Part 10

56 0 0
                                    

"လောင်"အပိုင်း ၁၀ကျုပ် သမီးဘေးက အမျိုးသမီးမျက်နှာကို မြင်လိုက်ရချိန်မှာ ကျုပ်ရင်ခုန်နှုန်း‌ တွေ ပိုမြန်လာတယ်။ရင်ဘတ်ထဲက ဝုန်းဒိုင်းကြဲ ခုန်ပေါက်နေမှုကို အပြင်ဖက်က တင်းမာခက်ထန်ပုံဖြင့် ဟန်ဆောင်ထိန်းထားရတာ အတော်မလွယ်‌တာပဲ။မိဟာ ကျုပ်ကိုလဲ မြင်ရော ထိတ်လန့်ကာ မျက်နှာငယ်လေးဖြင့် ခေါင်းကြီးငုံထားသည်မှာ ပြန်မော့မလာတော့။ အခြေအနေကို ဝင်ထိန်းလိုက်တာက ကျုပ်သမီး။" မိမိုး ညီမလေးရေ ခဏလာဦး... ဦးစိုး ဖေဖေ့ကို တွဲပြီး အိမ်ထဲ ခေါ်လာပေးပါနော်... တုတု မေမေ့ကို တွဲမလို့...."။ဪ သမီးက မေမေလို့တောင် မိ ကို ခေါ်နေပြီဆိုတော့ သားအမိချင်း ပြေလည် နေပြီပဲ။ကျုပ်လဲ ဟန်လုပ် ဒေါသထွက်ကာ"ဘယ်သူက နင့် အမေလဲ... တုတု နင့်မှာ အဖေပဲ ရှိတာလေ...ဟင်.. နင်မေ့သွားပြီလား...ဘယ်သူကများ ကိုယ့်သမီးလေးကို ရက်ရက် စက်စက် ထားသွားခဲ့တာလဲ.."။ကျုပ်ရဲ့ ဟန်လုပ်ဒေါသ အဆုံးမှာ မိ မနေသာတော့သည်ထင် မြေကြီးပေါ် ဒူးထောက် ထိုင်ချကာ လက်အုပ်ချီ လိုက်တော့ ကျုပ်လဲ ဘာလုပ်ရမည်မသိတော့။ကျုပ်ရဲ့ တပည့်ကျော်မောင်စိုးက ကျုပ်အဖြစ်ကို သိသည့်အလား"အကို ရာ စောဏက ကားပေါ်မှာတုန်းကကျ အကုန်ငါ့အမှားတွေ လို့ အကိုပဲ ပြောခဲ့ပြီး... မမမိ ထပါ ဗျာ... သူများတွေ ကြည့်ကုန်ကြပြီ...သမီးတုတု မေမေ့ကို ထူလိုက် မြန်မြန်..လာပါ အကိုရာ အိမ်ထဲ ဝင်ရအောင်.."။ကျုပ်လဲ အစောကတည်းက ဝင်မလို့ပါပဲ။ မောင်စိုးခေါ်တော့လဲ အင်တင်တင်မျက်နှာဖြင့် လိုက်သွားရတာပေါ့။အိမ်ထဲလဲ ရောက်ရောကျုပ်မြေးလေးကလဲ"ဖိုးဖိုးကြီး လာပြီ... ဖိုးဖိုးကြီးလာပြီ...ဟာ ဟိုဖွားဖွားကြီးကရော ဘီတူလဲ... ဖိုးဖိုးကြီးတူငယ်ဂျင်းလား..."။ကျုပ်မှာ မြေး လေး စကားကြောင့် ရီချင်စိတ်ကို ထိန်းထားနေရင်းမြေးပါးကို နမ်းလိုက်မိပါသည်။ထိုအချိန်မှာ ဘယ်အချိန်ကတည်းက ပြောချင်နေမှန်းမသိသော သမီးက"‌ ဖေဖေ တို့များ တတ်လဲ တတ်နိုင်တယ်နော်... သမီးတုန်းက တခါမှ မနမ်းခဲသမျှ သူ့မြေးကျ ချစ်မဝနေတာ... ဒါနဲ့ ဖေ ဖေက အမြဲ ဒီလာနေတာလား...