《 Our Dawn 》

254 31 21
                                    

[Unicode]

Friendly Reminder : ဒီဟာက Rush back to the Dawn ရဲ့ afterlife ဖြစ်လို့ ရှေ့တစ်ခုကို မဖတ်ရသေးဘဲ ကျော်မဖတ်ပါနဲ့။

ဒီနေ့က B တက္ကသိုလ်ရဲ့ open campus နေ့။

စိတ်လှုပ်ရှားတက်ကြွနေတဲ့ တခြားကျောင်းသားတွေလိုပဲ ဖေးယွီလည်း ပတ်ဝန်းကျင်ကို စူးစမ်းရင်းနဲ့ လမ်းပြနေတဲ့ စီနီယာအစ်မရဲ့ နောက်ကနေ လိုက်လာခဲ့တယ်။ ဒါပေမဲ့လို့ သူက တခြားကျောင်းသားတွေလောက်တော့ စိတ်လှုပ်ရှားမနေပါဘူး။ သူ့အစ်ကိုကလည်း B တက္ကသိုလ်ကနေ ဘွဲ့ရတာမို့ ဒီအတောအတွင်း ချောင်းပေါက်မတတ် ရောက်ဖူးပြီးသား။ ဒီနေ့ open campus ကို လာတယ်ဆိုတာကလည်း ဒီတိုင်း အပျင်းပြေရုံ သက်သက်ပဲ။

ကျောင်းသားအုပ်ရဲ့ နောက်ဆုံးကနေ လျှောက်လာရင်းနဲ့ နည်းနည်း ပျင်းလာတော့ ဖုန်းကို ထုတ်ပြီး သူရယ်၊ ရှောင်ဝေးရယ်၊ ရှောင်ချန်းရယ် သုံးယောက်ပဲ ရှိတဲ့ we chat ဂရုထဲ စာပို့လိုက်တယ်။

ချန်ကော : ခုထိ သေနေကြတုန်းလား ?

ကျုံးချန်ဝေးနဲ့ ရှဲ့ချီချန်း .. အဲဒီနှစ်ကောင်က ပိစိပေါက်စ အရွယ်တည်းက ဖေးယွီနဲ့ သိခဲ့တဲ့ သူငယ်ချင်းတွေ။ သူတို့သုံးယောက်လုံးက B တက္ကသိုလ်၊ စီးပွါးစီမံဌာနမှာ လျှောက်ဖို့ ရွေးထားကြတာပေမဲ့ ဟိုနှစ်ကောင်က အပျင်းထူနေပြီး open campus ကိုတောင် မလာကြဘူးလေ။ အခုတော့ သူ့မှာ တစ်ယောက်တည်း ပျင်းခြောက်ခြောက်ကြီးနဲ့။

ခဏကြာတော့ ဂရုထဲက သူ့မက်ဆေ့ချ်ကို စာပြန်လာကြတယ်။

ရှောင်ဝေး : ရောက်ပြီလား ချန်ကော ?

ရှောင်းချန်း : ဓာတ်ပုံရိုက်ပြဦး ဘယ်နေရာ အလှဆုံးလဲ ?

ဖေးယွီ နှာခေါင်းရှုံ့ပြီး စာပြန်ပို့လိုက်တယ်။

ချန်ကော : ရောက်နေပြီ ဘယ်နေရာ လှမလှ သိချင်ရင် ကိုယ့်ဘာသာ အင်တာနက်မှာ ရိုက်ရှာ!

ရှောင်းချန်းက ချက်ချင်းပဲ ထပ်စာပြန်လာတယ်။

ရှောင်ချန်း : ကောင်မလေးတွေရော လှလား

Miracle || OneShotsWhere stories live. Discover now