ ရောက်‌ နေပြီဖြစ်သည်။ မေမေ့ကိုကြည့်ပြီး ဖေဖေပါ လဲမှာ ဆိုးသောကြောင့် တုတုသည် သားသားကိုပင် ကြီးလုံး၊ ဒေါ်ဒေါ်ကြီးတို့နဲ့ ပစ်ထားကာ အ‌ ဖေ နှင့် အမေကြား အပူသောက ပေါင်းစုံ နေလျက်က မာန်တင်းရင်း ပြုစု ပေးနေရပါသည်။ မေမေသည် တုတုတို့ကသာ ဆေးရုံ နေ့တိုင်းသွား အရိပ်တကြည့်ကြည့် ကြည့်ပေး နေသော်လည်း မေမေသည်
နေ့တိုင်း မလာဖို့ ပြောကာ သူ့ရောဂါ ဝေဒနာကို သူ သီးခံကာ အမြဲ နေလို့ကောင်းတယ်ချည်းပဲ ပြောသူပါ။

 လောင် (Completed)Where stories live. Discover now