သားသား ကြည့် မေမေကို မပြောဖူး‌ နော်... ဖေဖေသားကို ဘာနဲ့ မပြောအောင် တားထားတာလဲ... တော်ပါပြီ မေမေ့ကို ဘယ်သူကမှ မချစ်ကြဖူးဆိုတော့ ဝမ်းနဲ သွားပြီ ဟင့် ဟင့်..."။မြေးလေးက သူ့အမေ တကယ်ငိုသွားတယ်ထင်ကာ အတင်းသူ့အမေကို ဆွဲဖက်ပြီး"မေ သားကို ချစ်နော်... မေငိုနဲ့ တိတ်... တိတ်.. ဖိုးဖိုးကြီး ပေးတဲ့ ကားလဲ ယူ တော့ ဝူး... မေမေငိုတော့နဲ့နော်.... သား မေ ငိုနေပြီ ... ဖွားလုံးရေ သားမေ ကို ငိုနဲ့လို့... ဟီး.. ဟီး..."။တုတု‌ လေ သားရဲ့ အမေကို ချစ်စိတ် ကာကွယ်ပေးချင်စိတ်ကို မြင်ရတော့ ရင်ထဲ ပြောမပြတတ်အောင် ကြည်နူးမိကာ သားမျက်ရည်တွေကို သုတ်ပေးမိရင်းသားကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်မိသည်။မိ လေ သမီးနဲ့ မြေးလေးရဲ့ ချစ်ခြင်းကို မြင်ရတဲ့အခါ မိ သမီးလေး ငယ်ငယ်က အကြောင်းကို ပြန်သတိရမိကာ မျက်ရည်တသွင်သွင် စီးကျနေမိသည်။ကျုပ်မှာ သမီးနဲ့ မြေး‌ ကြောင့် ပြုံးနေမိရင်း အမှတ်မထင် မိ ဖက် ကြည့်လိုက်မိရာ အို အိုး မိ ငိုနေတာပါ့လား။ အသည်းမာတဲ့ မိစိမ်းကားမကြီး မိ ငိုနေတာတဲ့လားလေ။မိလဲ ကျုပ်ကြည့်တာကို သိသွားကာ ကျုပ်ထိုင်နေသည့်နေရာနား လျှောက်လာကာ ကြမ်းပြင်မှာ ပုဆစ်တုပ်ထိုင်လိုက်ကာ ကျုပ် ခြေထောက်ကိုထိပြီး လက်အုပ်ချီ ထိုင်ကန်တော့ရှာတယ်။ မိ ငိုရှိုက်နေရင်းက"အကို မိကို ခွင့်မလွှတ်ပါနဲ့နော်... မိ အကို့ အပေါ် ဇနီးမယားတာဝန် မကျေပွန်ခဲ့ပါဖူး... အကို့ကိုလဲ မိ ဂရုမစိုက် မလေးမစား ဆက်ဆံ ပြောခဲ့မိတာတွေကို မိ နောက်ကျမှ နားလည်မိလို့ မိ တောင်းပန်ကန်‌ တော့ပါရစေ..."။တုတုသည် ဖေဖေနဲ့မေမေကို ဝမ်းသာကြည်နူးစွာ ငေးကြည့် မိနေတုန်း သားသည် သနားကြင်နာတတ်သည့် ကလေးပီပီ သူ့အဖွားပါးပေါ် မှ မျက်ရည်တွေကို သူ့လက်‌ သေးသေးဖြင့်သွား သုတ်ပေးကာ သူ့ဖိုးဖိုးကိုလဲ"ဖိုးဖိုးကြီး ဒီဖွားဖွားကို ငိုနဲ့ ပြော‌လိုက်... ဖိုးဖိုးကြီး ဖွားဖွားကြီးမျက်ရည်‌ တွေ ကူသုတ်ပေး ..."