အပိုင်း-၄

284 15 0
                                    

ကျမဆိုတဲ့ ‌မြိုင်ထိပ်ထား ဟာ ကျမ ယူထားတဲ့ ယောင်္ကျားစိတ်ကို သူ့အမေပြီးရင် ကျမလောက် သိသူမရှိဖူးလို့ ပြောရဲတယ်။
( ကိုယ့်ကိုယ်ကိုယ် မြိုင်ဟု ပြောတတ်တာပါ။ Nickname သဘောပါ။ အပြင်လူများက ထား ဟုခေါ်ကြပါတယ်။)

မောင်နဲ့ကျမတို့ရဲ့ အိမ်ထောင်ရေးသက်တမ်း ၁၃နှစ် ရောက်တဲ့အထိ တခါမှ စကားများဖူးတာ မရှိသလောက်ပဲ။

မောင့်ကို ကလေးတစ်ယောက်လို အရိပ်တကြည့်ကြည့် ပါရမီ ဖြည့်ပေးခဲ့တဲ့ ဇနီးမယားတစ်ယောက်မို့ မောင်မျက်နှာကို ကျမ ကောင်းစွာ အကဲခတ်နိုင်တယ်။

မောင့်ရဲ့ အသုံးအဆောင်အားလုံး ရော မောင့် ကိစ္စ မှန်သမျှ အကုန်လုံး သိခဲ့ရသူ။

မောင့်ရဲ့ ကိုယ်ကျင့်တရားကိုလဲ ကျမ ယုံကြည်ခဲ့လို့ မောင့်ကို ဒီနှစ်နှစ်အတွင်း ကျမ လွှတ်ထားပေးမိပြီး ကျမ စီးပွားရေးကို အာရုံစိုက်နေမိတယ်။

ကျမ မောင့်ကို စသံသယဝင်မိစေတာက မောင် တစ်နေ့ ရုံးက အပြန် တခုခုကို လုံးဝ မ‌ကျေမနပ် ဖြစ်နေပုံရကာ မောင် ရေချိုးခန်းထဲမှာ သူ့လက်ကို နံရံနဲ့ ထိုးခဲ့တယ် ထင်ပါ့။

လက်မှာ သွေးတွေ စီးကျနေတာ တောင် မောင် နာကျင်ပုံမရပဲ ထွက်လာတာ တွေ့လိုက်ရတယ်။

မောင် တစ်ယောက်ယောက်ကို ဖုန်း ပြောတာဖြစ်ပုံရပြီး ပြန်ထွက်လာချိန် မောင့်မျက်နှာဟာ စောဏက လူ မဟုတ်တော့တဲ့အတိုင်း ပြုံးရွှင်နေကာ လေ‌ချွန်သံလေးနဲ့ မျက်နှာက မှိုရထားတဲ့အတိုင်း။

ကျမ မသိမသာ မောင့်ကို အကဲစမ်းဖို့ မောင့်အနားသွားလိုက်ကာ

"အမယ် ဒီနေ့ မောင့်မျက်နှာက ပိုပျော်နေသလိုပဲ...

မောင့်မှာ ဝမ်းသာရမယ့် ကိစ္စ ထူးရှိလို့လား...
မောင် ဘာတွေ မြိုင် မသိအောင် လုပ်ထားတာရှိလဲ..."။

မောင့်ဟာ ကျမ စကားကြောင့် ပြုံးနေတာ ရပ်သွားကာ မလုံမလဲ ရှက်ကိုး ရှက်ကန်းဟန်ဖြင့်

"မရှိပါဖူး မြိုင်ရဲ့... မောင့်မျက်နှာက ဘာဖြစ်နေလို့လဲ..."။

မောင်သည် သူ့မျက်နှာကို သူ့လက်ဖြင့် ပြန်စမ်းကြည့်ရင်း ပြန်မေးလိုက်တာမို့

 လောင် (Completed)Where stories live. Discover now