။သားသည် ဖေဖေ့လက်ကို ပြောပြောဆိုဆို ဆွဲယူကာ မေမေပါးပေါ် တင်ပေးလိုက်တာမို့ ဦးစိုးသည် မနေနိုင်‌ တော့စွာ"အေး တုနှိုင်းခ ရေ မင်းကတော့ ငယ်ငယ်လေးနဲ့ ပေါင်းစည်းရေးတွေ လုပ်နေတော့တာပဲနော်... မင်းက မြှားနတ်မောင်လားကွ..."။သားသည် ဦးစိုးစကားကို စိတ်ဝင်စားသွားပုံရကာ ဦးစိုး ကိုယ်ပေါ် ပြေးတက်ပြီး"ဦးဦး ... မြှားနတ်မောင် က နီရောင် ဝတ်တာလား ပြာရောင်ဝတ်တာလား... သားသားက ပါဝါရိန်းဂျားပဲ သိတာ... သားကို အဲ့ အရုပ် ဝယ်ပေးနော်... မြှားနတ်မောင် ရုပ် ဝယ်ပေး..."။ဦးစိုးမှာ သားအ‌ မေးကို ဘယ်လို ဖြေရမှန်း မသိဖြစ်နေကာ တုတုကို စစ်ကူတောင်းတော့သည်။ဖေဖေနှင့် မေမေတို့ နှစ်ကိုယ်ကြားစကားပြော ရရအောင် တုတု အားလုံးကို နောက်ဖေးအတင်းခေါ်ခဲ့လိုက်ပါသည်။ဖေဖေနှင့် မေမေ ဧည့်ခန်းတွင် ကျန်ခဲ့ကာ တုတုလဲ နောက်ဖေးတံခါး ထပိတ်လိုက်တော့ သားသားက"သားမေ ဖိုးဖိုးကြီးနဲ့ ဖွားဖွားကြီးကျန်ခဲ့ပြီလေ... ခေါ်ဦး လေ... သားမေက ဖိုးဖိုးကြီးနဲ့ ခေါ်သေးဝူးလားဟင်.."။တုတုမှာ သားကို စချင်မိလို့"သားသား ဖိုးဖိုးကြီးကို မေမေက တစ်ယောက်တည်း ဖြစ်နေမှာစိုးလို့ ဖွားဖွားကြီးနဲ့ ထားခဲ့တာ... သားဖိုးဖိုးကြီးက ဖွားဖွားကြီးကို ချစ်လို့ နေခဲ့တာလေ သားရဲ့ ..."။သားသားက ဘယ်လို နားလည် သွားလဲ မသိပေမယ့် သဘောတကျလက်ခုပ်ထတီးကာ"‌‌ ဟေး...သား ဖိုးဖိုးကြီးမှာ ဖွားဖွားကြီးရှိတော့မှာ... ဟေး.. ဟေး..."။ကျုပ်လေ အခုချိန်အထိ မိပါး‌ ပေါ်က ကျုပ်လက်ကို မဖယ်ပေးမိသေးသလို မိမျက်နှာကို စိုက်ကြည့်နေမိတာ နောက်ဖေးမှ မြေး အော်သံကြားမှ ကျုပ် ရှက်ရီရီမိတော့သည်။မိက တော့ လိုက်မရီနိုင်ပဲ ကျုပ်ကိုသာ မျက်နှာငယ်လေးဖြင့် မော့ကြည့် နေကာ ကျုပ်ပြန်ကြည့်လိုက်တော့လဲ သူ ကြောက်ပြီး ပြန်မျက်လွှာချထားရှာသည်။ကျုပ်မလဲ အဖိုးကြီး ဖြစ်တဲ့အချိန်အထိ ဒီမိန်းမကိုရင်ခုန် နေမိတုန်း။ကျုပ်ရဲ့ငယ်ငယ်က ဇ တွေ ပျောက်ပြီး အခုမှ ဒီအဖွားကြီးကိုမထိရဲ မကိုင်ရဲ ဖြစ်နေတဲ့ ကျုပ်လို အဖိုးကြီးအဖြစ်က အတော်ရီစရာ ကောင်းနေမလားပဲ။အို ကျုပ်တစ်ယောက် တည်း ပြောင်းလဲ သွားတာ‌‌ တော့ မဟုတ်ဖူး။ မိ လဲ ဘာထူးလဲ။အရင်က ကျုပ်ကိုဆို အမြဲ ရန်စောင် ကန့်လန့်တိုက်ချင်‌‌ နေသော မာန်အပြည့်နဲ့ မိန်းမဟာ အခုများကျ အရာရာကို ကြောက်လန့်စိုးထိတ်နေတဲ့ မိ ဟာ ဆယ်ခြောက်နှစ်အပျိုဖြန်းမလေးပမာ။ကျုပ်လက်‌ တွေကလဲ ကြိုးတုပ်ခံထားရသည့်အလား တုတ်တုတ်မျှ မလှုပ် သူမ ပါးပြင်ပေါ် ဒီအတိုင်းရှိ‌နေကာ မိ သည်လဲ ပန်းပုထုထားသည့်အတိုင်းကြမ်းပြင်မှာ ကျုံ့ကျုံ့လေးထိုင်ခေါင်းငုံနေရှာသည်လေ။တုတုသည် ဧည့်ခန်းမှ ဖေဖေနှင့် မေ မေ အဖြစ်ကို စပ်စု သိချင်သည်မို့ သားကို ချီလျက် တံခါးကို အသာလေး ဖွင့်ရင်း ချောင်းကြည့်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ရီရမလိုငိုရမလိုဖြစ်သွားတယ်။ သားကို လက်ဖြင့်ရှူးတိုးတိုး ပုံ လုပ်ပြကာ သား နားနားကပ်ကာ"သားသား မေမေ ဖိုးဖိုးကြီးတို့ ရှက်ပြီးငြိမ်‌ နေလို့ မေမေ သွား ကြည့်လိုက်ဦးမယ်သားသားက ဦးစိုးနဲ့ အဖော်ရအောင် သွား ဆော့လိုက်ဦး‌ နော်..."။သားသားမှာ ယောင်္ကျားလေး ကစားဖော် မရှိတာမို့ ဦးစိုးနဲ့ ဆော့ခိုင်းလိုက်တော့ချက်ချင်းပင် ဦးစိုးဆီ ပြေး သွားတော့သည်။ တုတုလဲ တံခါးဖွင့် ဧည့်ခန်းထွက်လာပြီး"ဟင် မေမေကလဲအခုထိ အောက်မှာထိုင်ပြီး တောင်းပန်နေတုန်းလား...ဖေဖေလိုချင်တာ အဲ့ဒါ မဟုတ်လောက်ဖူးလေ မေမေရဲ့... ကိုကိုဆိုပြီး ပါးလေး အာဘွားပေး တာ လိုချင်မှာ.. မေမေ ထ ထ ...အင်း... ကလေးတွေနဲ့တော့ ခက်လိုက်တာနော်... တုတု ဒါရိုက်တာ ဝင်လုပ်မှ ပဲ ဖြစ်တော့မယ်...တုတုက အခု ဖေဖေနဲ့ မေမေရဲ့ တစ်ဦးတည်းသော သမီးလေးဆိုတော့ တုတုကလေးလုပ်တော့မယ်...တုတုကအလယ်မှာထိုင်မယ်... ဖေဖေက ညာဖက်ကနေ တုတုပါးကို နမ်း... မေမေက ဘယ်ဖက်ကနေ တုတုပါးကို နမ်း..."။တုတု ဖေဖေ့ ကိုကျ ငယ်ကြောက်မို့ ဘာမှ မပြောရဲလို့ မေမေ့ကိုပဲနိုင်စားကာ အတင်းဆွဲထူ ပြီး တုတု ဘယ်ဖက်မှာထိုင်ခိုင်းကာ တုတုကိုနမ်းခိုင်းနေမိသည်။မေမေက ရှက်သွားပုံဖြင့် မျက်နှာလေးရဲတက်နေကာ ဖေဖေမျက်နှာကျ အတင်းကြီး မှုန်ကုပ်သည့်ပုံလုပ်ထားသည်မို့ တုတု အလယ်မှ နေ၍ ဖေဖေနှင့် မေမေကို သိုင်းဖက်ကာ တုတုကို အတင်းနမ်းခိုင်းနေမိသည်။တုတုကသာ နမ်းခိုင်းနေတာ နှစ်ယောက်လုံးက‌ ကျောက် ရုပ်များပမာ ဖြစ်နေလို့ ဘာဆက်လုပ်ရမလဲ တွေးနေစဉ်"သား‌ မေ သားမေ သားသားလဲ မေ့ကို နမ်းမယ်... သားသားကို ခေါ် ခေါ် ..."။တုတုရဲ့ ကိုတတ်ပလူလည်လေး ဧည့်ခန်းထဲ ပြေးဝင်လာပါ‌ တော့သည်။သားသားသည် အတင်း တုတု ပေါင်ပေါ် တက်ထိုင်ကာ တုတုပါးကို နေရာအနှံ့ လိုက်နမ်းနေပါသည်။ထိုအခါမှပင်ဘေးက ဖေဖေတို့ နှစ်ယောက် ဆီမှ ရီသံထွက်လာပါတော့သည်။ တုတုလဲ အကြံ တခုရမိကာ သားသားကို"သားသား ဖိုးဖိုးကြီးနဲ့ ဖွားဖွားကြီးကို သားသားကို နမ်းခိုင်း... မနမ်းရင် သားသား မခေါ်ရဖူးနော်... မေမေ့စကား နားထောင်မှာမလား..."။သားသားက ခေါင်း ငြိမ့်ပြကာသူ့အဖိုးအဖွားတွေကို သူ့ကို အတင်း နမ်းခိုင်းပါတော့သည်။မြေးချစ် ဖေဖေသည် သမီးစကားကျ လက်မခံပဲ မြေးစကားကျ ချက်ချင်း နားထောင်ကာ သူ့မြေးကို အတင်းနမ်း တော့သည်။မေမေကတော့ ငြိမ်ကြည့်နေပြီးမှ တုတုက မေ‌‌မေကိုပါ အတင်းဆွဲဖက် နမ်းခိုင်းမှ ဖေဖေ့အတိုင်းလိုက်နမ်း တော့တာ။တုတုသည် လူလည်ကျစွာ သားသား ခေါင်းကို ဖယ်ပေးလိုက်‌ တော့ မေမေ့အနမ်းတပွင့်သည် ဖေဖေ့ပါးပေါ် ကျ ရောက်သွား‌ တော့သည်။ဖေဖေနှင့် မေမေတို့အတွက်ဦးစိုင်းထီးဆိုင်ရဲ့ အချစ်အတွက် တဖန် မွေးဖွားခဲ့ပြီ ဆိုတဲ့ သီချင်းအတိုင်း ဖြစ်နေမလားပဲ။သားသား ဆီမှ ဟေး ခနဲ ထအော် ပျော်သည့်အသံထွက်လာပြီး ဖေဖေသည်လဲရှက်ကိုးရှက်ကန်းဟန်ဖြင့် နောက်ဖေး ထသွားတော့သည်။မေမေကလဲ တုတု ခေါင်းကိုဆွဲလာရမ်းကာ မျက်စောင်းတွေ ထိုးနေပါသည်။

 လောင် (Completed)Where stories live. Discover now